Breaking News

ဝင်းမြင့် - လက်ဆောင်

လက်ဆောင်
ဝင်းမြင့်
(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၂၃

ပိတ်ထားတဲ့ အခန်းသော့က
မင်းဆီမှာ ။

ဖွင့်ထားတဲ့ ပြတင်းက
မင်းဆီမှာ ။

စားပွဲပေါ်က စာအိတ်က
မင်းလိပ်စာ ။

ပန်းအိုးထဲက
ဒေလီယာပန်းတွေက
မင်းကိုစောင့်နေတာ ။

လမ်းကလေးက
မင်းအမည် ။

ဒီလပြည့်နေ့က
မင်းအတွက် ။ ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar