ရဲဘော်တေး - ခွေးစကား
ရဲဘော်တေး - ခွေးစကား
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၂၃
ရန်ကုန်က အမှောင်ထဲမှာ ကြောင်တောင်တောင်ကောင်က လျှပ်စစ်ရထားလို့ အူနေတုန်း။
ကြိုးစင် ကြိုးစင်လို့ ဒီဘက်က ပြောနေချိန် မအလကတော့ လျှပ်စစ်မှ လျှပ်စစ်၊ ကြိုးမကျစ်နဲ့တဲ့၊ ခေတ်နောက်ပြန် မဆွဲနဲ့တဲ့။ နိုး ကြိုး။ ဒိုး လျှပ်စစ်ကုလားထိုင်ဆိုပါလား။
ဗာလ သာဝကတော့လေ၊ ဂေါက်နေတယ် ပြောရုံနဲ့ မလုံလောက်၊ ပြောပေါက်ကကြည့်၊ မသိရင် ဂျပန်ကတောင် နည်းပညာ လာယူရမယ့် လေသံနဲ့။ လျှပ်စစ်ရထားတွဲခေါင်းလုပ်ဖို့ ပြင်တဲ့။ မလွှကုန်းယန္တရားရုံကဘဲတွေက ဖြဲမလွှတ်လိုက်တာ တော်သေး။ ပြောတော့ လျှပ်စစ်ရထား။ လုပ်တော့ အသုံးလုံးသင်တန်း။
ခင်ညွန့် ရေသန့်စက်ရုံရောက်သွားတုန်းက မင်းတို့တွေ ph7 လောက်နဲ့ ကျေနပ်မနေနဲ့၊ ph8 ph9 pg10 ရောက်အောင်လုပ်ကြလို့ ပြောပုံနက် မကွာဘူး။ စစ်တပ် ဆိုတာ ဘယ်ခေတ်နေနေ အဲလို ငပေါတွေပဲ မွေးထုတ်တာလေ။ သူ့လူတေကလဲ ဓာတ်တယ်။ လူကာပု၊ စကား ပေမမှီ ဒေါက်မမှီတွေပေါတောတောတွေ ပြောပီဆို မြန်မာ့အလင်းလောက်ပဲ ထည့်ပြတာ။ ကြေးမုံတောင် မထည့်ဘူး။ ရုပ်သံလွှင့်ဖို့ဆို ဝေးရော။ MRTV မပြော့နက်၊ မြဝတီကပါ နှာစေးထားတာ။ အင်း သူတို့လဲ ရှက်ရှာမှာပေါ့။
ပဲခူး ရေကြီးရင် ခွေးတွေ ခေါင်မိုးရောက် ဆိုတဲ့အတိုင်း ခုက ခွေးခေတ်လေ။ ခွေးဆိုတော့လဲ ခွေးစိတ်ဘဲရှိ။ ခွေးကြံ ကြံ၊ ခွေးကျင့် ကျင့်။ ခု ပဲခူးမှာ လူတွေကို လာကူ လာလှူသူတွေကို ဟန့်တား ရေနစ်သူ ဝါးကူထိုး အမျိုးမျိုးဒုက္ခပေးနေတယ်လေ။
အဲဒါ ရိုးရိုးခွေးလုပ်ရပ်။ အဆင့်မြင့်ခွေးက သတ်သတ်ရှိတယ်။ အဆင့်မြင့်ခွေးဆိုတာ ခွေးရူးတွေကို ပြောတာ။ ခွေးရူးတွေကတော့ လိုင်ဇာ စစ်ရှောင်စခန်းက ကလေးငယ်တွေပေါ် အလွန်ပြင်းထန်တဲ့ဗုံးတွေ ကြဲချ၊ လက်နက်ကြီးတွေ ပစ်ချ။ လေတပ်ကကောင်တွေကလဲ ခွေးရူးတောင် ရိုးရိုးခွေးက ရူးတာ မဟုတ်၊ ခွေးဘီလူးက ရူးလာတာ။
ခွေးဖြစ်ကြောင်း ဇော်မဲလုံးကပါ ထပ်ဆောင်းသက်သေပြသွားသေး။ ဘယ်လို ဖြစ်သွားလဲဆိုတာ သူ စုံစမ်းနေပါတယ်ပေါ့။ သူ့လက်နက်နဲ့သူ ပေါက်ကွဲတာလဲ ဖြစ်နိုင်တယ်ပေါ့လေ။ တမင် လာ အရသာခံတာ။ ပိုဆိုးပက်စက် သေတာတောင်မှ ကလေးလေးတွေ သေတာမျိုးမှ အာသာပြေတဲ့လူ့တိရစ္ဆာန်တွေရဲ့ အသံနဲ့ လာ အရသာခံတာ။
ဒါဟာ ဖာစကား မဟုတ်ပါဘူး။ ဖာတွေ ဂုဏ်သိက္ခာ ထိခိုက်ပါ့မယ်။ ခွေးစကားပါ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar