Breaking News

ကျော်ဟုန်း - မုန်လိုင်ခက် ၂၃း ၃၀

မုန်လိုင်ခက် ၂၃း၃၀
ကျော်ဟုန်း
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၂၃

ရန်သူရဲ့ ရန်မူမှုဟာ
ရန်ပီသနေဆဲပဲ။

မုန်လိုင်ခက်မှာ
ပဇီကြီးအရိပ်ထင်ပြီ။

အသည်းနာ ကမ္ဘာမကြေ
ဆွေးနွေးရန် မရှိ။

အပြစ်မဲ့ ကလဲ့စားအတွက်
ဟာမူရာဘီ အမြန်လာခဲ့တော့။

၂၃၁၀၉

* [* ၉/၁၀/၂၃ မုန်လိုင်ခက် စစ်ရှောင်စခန်း / ည ၁၁ နာရီ ခွဲခန့်၊ ဖက်ဆစ် မအလများ လေယာဉ်ဖြင့်ဗုန်းကြဲမှတ်တမ်းး]
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar