ကိုအောင်မှိုင်း - လက်တုံ့ပြန်ရမယ်
ကိုအောင်မှိုင်း - လက်တုံ့ပြန်ရမယ်
(မိုးမခ) အောက်တိုဘာ ၁၁ ၊ ၂၀၂၃
တောက် ......
လူသတ်သမားတွေ
သူရဲဘောကြောင်သူတွေ
အရပ်သူအရပ်သားတွေကို
လေယာဥ်ပျံနဲ့ ဗုံးချ သတ်ရဲသူတွေ
ခွေးတွေ၊ စစ်ခွေးတွေ
အယုတ်မာဆုံး စစ်ခွေးတွေ။
ကချင်တွေကို
လူမျိုးတုံး သတ်ချင်သလား။
ကရင်တွေကို
လူမျိုးတုံး သတ်ချင်သလား။
ချင်းတွေကို
လူမျိုးတုံး သတ်ချင်သလား။
မွန်တွေကို
လူမျိုးတုံး သတ်ချင်သလား။
ရခိုင်တွေကို
လူမျိုးတုံး သတ်ချင်သလား။
ရှမ်းတွေကို
လူမျိုးတုံး သတ်ချင်သလား။
ညီညွတ်ကြ
စစ်အနိုင်တိုက်ကြ
သွေးလေချောက်ချား
သွေးရူးသွေးတမ်း သတ်ဖြတ်မှုတွေ
အဆုံးသတ်ဖို့ စစ်အနိုင်တိုက်ဖို့ လိုတယ်။
လက်တုံ့ပြန်ရမယ်
ကချင်အမျိုးသားတွေတွက်
တနိုင်ငံလုံး လက်တုံ့ပြန်ရမယ်
ဗိုလ်အောင်ဆန်း စစ်ထွက်မိန့်ခွန်း
အနီးစပ်ဆုံးရန်သူကို ရှာတိုက်ကြ။
တနေ့
ငါတို့အလှည့် ရောက်တဲ့ တနေ့
မင်းတို့ စစ်မျိုးတုံးစေရမယ်ဆိုတာ
လူထုအသံ နွေဦးအဓိဋ္ဌာန်ပဲ။
အောက်တိုဘာလ ၁၀ ရက် ၂၀၂၃ ခုနှစ်