လေခဏီ - ပုဂိန်မျိုး၊ ဗုမှိန်ညှိုး၊ ဥပိန်ကျိုး
လေခဏီ - ပုဂိန်မျိုး၊ ဗုမှိန်ညှိုး၊ ဥပိန်ကျိုး
(မိုးမခ) အောက်တိုဘာ ၃၁ ၊ ၂၀၂၃
ဟိုတုန်းက နားမလည်ခဲ့တဲ့ စာတပုဒ်ရှိတယ်။ အတိတ်လိုလို တဘောင်လိုလိုစာ။
ဗမာပြည်မှာကလဲ ပြည်လုံးချီ ဖြစ်ရပ်တိုင်းက အတိတ်တဘောင် နိမိတ်ဆောင်ချည်းမဟုတ်လား။ စာက "ပုဂိန်မျိုး၊ ဗုမှိန်ညှိုး၊ ဥပိန်ကျိုး" တဲ့။
အဲသာ ဘယ်ခေတ်က တဘောင်မှန်းတော့ မသိဘူး။ စာသမားနဲ့ သုတေသီတွေကတော့ ပြောနိုင်မှာပေါ့။
အဲဒီစာကို ခုမှဘဲ အဓိပ္ပာယ်ဖော်နိုင်တော့တာဘဲ။ နောက်ဆုံဟာကို စရိပ်မိလိုက်လို့ပါ၊ "ဥပိန်ကျိုး" ဆိုတာ ဦးပိန်တံတားကျိုးတဲ့ကာလကို ဆိုလိုတာပါ။ ရှေးကတော့ ဦးလို့ ခေါ်ဟန်မတူပါဘူး။ ဒီဘက်ဖေ့ဘွတ်ခေတ် အသုံးအနှုန်းကိုပါ သိထားသလား ထင်ရတာဘဲ။ ဦးကို ဥ-ဥနဲ့ ပြောနေကြတာလေ။ ရှေ့ဆုံး "ပုဂိန်မျိုး" ကို ဖော်ကြည့်လို့ရသွားပါတယ်။
ခု ဦးပိန်တံတား ကျိုးချိန်က မင်းအောင်လှိုင်အာဏာသိမ်းထားချိန်လေ။ သူ့ရဲ့နာမ်စားက ပု = ကာပု = စောက်ပု(ဒေါက်လုသူ)ပါ။ ဂိန်မျိုး ဆိုတာက လူတိုင်း သိပါတယ်၊ ဂိန် ဆိုတာ ခွေးပိုင်ဝေါဟာရဆိုတာ။ အဲတော့ ဂိန်မျိုး=ခွေးမျိုး။ ပုဂိန်မျိူး=စခ=စစ်ခွေး လို့ဆိုလိုတာပါ။ သူ့လက်ထက်မှာ စစ်သားအားလုံး ခွေးဖြစ်၊ စစ်ခွေးခေါ်ခံရ။ စစ်နဲ့ပတ်သက်သမျှ ထောက်ခံသူတိုင်းလဲ စစ်ခွေးမျိုးဖြစ်။ စစ်တပ် လက်အောက်ခံ ရဲလဲ ရခ=ရဲခွေး။ ပျူတွေလဲ ပခ=ပျူခွေးဖြစ်နေတာမဟုတ်လား။
ခွေးလို့ခေါ်တာက ကျွေးတဲ့လက် ပြန်ကိုက်လို့။ ခွေးဆိုတာ တော်သလင်းမှာဆို အမေကို ပြန်လိုက်၊ အဖေကို ပြန်ကိုက်တာမျိုး ဆိုတော့ လက်ရှိ ကာပုစစ်တပ် လုပ်ရပ်က ခွေးနဲ့ တထပ်တည်းကျတော့ ပုဂိန်မျိုးဖြစ်ရတော့တာပေါ့။
ဒီလောက်ဆို "ဗုမှိန်ညှိုး" ကလဲ သိသာပါပြီ။ ဗု=ဗုဒ္ဓဘာသာ။ မှိန်ညှိုး=ညှိုးမှိန်ရရှာ။
ပုက သူ့အာဏာရရေး ဗုဒ္ဓဘာသာကို ရွံစရာကောင်းသွားအောင်ကို အသုံးချခဲ့တာ လူတိုင်းအသိ။ နိုင်ငံရေးအရ မြန်မာတင်မက ကမ္ဘာမှာပါအမြင့်ဆုံးအလံလွှင့်နိုင်ခဲ့တဲ့ဗုဒ္ဓဘာသာရဟန်းတော်များရဲ့ နိုင်ငံရေးဂုဏ်သိက္ခာပြည့်တဲ့ ရွှေဝါရောင်တော်လှန်ရေးကို ပုံဖျက်ရင်း ဘုန်းကြီးတွေ၊ သီလရှင်တွေကို အစွန်းရောက်ဇာတ်သွင်းခဲ့တာလေ။ အဲဒါကြောင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများရဲ့ ဂုဏ်သိက္ခာဟာ ကမ္ဘာ့အလယ်ရော မြန်မာ့အလယ်ပါ ညှိုးမှိန်ခဲ့ရတာ။
မင်းအောင်လှိုင် လုပ်လိုက်တာ စစ်တပ်လဲ ခွေးဖြစ်ပြီး ခွေးမျိုးတုံးရေး တပြည်လုံး လုပ်ဆောင်လာကြတယ်။ စစ်တပ်ကိုယ်တိုင်က ခွေးဇာတ်သွင်းခံရတာကို မရပ်တန့်နိုင်ရင် ခွေးမျိုးတုံးမှာ သေချာပါတယ်။ နေ့စဉ်နဲ့အမျှ တိုက်ပွဲရှိပြီး နေ့စဉ် သေနေကြတာဘဲလေ။ နောက်ထပ် ဘယ်လောက်ခံနိုင်မှာလဲ။
ခု ဦးပိန်တံတား ကျိုးသွားတာ ကြည့်ပေါ့။ ပြန်မပြင်ရင် ဘယ်လို သုံးရတော့မလဲ။
ဗုဒ္ဓဘာသာ ရဟန်းတော်တွေ မယ်သီတော်တွေ ကိုယ်တိုင်လဲ ကိုယ့်အစွန်းရောက်မှုကို ပြန်ပြင်ပြီး စစ်ခွေးတွေကို ဆုံးမဖို့၊ ဆုံးမ မရရင် စစ်ခွေးနဲ့ ဝေးဝေးနေဖို့ပါပဲ။ လူတွေ စစ်တပ်အသိုင်းအဝိုင်းကို ဆိုရှယ်ပန်းနစ်မင့် ဆိုတဲ့ လူမျိုရေးပြစ်ဒဏ် ချမှတ်တာမျိုး ဗြဟ္မဒဏ် ခတ်ကြဖို့ပါဘဲ။ လူတွေ ခုလုပ်တဲ့နည်းကလဲ ဘုရားနည်းပါ။ ဆုံးမ မရတဲ့ ရဟန်းနဲ့ ဒါယကာတွေကို ကြဉ်ဖယ်ရှောင်ရှားရင်း ပြုပြင်စေတဲ့ နည်းလမ်းပါပဲ။
ဒါမှသာ ပုဂိန်မျိုးကြောင့် ဗုမှိန်ညှိုးပြီး ဥပိန်ကျိုးသလို အဖြစ်ဆိုးတွေ ရပ်တန့်တော့မှာပါ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar