Breaking News

ကျော်ဟုန်း - အချစ်နဲ့စစ်

Photo- Credit
အချစ် နဲ့ စစ်
ကျော်ဟုန်း
(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၂၃

အချစ်နဲ့စစ်ဟာ
ဆက်စပ်မှု မရှိတဲ့အခါ
အရှိတရားက ဆန့်ကျင်ဘက်။

အချစ်က အင်အားကြီးသူ အရှုံး
စစ်က အင်အားကြီးသူ အနိုင်
ဒါ သဘာဝတရားလို ဖြစ်တည်တယ်။

အချစ်နဲ့စစ်ဟာ
ဆက်စပ်မှုရှိတဲ့အခါ
အရှိတရားက ရောထွေးယှက်။

အချစ်အင်အားကြီးသလောက်
စစ်အင်အားကြီးတယ်
အချစ်ကြီးလို့ စစ်ကြီးတယ်။

မယုံရင်
ဂါဇာကမ်းမြှောင်ကို အခုကြည့်လိုက်
အချစ်နဲ့စစ်ရောထွေးမှု ပဋိပက္ခတွေ
သွေးတွေကြားမှာ
မမြင်ရက်၊ မကြားရက်စရာ။

တမန်တော်အနား
ချိုးဖြူတကောင်မှ မရှိ။

နိုင်သူ သမိုင်းရေးနိုင်ဖို့
အလုအယက် အင်အားပြိုင်ရင်း
အနိဋ္ဌာရုံခေါင်းမှာ
ကျည်ခွံတွေသီ ပန်ထားတယ်။

အချစ်ကြောင့် စစ်ဖြစ်ရင်
ဘေးထွက်ဆိုးကျိုးတွေ ရင်းရတာ
ရှုံးသူတို့ရဲ့ ကျိန်စာစူးခြင်းလား။

 ၂၃၁၀၉
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar