နိုင်မွန်အောင်သွင် - တိမ်
တိမ်
နိုင်မွန်အောင်သွင်
(မိုးမခ) အောက်တိုဘာ ၉၊ ၂၀၂၃
တိမ် ဆိုတာကို
အိမ် လို့ မှားဖတ်မိတယ်။
တိမ်က
မငြိမ်ဘူး
မရေရာဘူး
နွေးထွေးမှုဆိုတာကလည်း
အရုပ်ရေးပြရင်တောင် အေးတိအေးစက်နဲ့။
တိမ်ကို
အိမ်လို့မှားဖတ်မိတာ
ဝဋ်ကြီးလွန်းလို့ပါပဲ။
၈.၁၀.၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar