Breaking News

ရဲဘော်တေး - "ဝ"နဲ့ မိုင်းလား ကျားနှစ်ကောင်ပါ အမြီးသွားဆွဲလိုက်မိတဲ့ စကစ



ရဲဘော်တေး - “ဝ” နဲ့ မိုင်းလား ကျားနှစ်ကောင်ပါ အမြီးသွားဆွဲလိုက်မိတဲ့ စကစ

(မိုးမခ) နိုဝင်ဘာ ၁ ၊ ၂၀၂၃


ကျားဖျန့်လို့ ခေါ်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ရေး “ဝ”နဲ့ မိုင်းလားဒေသကို စစ်ကောင်စီရဲ့  ရဲ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်အခွန်အဖွဲ့တွေ ဝင်နိုင်ဖို့ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံပေါင်းပြီး ဖိအားပေးရမယ်လို့ စစ်ကောင်စီ ပေါခွင့်ရသူ ဗိုလ်ကျုပ်(ကျုပ်=မဲနက်) ဇောက်မြင်းထွန်းက ပေါပါတယ်။ 

တရုတ်နိုင်ငံ အခြေစိုက် Phoenix Media နဲ့  ဗိုလ်ကျုပ်ဇောက်မြင်းထွန်းရဲ့  အောက်တိုဘာလ ၂၃ ရက်က ဖြေကြားပြောဆိုမှုတွေကို စစ်ကောင်စီရဲ့  သတင်းစာတွေကနေ အောက်တိုဘာ ၃၀ ရက် ဖော်ပြခဲ့တာပါ။ 

၂၃ ရက်နေ့မှာ တရုတ်မီဒီယာကို အတည်ပေါက် ပြော့ခဲ့တာတွေလေ။ စစ်ဗိုလ်ချုပ်နဲ့ သူ့ဝန်ထမ်းမှန်သမျှ သူခိုး ဒမြချည်း ဆိုတာ လူတိုင်း သိတာကို အတည်ပေါက်ကြီးသွားပြီး သူ့ရဲ၊ လဝက၊ အကောက်ခွန်တွေ သွင်းချင်တာကို သွင်းချင်တယ် မပြောဘဲ ကျားဖြန့်ထိန်းချုပ်ဖို့ အကြောင်းပြချက်နဲ့ "ပေပေကြီးကို ချစ်တယ်၊ အာဖွား" သွားလုပ်တာ။ 

မိုးမြင့်ထွန်းလေး အစားမတတ်တော့ တကျွန်းဆိုသလို ဇောက်မြင်းထွန်းလဲ အဖားမတတ်တော့ တခွန်း ဖြစ်သွားတာတဲ့။ သူ ကစ်တာက ဝ နဲ့ မိုင်းလား။ သူက ၂၃ ရက်ပြော၊ ၂၇ ရက်နေ့မှာ သူ့ဝင်ကစ်တာက ကိုးကန့်။ အဲဒါ ဝ-နဲ့ မိုင်းလားကို အလကားနေရင်း စိန်ခေါ်မိသလို ဖြစ်သွားတော့ ခု သူ့ကို မအလက တင်းနေပြီ။ သူ့ကံကြမ္မာက ကမ်းနားသစ်ပင်လောက် မဟုတ်ဘဲ ကြမ်းကြားလဇိဖြစ်သွားနိုင်လို့ သူ့မိန်းမပါ ပြာနေပတဲ့။ 

အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ဖို့ဆိုရင် “ဝ”နဲ့မိုင်းလား ဒေသဟာ တရားဥပဒေနဲ့အညီ နေထိုင်ဖို့နဲ့ တရားဝင် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့လိုတယ်လို့ ဗိုလ်ကျုပ်ဇောက်မြင်းထွန်းက ပေါက်ပေါက်တွေဖောက်ပြီး “ဝ” နဲ့မိုင်းလား နယ်မြေထဲကို တရားဥပဒေ စိုးမိုးရေးအဖွဲ့တွေ ဝင်ရောက်ဖို့ပဲ ဖြစ်ပါတယ်။ သူတို့နေရာမှာ ရဲ၊ လဝက စတဲ့အဖွဲ့တွေ အဝင်မခံပါဘူး။ ကျွန်တော်တို့ နှစ်နိုင်ငံအနေနဲ့ ဒီအတိုင်း လွှတ်ပေးထားရင် လာမယ့်နှစ်တွေမှာ အခြားပြဿနာတွေ ဆက်ရှိနေမှာဖြစ်ပါတယ်” ဆိုပြီး အကျွတ်အလွတ်တွေ ပွားထားမိတာ ခု သူမထင်တဲ့ ကိုးကန့်က ဖုတ်လိုက်လို့ ရဲနဲ့ လဝကက ဆိုင်းဘုတ်တောင် မကျန်တော့ဘူးလေ။ အကောက်ခွန်တွေက ပေတရာပေါ် ငွေရှာတော်မူနေကြတာ မြင်မကောင်း။ 

ဒီလို ငွေလိမ်ဂိုဏ်းတွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကာကွယ်ပေးနေတယ်လို့ သူက ပေါတောတောတွေ ပြောနေတုန်း ကိုးကန့်က စစ်အာဏာရှင်အမြစ်ဖြတ်ဖို့နဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်တွေ ပေါင်းပြီး ငွေလိမ်ဂိုဏ်းထောင် လုပ်နေကြတာတွေကိုလဲ အပြတ်ရှင်းဖို့ဆိုပြီး ကြေညာချက်ထုတ်ကာ ညီနောင်တွေနဲ့ပေါင်းပြီး တိုက်ပွဲစလိုက်ပါတော့တယ်။ စစချင်းဘဲ သူတို့စကားအတိုင်း စစ်စခန်းတွေကို သိမ်းပြီး ကျားဖြန့်ဂိုဏ်းတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲတော့ တရုတ်ဟာ ဘယ်သူနဲ့ပေါင်းပြီးလုပ်မှ ကျားဖြန့်ကို နိုင်မှာဆိုတာ သက်သာပြလိုက်တာပေါ့လေ။ 

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ငွေလိမ်ဂိုဏ်းတွေကို ကာကွယ်ပေးတဲ့နေရာမှာ မပါဝင်ဖို့ သတိပေးထားတယ်လို့လည်း ဗိုလ်ကျုပ်ဇောက်မြင်းထွန်းက နှုတ်သီးယောင်သံကြီးနဲ့ ပေါထားသေးတာ။ ဒီလိုဖြစ်တော့မှ ခု ပြာပြာသလဲ သတင်းထုတ်ပြရတော့တာ။ ထုတ်မှ ရှုပ်ကုန်တော့တာလေ။ ဝနဲ့ မိုင်းလားကို တရားဝင်စိန်ခေါ်သလို ဖြစ်သွားတော့တာ။ သတင်းထုတ်ပြီးတော့ မိုင်းလားမှာ ကျားဖြန့်အဖျားအနားလေး တထောင့်ငါးရာလောက် ဖမ်းအပ်ပြသေးတယ်။ တကယ်ရှိတာက တသိန်းအထက်မှာ။ 

မိုင်းလား ခေါင်းဆောင်ကို စကစအစီအမံနဲ့ ဘန်ကောက်မှာ ဆေးကုဖို့ စီစဉ်ပေးသလိုလို သတင်းမှားတွေဖြန့်ပြီး တမတ်ကွက်တွေ လုပ်နေပေမယ့် မိုင်းလားက တင်းနေပြီ။ 

ဝ-ကလဲ သူ့ကို ဒုစရိုက်ဂိုဏ်းသားတွေလိုလို စွပ်စွဲလို့ ဖြဲချင်နေပြီ။ ခု ကိုးကန့်က တိုက်ပြီး ဖမ်းတော့ ကျားဖြန့်တွေက တလောကမှ မအလ သွားတွေ့ခဲ့တဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေဆီ ပြေးကြတာမဟုတ်လား။ 

“ဝ”နဲ့ မိုင်းလားဒေသမှာ ၁၉၉၀ ပြည့်နှစ်က ဘိန်းဖြူပြဿနာ၊ ၂၀၀၀ ပြည့်နှစ်မှာ WY စိတ်ကြွဆေးပြဿနာနဲ့ အခု အွန်လိုင်းငွေလိမ်ဂိုဏ်း ပြဿနာတွေ ဖြစ်နေပြီး တရားဥပဒေစိုးမိုးရေး မလုပ်နိုင်ဘူးဆိုရင် ဒီလိုပြဿနာတွေ ဆက်ဖြစ်လာမှာပဲလို့ ဗိုလ်ကျုပ်ဇောက်မြင်းထွန်းက ဆက်စော်ကားလိုက်သေးတယ်။ တကယ်တော့ ဒါတွေက စစ်တပ်ကိုယ်တိုင် လုပ်နေတာ တကမ္ဘာလုံးသိ။ 

သူက စစ်ခွေးနိဂုဲး ၂၀၂၃ဆိုတဲ့ ပီဒက်တွေစကားကို အရေးမထားသလိုလိုနဲ့ "ဒါကြောင့် အဲဒီ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ၂၀၂၃ နှစ်ကုန်မှာ အမြစ်ပြတ် ချေမှုန်းဖို့ စီစဉ်ထားကြောင်း" က ပေါလိုက်သေးတာ။ ခုတော့ DSA မကျဖို့ အသေအကျေ လုံးပန်းနေလေရဲ့။

“ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဘက်က ဘာမှ ပြန်မပြောသေးပေမယ့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ပြောစရာ မရှိပါဘူးတဲ့။ အင်းလေ ပြောစရာမှမလိုတာ။ အရူးစကားလို့ သဘောထားမှာပေါ့။ 




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar