မောင်လင်းရိပ် - ငြိမ်လိုက်ရတာ ဝပ်မနေဘူး
ငြိမ်လိုက်ရတာ ဝပ်မနေဘူး
မောင်လင်းရိပ်
(မိုးမခ) ဇန်နဝါရီ ၁၃၊ ၂၀၂၃
မှတ်တမ်းတင်ဆိုတာ ဇာတ်လမ်းဆင်တဲ့ အရပ်ဒေသမဟုတ်မှန်း လူစိမ်းတွေ ဘယ်သိမလဲ
တစ်နိုင်ငံလုံးရဲ့ မီးခိုးလုံးတွေကို ဒရုန်းရှော့နဲ့ မရရင် ငါ့တို့နှမအတွက်
ဂြိုဟ်တုတစ်လုံး မှာပေးရမလား
ဖုတေ့ချ်တွေထဲမှာ သီးနေတာ အမှန်တရားရဲ့ ခိုင်ဖြီးလွန်းတဲ့အလုံးတွေပဲကွဲ့
ဗုံးတွေလို ပေါက်ကွဲထွက်လည်း ဒါရိုက်တာက ဒါ ရိုက်တာ (ကင်မရာက
တွေ့တဲ့ အရာတွေကိုပဲ စစ်မှန်အောင် ရိုက်တာ)
ပန်းချီဆရာကြီးရဲ့ နှလုံးသားကိုတောင် ရုန်းကြွားအောင် ပြနိုင်ခဲ့သူအတွက်
နံရံရဲ့ တစ်ဖက်မှာ နွေဦးရိုက်ကွင်း သုတေသန နယ်တစ်ခုထဲ ချပေးလိုက်တာတစ်မျိုးလို့ ယူလိုက်ရ
စတိုရီဘုတ်တချို့ စိတ်မှတ်နဲ့ စကက်ချ်ယူထားနိုင်ဖို့
အလုံပိတ်နေရာတွေချည်း သက်သက် ဇာတ်ရုပ်မဲ့ ရုပ်သေရိုက်ချက်တွေ တစ်ချိန် ဝင်ရိုက်ကြမယ်
တစ်ချိန် ငါတို့အတွက် တစ်ချိန်ဟာ စိတ်ရှည်လက်ရှည်
သိမ်သိမ်မွေ့မွေ့ ငြိမ်ဝပ်မနေတဲ့ လှိုင်းများ၊ အမှုန်များ၊ ကြိုးမျှင်များ။
၂၀၂၄၊ ဇန်နဝါရီ ၁၁
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar