ရတနာပုံဆရာမှတ်ကြီး - ဆင်ရိုးခံ အိပ်မက် ပြဇာတ်
ရတနာပုံဆရာမှတ်ကြီး - ဆင်ရိုးခံ အိပ်မက် ပြဇာတ်
(မိုးမခ) ဇန်နဝါရီ ၂၀ ၊ ၂၀၂၄
ကြင်စိုး ဆင်ရိုးခံရတဲ့ အိပ်မက်မက်ပြီး သွေးပျက်ပျက်နဲ့ ပြေးထွက်လာ။
ညက မဘသတွေရဲ့ အသက်မပျောက်ချင်ရင် လက်ဖက်ခြောက်ကို အာဏာလွဲဘာမုဗီဖိုင် ကြည့်ပြီး အိပ်ဆေးများသွားတာ သတိရ။
အိပ်ဆေးကပျယ်တော့ စိတ်အေးရမယ်မရှိ၊ အပူလုံးက တအိအိဖိ၊ ကြည့်တိကြက်တက်နဲ့ အိမ်တော်လုံခြုံရေးတွေဘက်ရှိုး။ ဟန်မပျက်တာမြင်မှ ရင်ကျပေမယ့် ဖင်ကငြိမ်မနေနိုင်။ ထိုင်လိုက် ထလိုက် လှဲလိုက် လျှောက်လိုက်။
ငေါက်ခနဲထလာတဲ့ဂုံးအိုမကြီး ရုတ်တရက်မြင်လိုက်တော့ ကြောက်တက်သွားတာများ။ အသံအက်အက်ကြီးနဲ့ "ဘယ်ထွက်သွားတာလဲ" ဆိုမှ မယားကြီးမှန်းသိ။
သားသမီးတွေ မြေးတွေအတွက် စိုးရိမ်စိတ်က ငယ်ထိပ်တက်လာ။ အဝေးက ကလေးသံတွေ ကြားလာ။ သေးပါချင်သလိုလို ချီးယိုချင်သလိုလိုဖြစ်လာ။
"ဒါ လက်ဖက်ခြောက်နဲ့ ပေါက်ကတုံးလက်ချက်ပဲ"
မနက်အိပ်ရာထ အိပ်ရေးမဝ၊ စိတ်တွေးမလှရတဲ့ကြား ပလက်ဝမှာ ချသွားတဲ့ လက်နက်ပုံကြီးမြင်တော့ ကတုံကရင်ဖြစ်။ ကချင်က ပစ်လိုက်တဲ့ငှက်ဆိုးထိုးသံတွေ နားထဲဝင်လာ။ ကရင်က ပင့်လိုက်တဲ့ တင့်ကားပက်လက်လေး မြင်လာ။ အိန္ဒိယဘက် ပြေးသွားတဲ့ ခြင်းကြားတွေကလဲ ထမင်းမစားရတဲ့ ရုပ်တွေနဲ့ သတင်းလုပ်သမျှ ခံနေရတဲ့ကြားထဲ ကတိဖျက်တာမရပ်ရင် သုံးဖော်ကလဲ ကျုံးဆော်တော့မယ် ပြောလာ။
အရေးထဲ နိမိတ်တဘောင်တွေကလဲ အရိပ်အကောင် ထင်လာ။ တရုတ်ကဖိ ရှမ်းကအိ ဆိုတာ ဖြစ်လာပြီ။ တရုတ်ဖိအားနဲ့ ရှမ်းမြောက်ကနေ အိလာလိုက်တာ ဗမာတွေအနောက် အကုန်ရောက်။ ကချင်ကလေး နန်းထိုင်မှအေးတဲ့ ဘယ်တုန်းကမှ ကချင်တွေ နန်းထိုင်ရမယ်ဆိုတာ တွေးကြည့်လို့တောင် မရခဲ့တဲ့ဟာ။ ခုတော့ ဒူးဝါးလရှီးလ ဆိုတဲ့ သူတို့သမ္မတဟာ ကချင်ကြီး မဟုတ်ဘူးလား။ အင်း ဒူးဝါးကြီး နန်းထိုင်နေပြီလေ။
ငါ ဘာလုပ်ရမလဲ။ ငါ ဘာလုပ်မယ် ပြောရမလဲ။ ငါ ဖယ်မယ် ပြောတော့ ဘယ်ကောင်က အထွက်ခံမလဲ။ ကြောက်မလားလို့ ဘီလူးစိတ်နဲ့ တွေ့သမျှ သတ်ထား၊ အရူးစိတ်နဲ့ တွေ့သမျှ မီးတိုက်ထားတာတွေကို ဘယ်ကျောက်ရူးက တရားခံအစားဝင် ပေးမလဲ။ ဟိုသိန်းစိန်သား မအေပေးမဘသတွေက ဘာမှမသိဘဲ လျှောက်ပြော။ ဘယ်သောက်ပေါကမှ ငါ့နေရာ နေမယ့်ကောင်မရှိဘူးဟ သောက်ပေါတွေရ။
“ဒါ သိန်းစိန်အုပ်စု လက်ချက်ပဲ”
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar