Breaking News

စိုးရိမ် - ၂၀၂၄ လမ်း

၂၀၂၄ လမ်း
စိုးရိမ်
(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၂၄

လမ်းမပျောက်အောင်လမ်းဖောက်ကြမယ်လေ
နောက်ထပ်ရေတိမ်မနစ်ဖို့
ကိုယ့်ခေါင်းပေါ်တက်နင်းထားတဲ့ခြေထောက်တွေ
ရိုက်ချိုးပစ်ကြမယ်
မနက်လင်းရင်
သီချင်းအေးအေးလေးဆိုညည်းနိုင်တဲ့နေ့တွေဆီ
အရောက်သွားကြမယ်
'ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်
ဗျိုင်းနားလို့ကိုင်းရတယ်' ဆိုတဲ့
ကိုယ်ကျင့်တရားပျက်ဆင်ခြေတွေကို
မြေမြုပ်ပစ်ကြမယ်
အခုလောလောဆယ်တော့
နှလုံးသားကခါးခါးသီးသီးပြန်လိုချင်နေတဲ့အကြွေးကို
မရမရှိ ရအောင်ပြန်တောင်းကြမယ်။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar