Breaking News

ဖိုးရွှေညီမှိုင်း - နှစ်သစ်သစ္စာတိုင်

နှစ်သစ်သစ္စာတိုင်
ဖိုးရွှေညီမှိုင်း
(မိုးမခ) ဇန်နဝါရီ ၁၅၊ ၂၀၂၄

ကြမ်းကြုတ်အေးစက်
ဆိုးရွားရက်တွေမှာ တွဲလိုက်တဲ့
ခိုင်မြဲခင်မင်တဲ့ လက်တွေ
လှိုက်လှဲလေးနက်တဲ့ လက်တွေ
ရက်ရောရင်းနှီးတဲ့ လက်တွေ
မနူးညံ့ပေမယ့်နွေးထွေး
ရဲရင့်နီစွေး သွေးကြောများ
ခုန်ဆင်းစီးသွားနေတဲ့ လက်တွေ
ညီညွတ် ရုန်းကြွ လှလှပပ
သွယ်ဆက်ခဲ့ကြတဲ့ လက်တွေ
ညီအကိုတို့ရဲ့
ဟောဒီ့လက်တွေ ညီကြရိုးမှန်ရင် ...
ကမ္ဘာမကြေ ခရီးခဲကို 
ဖြတ်သန်းနေဆဲ ... 
မပြီးဆုံးသေးတဲ့
ခရီးအဆုံးထိ တွဲနိုင်မြဲနိုင်
ဆွဲကိုင်ညီညွတ်
ဒီညွှတ်ကွင်းထဲက
အားလုံးလွတ်ရပါစေသား။

၂၀၂၄ ဇန်နဝါရီ ၁၁
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar