Breaking News

ကျော်ဟုန်း - ရှင်ဒေဝီရဲ့ ဒရုန်း


ရှင်ဒေဝီရဲ့ ဒရုန်း
ကျော်ဟုန်း
(မိုးမခ) ဇန်နဝါရီ ၁၂၊ ၂၀၂၄

များများစားစား
အဓိပ္ပာယ်ဖွင့်စရာ မလိုပါဘူး။

သူတို့ ကြောက်သလောက် ဆတူပြု
တသက်တကျွန်းတဲ့လား ရှင်ဒေဝီ။

မင့်ရဲ့ ရိုက်ကူးရေး ဒရုန်းမှာ
စစ်ကြောက် ပြိုသေ ပါလို့လား။

အကြမ်းဖက်တွေရဲ့
အကြမ်းဖက်မှုကို
အကြမ်းမဖက်သူက
ခုခံချေပခွင့် မရှိ။

အသည်းနာ ကမ္ဘာမကြေကို
အနုပညာရှင်တိုင်း
ဆိုရဲကြရင်ဖြင့် ...။

၂၄၁၁၁
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar