လေခဏီ - အပစ်အခတ်ပဲ ရပ်တာ၊ အညစ်အပတ်မပါ
လေခဏီ - အပစ်အခတ်ပဲ ရပ်တာ၊ အညစ်အပတ်မပါ
(မိုးမခ) ဇန်နဝါရီ ၁၄ ၊ ၂၀၂၄
မအလက အပစ်အခတ်သာရပ်တာ၊ အညစ်အပတ်တော့ မရပ်ဘူး။
နေ့တွက်လေးခင်းပြီး မဘသတွေကို မြှောက်ပေးတော့ ဟိုဟာတွေကလည်း ဂျလေဘီ ဇာတ်ကား ရုံတင်တော့တာပေါ့။ ကိုးကန့်ကို အမျိုး ဘာသာ လဘာဂျာသုံးကန့်ဘဲ ရှိတဲ့သူတွေက ရာရာစစ ဆန္ဒပြကြသတဲ့။ အမယ် တကတုံးကတောင် လိုအပ်ရင် လူထွက်တိုက်မယ် ဆိုဘဲ။ ဟိုခမျာ လူလိုနေလို့မှ ရွာတကာလှည့် ဇွတ်ပျူခိုင်းလိုက်၊ မှောင်ရိပ်ခိုဖမ်းလိုက်နဲ့ကို မလောက်လို့ ထောင်ထဲက ခိုးဆိုးလုနှိုက်ကို အောက်ကြေးနဲ့ညှိရ၊ တပ်ပြေးတွေကို ရာထူးတဆင့်တိုးနဲ့ ညှိရနဲ့ ငါးပိကိုင်မိတဲ့ မျောက် မောင်း ချောက်မှန်သလို ဖြစ်နေတာသိရက်နဲ့ ထွက်မဲ့ဟာ ထွက်တာမဟုတ်ဖူး။ တပ်ကို စောက်ခွက်ပြောင်ပြီး ခွေးဝမ်းသာအောင် လေလည်ပြနေတယ်။
မအလအနေနဲ့ကလည်း သူ့တပ်သူ ပြန်ပလီဖို့ အောက်လမ်းနည်းလုပ်ရတာပ။ အပစ်ရပ်ပေးပါခမျာလို့ တရုတ်မှာ ဒူးထောက် တောင်းပန်ခဲ့ရပေမယ့် ဒီမှာတော့ ဆန္ဒပြပြီး ဖောင်းထုပြရတာပေါ့လေ။ အရှုံးနဲ့ တဆုံးခံနေရတဲ့ဘောမတသိုက်ကို စိတ်ထွက်ပေါက်လည်း ပေးရင်း ထမင်းဖိုးလေးလည်း ပေးရင်း နှစ်သိမ့်ပြီးသားလဲဖြစ်တာကိုး။ ခွေးငတ်နဲ့ ဖိနပ်ပြတ် တွေ့တဲ့အဆင့်ထက်တော့ မပိုဘူးပ။
ကိုယ့်တပ်ကို ပြန်မပလီလို့လည်း မရဘူးလေ။ ခုလို ဗိုလ်မှူးချုပ်တွေ မျိုးတုံးလုနီးနီးဖြစ်နေတဲ့အချိန်မှာ ဒူးထောက် ဆွေးနွေးတာကို ထောက်ခံတဲ့အဖွဲ့နဲ့ မထောက်ခံတဲ့အဖွဲ့ကလဲ ကွဲနေ။ လောက်ကိုင်မှာလက်နက်ချတာကို ဉာဏ်ကြီးတယ်ပြောတဲ့အဖွဲ့နဲ့ တပ်သိက္ခာကျတယ် ပြောတဲ့အဖွဲ့ကလဲ ဂွမ်းနေ။ တခါ လက်နက်ချတဲ့ ကောင်တွေကို အရေးယူရမယ် ပြောတဲ့အဖွဲ့နဲ့ မယူရဘူးပြောတဲ့ အဖွဲ့ကလည်း သပ်သပ်။ အာဏာရူးစစ်ခေါင်းဆောင်တွေ ကြောင်ချင်တိုင်းကြောင်ဖို့ အသက်ရင်းတိုက်နေစရာအကြောင်းမရှိဆိုတဲ့အဖွဲ့နဲ့ ဘာဘဲဖြစ်ဖြစ် စစ်သားဆိုတာ အမိန့်နာခံရမယ်ဆိုတဲ့အဖွဲ့ကလဲ တကျက်ကျက်။ အင်း အဲကောင်တွေက မအလကို ငါကိုင်တုတ်တာကျ တူကြပြန်ရော။ ဆိုတော့ အောက်လမ်းနည်းလုပ်ပြီပေါ့။
တဖက်က မဘသနဲ့ အူကြောင်ကြားပအိုဝ်းတွေကို ဆန္ဒပြခိုင်းသလို တဖက်ကလည်း အပစ်ရပ်ဒေသတွေကို ဗုံးကြဲလိုက်၊ အမြောက်နဲ့ ထုလိုက်၊ အမယ် စစ်ကြောင်းတောင် ထိုးလိုက်သေး။ ထိုးတာက ငြိမ်းချမ်းရေးကုန်း ဆိုတော့ ငြိမ်းချမ်းရေးဆွေးနွးတာ ပျက်ပြီဆိုတဲ့ အထာပေါ့။ ဒိုင်က စည်းမျဉ်းစည်းကမ်းပြောနေတုန်း တဖက်လူက သေချာနားစိုက်ထောင်နေခိုက် အလစ်အငိုက်အချောင်ဖိုက်တဲ့ သွေးကြောင်လက်ဝှေ့သမားလိုပေါ့လေ။ ယှဉ်ထိုးရင် သူ့အလှည့်မှ မရှိတာဆိုတော့ အင်း အောက်လမ်းနည်းရရှာပြီပေါ့လေ။ အချိန်ရရင် ရသလောက် ယုတ်မာကြောင်းပြရတာလည်း တပ်မတော်ကြီးရဲ့ နေ့စဉ်ဝတ္တရားဆိုတာလည်း လူတိုင်းက သိပြီးသားပါ။
ခုချိန်မှာ ညီနောင်သုံးဖွဲ့က မြန်မာ့လွတ်မြောက်ရေးတိုက်ပွဲရဲ့ အဓိကဇာတ်ကောင်ကြီးတွေ ဖြစ်သလို သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်နဲ့ လက်တွေ့လုပ်ဆောင်ချက်ကြောင့်ရယ်၊ စစ်အုပ်စုနဲ့ တန်းတူထားပြီး တရုတ်ရဲ့ နေရာပေးလာမှုကြောင့်ရယ်ကြောင့် နိုင်ငံရေးဩဇာပါ ကြီးထွားလာပါပြီ။ အဲဒါကို မလောက်လေးမလောက်စား နေ့စားလိုက်ဆန္ဒပြသမားလောက်၊ အမြီးနဲ့ ချိုပေါက်နေတဲ့ ငမြောက်ငချောက်ဘုန်းကြီး ဗြောက်သောက်လောက်နဲ့တိုက်လို့ အယားတောင်ပြေမယ် မဟုတ်တာတော့ သိကြပါတယ်။
ဒီအူကြောင်ကြားတွေနဲ့ မျက်စိရှုပ်အောင်လုပ်ပြီး သူတို့တပ်တွင်းပြိုကွဲမှုကို ကျိတ်ဖာထေးရင်း မဟာဗျူဟာ ပြန်ဆွဲနေကြပါတယ်။ အဟောင်းကြီးတွေကို အလေးခံ မ မထားတော့ဘဲ စတေးရန်ကြံနေတာလည်း ကြာပါပြီ။ ဒေါ်လာတွေ အထပ်လိုက်နဲ့ ယပ်ခပ်နေကြသူတွေကို အလှထိုင်ကြည့်လို့မရတော့တဲ့ အချိန်အခါ မဟုတ်ပါလား။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar