Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၆၆ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၆၆ )

(မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄


11/2/24

Diary in the darkness


ညက စစ်ကောင်စီက ကြေညာချက်ထုတ်တယ်။ အရွယ်ရောက်သူတိုင်း စစ်ထဲ မဝင်မနေရတဲ့။ 

သူငယ်ချင်းတွေနဲ့ ဖွဲ့ထားတဲ့ အုပ်စု FB group ထဲ မှာ ယောက်ယက်ခတ်သွားတယ်။ 

ကျွန်တော်တို့က အသက် ခြောက်ဆယ် ခုနစ်ဆယ် အရွယ်တွေဆိုတော့ သားသမီးတွေက သုံးဆယ်၊ လေးဆယ်ဝန်းကျင်တွေလေ။ စိုးရိမ်ကြပြီပေါ့။ 

အများစုက မြေးပေါက်စကလေးတွေ ထိန်းရင်း ဆည်းဆာချိန်ကို ဖြတ်သန်းနေသူတွေ။ တညလုံး မအိပ်နိုင်ကြ။ 

ဒီ ဒုက္ခပင်လယ်ကြီးကို ငွေတံတားခင်းပြီး ကျော်နိုင်ပါ့မလား။ ဘာသာရေးအကာအကွယ်ယူပြီး သာသနာဘောင်ထဲ ဝင်ပြေးရင်ကောင်းမလား။ ကိုယ်လက်အင်္ဂါတခုခု အဆုံးခံပြီး ဒုက္ခိတဘဝပြောင်းကာ ခြေတပေါင်ကျိုး ခုန်ထွက်ကြရမည်လား။ အဖြေက မရေမရာ။ 

စစ်ကောင်စီကား အဆုံးစွန်ထိ မိုက်မဲနေလေပြီ။ 

သူနှင့် သူ့နောက်လိုက်များသာမက လူသားအားလုံးကို အပူမီးတိုက်နေလေပြီ။ 

အကျွန်တို့၏ လောင်ကျွမ်းသော ခန္ဓာအိမ်ကို အရင်းပြုကာ စစ်ဘုရင်တို့၏‌ နေပြည်တော် ကြီးကို လောင်မြိုက်ရန်မှတပါး အခြားမရှိပြီ။ 


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar