Breaking News

ဆက်ဝေမိုး - ကျန်ရစ်သူ

ကျန်ရစ်သူ

ဆက်ဝေမိုး

(မိုးမခ) မတ် ၂၁ ၊ ၂၀၂၄

အသက်တွေကြီး 

ကြီးလာတဲ့ကြားက

အချိန်တွေ မြန်မြန်ကုန်ချင်လွန်းတယ်၊

ပျောက်သောသူ ရှာရင်တွေ့

သေသောသူ ကြာရင်မေ့ ဆိုတာ

တကယ်လား သိပါရစေ။


အခုတော့

သေသောသူက 

သေခြင်းနဲ့ အနိုင်ပိုင်းခဲ့ပြီး

မသေသောသူက 

မသေရုံတမယ်။   ။

၁၉.၃.၂၀၂၄

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar