Breaking News

မသခ - ငါ့ခရီး

Artist Tin Htoon 

ငါ့ခရီး
မသခ
(မိုးမခ) မတ် ၂၄၊ ၂၀၂၄

လူခွဲတော့
အဖြူ အမည်း ပေါ့ ။

ကယောင်ကတမ်း ဆို
အမှောင်ခြမ်းမှာ ထားလိုက် ။

မူ မဖျက်တဲ့ဆရာက
အဖြူဘက်လာ ။

မျက်နှာပြောင်တယ်ဆိုတာ
အရှက်ဗလာကောင်တွေလူးတဲ့
အပေါစား မိတ်ကပ် ။ 

ထမင်းတစ်လုပ်အဖို့
ထင်းခုတ်မလို့ တဲ့ ။ 

ရွှေတောင်ဘက်မှာ 
နေရောင်တွေ လက်ပါရောလား ။ 

မှိုင်းကဝေဆရာမြတ်ရဲ့
သမိုင်းခြေရာ အဖြတ်ကို
နဘေရှာထပ်လို့
ငါတို့ လိုက်ခဲ့ကြပြီ။ ။ 

၁၂ ဇူလိုင် ၂၀၂၃
*** ဆရာကြီးမှိုင်းပန်းချီကားကို ဆရာ Artist Tin Htoon ဆီမှခွင့်ပြုယူပြီး အသုံးပြုပါသည်။ 
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar