Breaking News

သင်းရည်လွင် - မနက်ခင်း ရေဒီယို ၊၁၄ ၊


မနက်ခင်း ရေဒီယို ၊၁၄ ၊
သင်းရည်လွင်
(မိုးမခ) မတ် ၁၆၊ ၂၀၂၄

ကမ်းပါးယံတွေက 
အသေခံပဲ့ကြွေပေးနေတာ
ခင်ဗျား ဝါးနေတဲ့ ပီကေလည်း ပါတယ်
စနက်တံအလျားအတိုင်း 
ရုတ်တရက် 
ဝုန်းဆို တဲ့အသံ
စားလက်စ ထမင်းပန်းကန် ဟာ
ငါ့ နံမည်အော်ခေါ် လို့
ငညို လို့  ခေါ်ရင်ပြေးလာတတ်တဲ့
ခွေးကလေး 
တွင်းတူးမိုက်သွားရှာတယ်
အဖြစ် အပျက်တွေ က မြန်လွန်းတော့
ငါ တို့ကြက်သေ သေနေ
မဟုတ် ဘူး မှား လို့
ခွေးသေ သေကြ 
ဘဝက ဒီလို ကြည့်နေရတဲ့ အခိုက်အတန့်
တစ်ယောက် ထဲ ငါ့ ကို ငါ ကြည့်
ဒီနေ့တော့ ရှိသေး တယ်
မြေပြင် ပေါ်လဲလျှောင်း ရင်း
ငါ တို့ရော ဘယ်အချိန် လွင့်မှာပါ လိမ့်
ည အမှောင် ထဲ
တိမ်တွေထဲ  မင်း ကြည့် နေလား
ငညို ရေ
ငါ တို့ က ကြယ်ကြွေ တွေလား
အစက် အပျောက်လေး 
တစ်ခု တစ်လေပေါ့
အမှတ်တမဲ့ လင်းခဲ့တယ် ။
Mar 13
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar