Breaking News

စိုးရိမ် - ငါတို့သည်


ငါတို့သည်
စိုးရိမ်
(မိုးမခ) မေ ၂၃၊ ၂၀၂၄

အခုတော့ကျရှုံးနိုင်ငံထဲ
ခေါင်းမဖော်နိုင်သေးဘူးပေါ့

ငါတို့ရဲ့စာရိတ္တလား
ဒင်္ဂါးကိုဒေါင်ခနဲမြည်အောင်စမ်းသပ်သလို
အစမ်းအသပ်ခံနိုင်ပါတယ်

ခွေးသားချင်းစာနာမယ့်
အာဆီယံကိုလဲ မျက်နှာချိုသွေးမှာမဟုတ်ဘူး
ယူအန်ကိုလဲ မျက်နှာချိုသွေးမှာမဟုတ်ဘူး
အမေရိကန်တော့ အဝေးကြီးပေါ့

အိမ်နီးချင်းလူယုတ်မာတွေကိုလဲ
တချိန်မှာရှင်းရမယ့်စာရင်းထဲတို့ထားပါတယ်

ငါတို့လက်နဲ့ပဲ
ငါတို့ရဲ့အနာဂတ်ကိုပြန်ယူမှာ အသေအချာပေါ့ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar