သျှင်မျိုးငယ် - အရည်မရ အဖတ်မရ
အရည်မရ အဖတ်မရ
သျှင်မျိုးငယ်
(မိုးမခ) မေ ၂၁၊ ၂၀၂၄
ပြဿနာဟာ
ဆေးစက်ကျရာထက် ခရီးပိုတွင်တယ်။
မိုးမမြင်လေမမြင်
ညဟာ ပင်လယ်ပြင်ကို ရိုက်ခတ်တော့
အစွယ်ငေါငေါ မနက်ခင်းတွေဟာ အထင်းသား။
ဆေးသားမပြယ့်တပြယ်
ရယ်သံအတုတွေ ခမ်းနားထည်ဝါတဲ့နေ့တွေထဲ
ပြန်မရတဲ့ပဲ့တင်သံတွေကိုနားဆင်ကြည့်မိတော့
အရည်မရ အဖတ်မရ
ဘဝဟာ ဘာမှမရဘဲ ရှင်သန်နေပြန်ရဲ့။
လက်ဗလာနဲ့ေြခသလုံးအိမ်တိုင်သမားအတွက်
ဘာကိုငဲ့ကွက်နေရဦးမှာလဲ
နောက်ပြန်ကြည့်တော့့ ကျောပဲ ရှိခဲ့တာ မဟုတ်လား။
ခရီးသွားတစ်ယောက်မျှပါပဲ
လရောင်အကောက်အကွေ့တွေထဲ ခရီးဆက်ခဲ့ရ
အခုလက်ရှိသက္ကရာဇ်တွေက
ဘဝထဲ အရည်မရ အဖတ်မရပါပဲ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar