Breaking News

ရဲဘော်တေး - ကြင်စိုးနဲ့ ၂၄

ရဲဘော်တေး - ကြင်စိုးနဲ့ ၂၄

(မိုးမခ) ဇွန် ၂ ၊ ၂၀၂၄


ခုဆိုရင် ဒေါက်လုတဲ့ စောက်ပုကို တော်လှန်ရေးသမားတွေကဘဲ အမဲဖျက်နိုင်မလား၊ တပ်ပလ္လင်ခိုးတဲ့ အငတ်ဘုရင်ကြင်စိုးကို သူ့တပ်မင်းတွေကဘဲ တက်ခွနိုင်မလားဆိုတာ စောင့်ကြည့်ရမယ့်အခြေအနေပါဗျ။ 

အနီးအဝေး အခွင့်ရေးကလဲ တပ်မင်းတွေက ကပ်ဗျင်းလို့ရသကိုးနော့။ စောက်ပုက အပြင်ကို သိပ်မထွက်ရဲတော့ အရပ်ဘက်မှာ အခွင့်အလမ်းပါးသလိုတော့ ဖြစ်နေတာပေါ့နော်။ ဒါပေလို့ တပ်ဘက်ထက် အရပ်ဘက်က ပိုလက်ရဲဇက်ရဲရှိပြန်တော့ တချက်လစ်တာနဲ့ တက်ကစ်နိုင်မှာကလဲ သေချာသလောက်ဆိုတော့ကား အရပ်ဘက်ကလဲ အထက်ကြေးဘဲပေါက်နေပါသဗျ။ 

ခုတခါ တပ်ဘက်က အားသာလာတာကတော့ မပြန်နောက်တန်း စစ်မှုထမ်းနေရတာကိုတောင် မကျေနပ်နိုင်သေးဘဲ ၂၄ နာရီလုံးလုံး စစ်မှုထမ်းရမယ်ဆိုတဲ့ မအိပ်မနေ အသက်သေ ဥပဒေပါဘဲဗျ။ တချို့ကလည်း နောက်တန်းကျန်တွေ လင်ငယ်နေဥပဒေလို့လည်း ပြောကြပါတယ်။ အဲဒီဥပဒေထုတ်လိုက်တော့ တပ်ရင်းမှူးတွေ မျက်ခုံးလှုပ်နေပါပြီဗျာ။ အရက်နဲ့ဆေး နှစ်ပင်လိမ်ထားတဲ့ကောင်တွေက ပြန်ကျွေးမယ့်အရေး ရင်လေးနေရလို့ "ဒီမအေပေးအဘကို ဘယ်သူသတ်မလဲ" ဆိုပြီး ကလော်ဆဲနေကြပါပြီ။

တပ်ရင်းမှူးတွေ တပ်မမှူးတွေခမျာ စစ်ဥထမ်းဥပဒေနဲ့ မတရားခြိမ်းခြောက် မဲဖောက်အတင်းဆွဲ သေနတ်နဲ့ချိန်ခေါ်သွင်းလာတဲ့ ရက်တိုသင်တန်းဆင်းလာတဲ့သူတွေက ချောင်ရင်ချောင်သလို ကစ် လစ်ပြေးမှာကို ကြောက်ရတဲ့ကြားထဲ တပ်ထဲက အာဠာဝကနဲ့ စပ်ကျထားတဲ့ နာဠာဂိရီဆင်တွေကို အရက်ကိုးမောင်းတိုက်တဲ့ ၂၄ ဥပဒေထုတ်လိုက်တော့ သွေးပျက်ရပြီလေ။

ဒီဥသစ်က စစ်ခွေးထွက်ပြေး ၂၄ ကို ကြောက်ပြီး ယတြာလည်းကြေအောင်၊ လူနည်းလာလို့ တယောက်တည်းကို သုံးယောက်စာ လုပ်ခိုင်းပြီး စစ်အင်အား သုံးဆတိုးသလိုဖြစ်အောင်လုပ်တဲ့ တချက်ခုတ် လေးချက်ပြတ် ခေါသနီရဲ့ မဟာအကြံတော်မြတ်တဲ့ဗျာ။ အဲဒီအတွက် တပ်တွင်းကို မြင်းဆေး လိုသလောက်သွင်းပေးရမတဲ့။ မြင်းဆေးသွင်းဖို့ အောင်ပြည့်စုံများ ကန်ထရိုက်ပေးထားသလား၊ ဦးအောင်ခမ်းထီသားတွေပဲ ကန်ထရိုက်ရသလားတော့ မသိ။

အဲဒီ အဲဒါတွေဟာ တပ်ဘက်က အားသာချက်တွေပေါ့လေ။ 

ပြီးတော့ အိမ်ကွင်းပရိသတ်။ 

တပ်တွင်းတပ်ပြင်တပ်လွင့်တပ်စွန့်မုဆိုးမဂိုဏ်းကလဲ ကဒါဖီလို ဒီငပုတ်သိုးကို ဒုတ်ထိုးရမှကြေမယ် အသေတွယ်မယ်ဆိုတာချည်းဘဲဗျ။ ဘာ့ကြောင့် ဒုတ်နဲ့ထိုးချင်ရတာလဲဆိုတာကတော့ ခံစားနားလည်ပေးနိုင်မယ်ထင်ပါတယ်။ 

ဒုတ်ထောက်ဂိုဏ်းသားတွေကတော့ မပြောနဲ့တော့၊ သူတို့ပြတ်သလိုမျိုး မိုင်းပြားလေးပေါ်မှာ ကာပုခြေဖမိုးတော်လေးကို တင်ပြီး မြောက်တက်ပြတ်တောက်သွားတဲ့ဇာတ်ဝင်ခန်းလေးရိုက်မယ်ဆိုတာချည်းဘဲဗျ။

ဘလိုင်းဂိုဏ်းကတော့ ရှင်းတယ်၊ မျက်စိနှစ်ကွင်းကို ဘယ်ဒင်းမှ မထိရ၊ သူတို့ကိုယ်တိုင် ယမ်းစလေးတွေဖြူးပြီး တကူကူးမယ်တဲ့။

သရေကြိုးစ ဖေလိုးမသား‌က သူ့ဖျင်လေးယမ်းပြီး သူ့အမြီးလေး ပေါက်ဖော်ကြီးဆီ သွားသွားနှန့်ဖို့ ကျားဖြန့် ကျားဖြန့် ဆိုပြီး ထိုးထိုးကျွေးခံထားရတဲ့ ဗိုလ်ကတော်ဂိုဏ်းသူတွေကလည်း ဗိုက်တဲ့၊ ကျားဖြန့်ဘုရင်ကြီးတွေ ဆက်သထားသမျှ ဆက်ကြေးတွေ အူထဲအသည်းထဲကပါ မကျန် ဘယ်ကလီစာမှမချန် ပြန်နှိုက်ထုတ်ပြမယ်တဲ့။

စစ်ရေးမဟန်လို့ဆိုပြီး အပြစ်ပေးခံ အရန်ခုံထိုင်နေရတဲ့ ချုပ်တစုကတော့ အယုတ်ငပုလင်မယားကို ရခိုင်ရှေ့တန်းလွှတ်ပြီး ကိုက်ခိုင်းမယ်ဆိုဘဲ။ မယားက ဝိုင်းဟောင်ပေါ့လေ။ 

သူ့သားနဲ့သမီး မြီးတွေကို စီရင်မယ့် ဖတဆိုးအဖွဲ့က သတ်သတ်။ ငါတို့ ငတ်သလို အငတ်ထား၊ အမိလေးမဲ့သွားပုံ၊ အဖလေးမဲ့သွားပုံ၊ အဘိုးလေးပျောက်သွားပုံ၊ အဘွားလေး လစ်သွားပုံတွေ နှေးနှေး ဖြည်းဖြည်း ခံစားစေမတဲ့။

အဲသလို အိမ်ကွင်းပရိသတ်ဖိအားကလည်း တပ်ဘက်အားသာမှုကြီးတခုပေါ့ဗျာ။

အင်း ဒါကတော့ ဦးဘချစ်အထင်ကိုးလို့ ပြောရတော့မှာဘဲ။

အရပ်ဘက်က လက်တင်သွက်တာ မဟုတ်၊ ဖရဲသီးတခင်းနဲ့ ဖြဲပြီးရင်း ဗျင်းနေတာသာကြည့်။ ဖရဲသီးသတင်းသာ တိကျရင် အမိအရ ဒေါ့ဗုံး ကျွေးပြီး ခွေးမောင်းပွဲ ခွေးဖမ်းပွဲ အပီဆွဲကြမယ်ဆိုတာချည်းဘဲလေ။ ဖရဲသီးဆိုတာ  တပ်ထဲက စိုက်ခင်းဆိုတာလောက်ပဲ ပြောတော့မယ်။ 

ဘယ်ဈေးပေါက်ပေါက် နောက်မဆုတ်တမ်း ခွေးပြိုင်ဖမ်းပါမယ်တဲ့ဗျာ။ 

ယတြာ နှစ်ထပ်ညှပ်ပြီး ၂၄ နာရီကြင်စိုးလား၊ ၂၄ ရက်စောက်ပုလား ဆိုတာကို စောင့်ကြည့်ကြပါစို့ခင်ဗျား။ 





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar