ရတနာပုံဆရာမှတ်ကြီး - ဦးခိုက်သလိုလိုနဲ့ ဒူးတိုက်
ရတနာပုံဆရာမှတ်ကြီး - ဦးခိုက်သလိုလိုနဲ့ ဒူးတိုက်
(မိုးမခ) ဇွန် ၂၇ ၊ ၂၀၂၄
တနေ့မှာ ရှမ်းမြောက်က သိမ်းဆည်းခံနယ်မြေတွေ ပြန်ရစေရမယ်ဆိုတဲ့ ကြောင်တောင်ကြက်တက် ပုအိပ်မက်ကလေး ကွဲအက်ကြေမွ မြေခရှာလေပြီ။
ပြန်ရမလားဆို သွားစတာ နောက်ထပ်မြို့တွေပါ အလိုက်ပေး ခွေးတွေထပ်ဂိန် ခွေးအိမ်တွေဆုံး ခွေးမျိုးတုံးဖို့ပါ ဖြစ်လာပါရောလား။ ဟော ခု လေကြောင်းရန်ကာကွယ်ရေးတပ်ပါ မန်းပီဒက်လက် ဇွပ်ခနဲပါသွားလို့ နာကျင်ခံခက်ရတဲ့ကြား ငိုချင်ရက်လက်တို့ လေယာဉ်ပစ်အမြောက်ကြီးတွေပါ ဆို့အောက်ဖြစ်သွားလို့ အို့အို့သံကြားရင် ပျို့ပျို့တက်နေတယ် ကြားရတယ်။
စောက်ပုစိတ်ကူး လက်ကုန်ရူး ဆိုသလို အင်တာနက်က ထစ်၊ လျှပ်စစ်ကမှောင်ပါတယ်ဆို ကြောင်တောင်တောင်နဲ့ ဒစ်ဂျစ်တယ်ငွေကြေးသုံးရမယ် ပြောလို့ပြော၊ ကိုယ်တိုင်က ဘလက်လစ် ငနက်ညစ်၊ ခြောက်လ တခါ ဘေဖြည့်ပြီး VPN နဲ့ အစိုးရလုပ်နေရတဲ့ကောင်က ကုန်သည်တွေကို ဘလက်လစ် ထုတ်လိုထုတ်၊ ဒါ့ကြောင့် ကုန်သည်တယောက်က ချေးကားတိုက်ခံရတာထက်တောင် နာသေးလို့ ပြောတာပဲ။ မဆီတဲ့မဆိုင် နံ့သာဆီနဲ့အီး ဆရာဆရာမသတ် စာသင်ကျောင်းမှန်သမျှ တပ်ချထားတဲ့ကောင်က ဂယောင်ဂယင် ပညာတတ်များနဲ့ သာယာဝပြောတဲ့အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ချင်တယ်လို့ ဟောင်လို့ဟောင်၊ မတန်မရာ ဆင်ရီးမှ ငုံချင်တဲ့တကယ့်ခွေးနာ၊ အင်း သူ့တပ်ထဲကကောင်တွေ မင်းကြောင်လှိုင်လို့ ခေါ်လဲ ခေါ်စရာ။
ဟော ခု ယတြာစူးပြီ။ ဘုန်းကြီးနှစ်ပါး ကားနှစ်စီးလှူတဲ့ယတြာလေ။ သွားလှူတာက မင်းဂျောင်းနဲ့ မစိုးရိမ်။ အဲဒီကတည်းက တပ်ထဲမှာ မင်းဂျောင်းမှာ မပူနဲ့၊ စိုးရိမ်စရာကို မရှိတာလို့ ပြောနေကြပြီးသား။ သူနဲ့ ခေါသအုပ်မဘဲ မကြားတာ။ အဲသမှာ ကာလဝိပါက် နောက်ပိုးတက်ပြီး တကယ့်ဆရာတော်ကြီးနှစ်ပါးကို ကားပေါ်မှာ ပစ်သတ်မိတော့တာပဲ။ ကံအားလျော်စွာ တပါးက မပျံတော့ အမှန်တွေ သွန်ချရော။ ခုကျမှ လွန်သမျှ ဝန်ချပါတယ်ဆိုတာကို လူငှားနဲ့ တိတ်တိတ်ကြိတ်သွားပြောခိုင်းတာ။
စစ်တပ်မှာ မှားတယ်ဆိုတာ ဘယ်တော့မှ မရှိရဘူးလေ။ မှားလို့ တောင်းပန်တယ်ဆိုတာလဲ ဘယ်စစ်ခေါင်းဆောင်မှ မရှိရအစဉ်အလာနဲ့ကိုး။ ခက်တာက သာသနာ့ဒါယကာလို့ကလည်း ဇွတ်အတင်း ကိုယ့်ဘာသာ သွတ်သွင်းထားပြီးဖြစ်။ စစ်ရေးကလဲ ပစ်ပြေး။ ပစ်ပြေးဆိုတာ သူ့ကို ပစ်ပြီး ဟိုဘက်ပြေးတာ ပြောထာ။ စီးပွားရေးကလည်း သူ့မိန်းမစောက်ခွက် ချေးပုံပေါ် မှောက်ရက်လဲထားသလို ဘာဖို့ရာမှမကောင်း။ ကျန်းမာရေးကလည်း သူ့ကို အာဏာလွှဲပေးပါတယ်ဆိုတဲ့ ဒုလဒ အဲအဲ ဒုသမတ လမြင့်ဆွေလေးတောင် ခေါင်းထောင်အောင် မကုနိုင်၊ ဟိုက လဒအိပ်ဆေးတိုက်ထားတဲ့ စတိုင်၊ ထိုင်တာလား ငိုင်တာလားတောင် ခွဲခြားရခက်၊ ခုနေများ စောက်သက်ထွက်သွားလို့ကတော့ ခြောက်လစာဘေဖြည့်ပေးမယ့်ကောင်မရှိလို့ ကိုယ့်ဘာသာမှန်ကြည့် သေနတ်နဲ့ထုတ်ချိန် အာဏာပြန်လုရမယ့် ဇာတ်ရူးဒီဇိုင်းကို တွေးသာကြည့်။ အင်း တိုင်းရေးပြည်ရေးကတော့ အမျိုးဘာသာသာသနာလို့တောင် ဟန်ဆောင်ပန်ဆောင် မအော်နိုင်ရှာတော့ဘဲ အနောက်တံခါးသွား ဖျင်ကားပေးထားရတဲ့အဆင့်။
မွတ်စလင်လေးတွေခမျာလည်း ဘာနဲ့ဆွယ်ထားလို့ အသေခံတွယ်ကြတယ် မသိ။ သူတို့ခေါင်းဆောင်တွေ လှည့်စားခံရတဲ့ ပအိုဝ်းတွေလို ဘူမသိကိုးမသိ မျက်စိနဲ့နား တချိန်လုံးပိတ်ခံရ၊ ဖွင့်ပေးပြန်တော့လည်း နေပူတယ်ဆိုပြီး စေတနာတွေထားသလိုလိုနဲ့ မျက်မှန်စိမ်းလေး တပါတည်းတပ်ပေးလိုက်တော့ ကောက်ရိုးခြောက်နဲ့ မြက်စို မှားစားနေကြတော့တာမျိုးဘဲလားထင်ရ၊ ဒီလောက် ရူးတဲ့နှမ်းတဲ့ ကြမ်းကြုတ်ရက်စက် အောက်တန်းနောက်တန်းကျလွန်းတဲ့ လူလွန်မသားရဲ့အသုံးချခံနေရတာတော့ မိအေး နှစ်ခါနာတာထက် ဆိုးလွန်းပါတယ်။ ရှိပြီးသားဒုက္ခတွေနဲ့ မချိမဆန့်ဖြစ်နေပါတယ်ဆို အာဏာအသိမ်းခံရလို့ ထပ်ဆင့်ဒုက္ခများရတဲ့ကြား အဲဒီအာဏာငတ်လူသတ် ဓားပြ ငစဥ်းလဲကောင် သားစဉ်မြေးဆက် အမျိုးမျိုး ဒုက္ခပေးလာတဲ့ကောင် ကိုယ်ကိုယ်တိုင် ဂျီနိုဆိုက်ပါလို့ တတွတ်တွတ်ပြောလာတဲ့ကောင်နဲ့ ပြန်ပေါင်းပြီး ကိုယ့်လူမျိုး ကိုယ့်ရပ်ရွာ ကိုယ့်ဘာသာ ကိုယ့်သာသနာ ကိုယ်အတူယှဉ်တွဲနေရတဲ့သူတွေကိုပါ ဒုက္ခဝိုင်းပေးနေရတဲ့ဘဝလေ။
မိဘပြည်သူများ သိထားတဲ့အတိုင်း မင်းကြောင်လှိုင် အခြေအနေက အသေနဲ့ မသာ ဂန့်တာနဲ့ အသုဘဘဲရှိတော့တာမို့ "အရှင်ဘုရားတို့ ခွင့်လွှတ် အဲလေ ခွေးလွှတ်၊ ခွေးမို့ လွှတ်ပေးကြပါဘုရား" သွားလုပ်ရတာကိုး။ မဟုတ်ရင် အလောင်းတောင် သရဏဂုံတင်ပေးမယ့် ဘုန်းကြီးမရှိ၊ ပြိတ္တာဘဝကကျွတ် ဘဝကူးဂွတ်ဖို့ သပိတ်သွတ်ပေးမယ့် ဘုန်းကြီးပျောက် တတပ်လုံး သပိတ်မှောက်ခံရမယ့်ဘဝ ရောက်တော့မှာကိုး။
ဒီ့အတွက် သူ့ကိုယ်တော်ကြီးဒလန်နဲ့ သည်းခံပေးဖို့ရယ်၊ ကမ္ဘာအရေး မြန်မာအရေး ဘာညာသာရကာတွေးပြီး ဆရာဒကာ မပလေးဖို့ရယ်၊ ဦးခေါင်းတော်ကို တေ့ဖောက်ပေမယ့် မေ့ပျောက်ပေးဖို့ရယ်ကို ရှေ့ပြေးလွှတ် တွတ်ခိုင်းထားပြီးသား။
ဘာရမလဲ သာဝရာ။ မင်းအကြံ အဖျင်းဉာဏ်လောက်တော့ တတိုင်းပြည်လုံး အံခွနေပြီးသား။ အိုင်တီခေတ်လေ လကြင်စိုးရဲ့။ တိုးတိုးလေးလုပ် သတင်းတွေ ဘာတွေမထုတ်ဖဲ ကြိတ်အုပ်လို့ရမလား။ လူတိုင်းမှာ အသံလွှင့်ဌာနနဲ့။ နင်တို့လို အကောင့်မဲ့ဘဝ မဟုတ်။ ဟော Live လွှင့်လိုက်တော့ မင်းရဲ့ ကြိတ်ပွဲကြီး ထိပ်ကွဲရောမဟုတ်လား။ မလှ ရွာလည်ပြတဲ့နေရာမှာတော့ ချာတူးလန်ကြင်စိုးကို မီတဲ့သူတယောက်မှမရှိဘူး။
အဲလို သူ့ဆရာဂူကြီးက မတော်မတရား ရှေ့ဆောင်စော်ကားသွားတဲ့အတိုင်း သူကလည်း သူ့ဖောကားက လိုက်တားရက်နဲ့ ဘုန်းကြီးဆပ်ကားက မရပ် မှားသတ်အောင်လုပ်လို့ မှားလိုက်ရတာမျိုး၊ မှန်မချလို့ဘဲ သံသယအကျိုး ခံစားလိုက်ရသလိုမျိုး ဝေ့လည်ရှောင်ထွက် ကျန်ကိုယ်တော်ကိုတောင် တာဝန်ဝတ္တရားနှောင့်ယှက်မှုနဲ့ အရေးယူသင့်ပေမယ့် မယူတော့ဘဲ သက်သက်မဲ့ သည်းခံပြီး ခွင့်လွှတ်ပေးလိုက်သလိုမျိုး လာပြောဆိုတာကတော့ သံဝေဂနဲ့ မာန်တွေချပြီးတောင်းပန်လျှောက်ထားရာမကျတဲ့အပြင် ပျံလွန်ဆရာတော့်အပေါ် ထပ်ဆင့်ကျူးလွန်မှုတောင် ဖြစ်နေတာလေ။ သူ တောင်းပန်ပုံက ဆရာတော့်မှန်ခေါင်းကို ဦးခိုက်ယောင်ဆောင်ပြီး ဒူးတိုက်လိုက်တာလေ။
အဲဒီတော့ တိုတိုပြောရရင် ဘုန်းကြီးတွေရဲ့ သပိတ်မှောက်ပွဲတွေ တမြို့ပြီးတမြို့ လာတော့မယ်ဆိုတာပါပဲ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar