Breaking News

ရဲဘော်တေး - ခွေးတိုးပေါက်တွေ ပိတ်ကြဟေ့

ရဲဘော်တေး - ခွေးတိုးပေါက်တွေ ပိတ်ကြဟေ့

(မိုးမခ) ဇွန် ၁၈ ၊ ၂၀၂၄


ခေါသနီမယောင်္ကျားလေး သေးကွေးဘုစု ခွေးပုမဟာအကြံ အင်စတာဂရမ် ဝပ်ဇပ် ဖေ့ဘုတ်တွေပိတ်ရမယ်လို့ အော်ပရေတာတွေကို ပြိတ္တာမိန့်ထုတ်လိုက်တော့ သူ့မျက်နှာတေ့ပြီး ဘုတ်ဘုတ်ဘုတ်ဘုတ်လုပ်သူတဦးရှိသတဲ့။ အသူရှိရမည်နည်း။ ဒေါသနဲ့ ဇောကြွနေတဲ့ ခေါမပေါ့။ သူ့အကောင့်ပါသုံးလို့မရတော့ သူ့ဝစီကလို့စ် ဘုန်းဘုန်းရေးသမျှလဲ ဝင်မမန့်သာ၊ မေမေကြီးဖရားကိုတိုင်တည်လျက် သူ့သားတော်သစ် ဒရုန်းသခင်ကလေးတင်သမျှလဲ မမြင်ရ၊ သူ့ကိုပါ မယ်မယ်ဖရား မှန်ပလေဖလား ဟုတ်ပလေဖလားနဲ့ ဖလားချင်းပြိုင်ခုတ်မဲ့ ခေါသအုပ်ကိုလဲမတွေ့ရတော့ မိုးလင်းတာနဲ့ ဟာတာတာကြီးဖြစ်နေလို့ ငပုမျက်နှာကိုတေ့တေ့ပြီး ဘုတ်တော့တာ။ တော်က တော့အကောင့်ဖွင့်မရတိုင်း ကျယ်မအကောင့်ကို ငြောင့်တာလား စောင့်တာလား ဘာညာနဲ့ ဖာသာလဝါတော့တာတဲ့။ ဖာသာလဝါဆိုတာကော သိကြလား။ ဖာသာ လလလလနဲ့ ဝါတာကိုပြော့သာတဲ့။ အဲသာ ခွေးပုနဲ့ခေါမ ခခွေးမောင်နှံတို့ရဲ့ ဒေါမနဿမနက်ခင်း အိပ်ယာတွင်းစစ်။ 

အင်း သူရို့အဖို့ လူရာဝင်တဲ့ ဆိုရှယ်ပလက်ဖောင်း ဆိုသာကလဲ အင်း ပူတင်ဟာ ငုံကြည့်တော့လဲ မဝင်ဆန့်၊ ကိုယ့်ဘာသာ ငါ့ဟာဆို ထုတ်ဖြန့်တော့လဲ ပလေးစတိုးမှာ ခွေးသခိုးဆိုပီးမောင်းထုတ်ခံရ၊ တရုတ်ဟာကြီးကျပြန်တော့လဲ မ အအ အဲအဲ မသုံးရဲ၊ ဘယ်ထဲမှ လူစာရင်းပြလို့မရ လူ့အဖြစ်က ဖယ်ကြဉ်ခံရ၊ ကဲ ကဲ လူမဟုတ်ရင်လဲ သုနခဘုတ်ဖွင့်ပြီး ခွေးလုပ်ကြစို့ဆိုတော့ ခွေးတွေကလဲ "ဒို့ခွေးများသည် တသံသရာလုံး ဘယ်လူစုတ်နဲ့မျှ ယှဉ်တုတ်ခံရခြင်း အလျင်းမရှိခဲ့ဘူးချေ။ အပင်းစို့ ဒင်းတို့နဲ့မှ ခွေးဖြစ်လုံးလုံး ရှုံးရချေသည်" ဆိုပြီး ခဝက=ခွေးဝင်မှုကြီးကြပ်ရေးအဖွဲ့က ခွေးစာရင်းအသွင်းမခံ၊ စမတ်ကဒ်ထုတ်ပေးဘို့ဝေး ခွေးလောင်းကဒ်အဖြူတောင် ထုတ်မပေး။ 

ခွေးဝင်စားတာတောင် လက်မခံ ငြင်းဆန်ခံရတဲ့ ခွေးပုဘွ၊ အလုပ်ရှင်တွေက သူ့ဝန်ထမ်းသူ လစာတိုးပေးတာကို နိုင်ငံရှော် အသရေမတက်မှုနဲ့ အရေးယူနေပါတယ် ဆိုကာမှ စစ်ဗိုလ်တွေ စစ်သားမယားတွေက လစာမလောက်လို့ဆိုပြီး ပီဒက်ကို ကျည်ရောင်းစားသတင်းနဲ့ တဆုံး အဗျင်းခံရတဲ့ဘွ။ ခွေးလို ဟောင်ပြတာတောင် ခွေးယောင်ဆောင်မှုနဲ့ အရေးယူခံရတဲ့ဘွမျိုး။

ခွေးမဖြစ်ရလဲ ဝံပုလွေပေါ့ကွာ ဆိုတော့ "ဟေ့ ဒို့က မွေးရာပါဝံ၊ လူ့ကောက်ကျစ် လူတန်းဆုံး လူတကာမုန်းလို့ လူလုံးလှလို့လှငြား ကိုယ့်ဘာသာ ခန့်ထားတဲ့ အကောက်ဝန် ဝန်ဂလေဝန်ကချေ နသတ်ဝန်တွေ ဝန်ချီးရှုပ်တွေ ဘယ်ဝန်မှ လက်မခံဘူး" ဆိုလို့ အမြီးကုပ်လှည့်ပြန်ရပြန်။ လက်နှစ်ဖက်တော်လှန်ရေးတင်မကဘဲ ခြေလေးချောင်းတော်လှန်ရေးနဲ့ပါ သရောကြီးခိုင်းနေတဲ့ မအလလေး ငကြင်ခွေးဖြစ်ထွေပေါ့လေ။ 

လူလက်မခံ သူလက်မခံ ငါလက်မခံ တိရစ္ဆာန်လက်မခံ ပြိတ္တာလန် ငရဲပြေး ခွေးဘီးလူး စစ်မိစ္ဆာတွေရဲ့ အညှစ်စိတ်တမာတွေဟာ သတ္တကမ္ဘာမှာ ရှိရမယ့်ဟာ မဟုတ် ဆိုတာ သက်ရှိတင်မဟုတ် တံတား တော တောင် ရေမြေကပါ အလိုလိုသိတာကိုး။ တော တောင် ရေ မြေကပါ လက်မခံ ငြင်းဆန် တင်းခံတဲ့နေ့က မအလ ပြေးမယ့်နေ့ဘဲ၊ မဝေးတော့ဘူးနော်။

မအလလောဘဂျိုးတက်ရင်း တောဖြောင် တောင်ဖြို မအလ လက်ညှိုးညွှန်ရွာ ပြာဖြစ်၊ မအလခံစစ်ပြင်ရင် မြေလှန်တံတားချိုး အမျိုးမျိုးအဆိုးဆိုး ဘာကောင်းကျိုးမှမရှိ ဘုရားတိုင်းမနိုင်တဲ့ ဒိဋ္ဌိ အတ္တထွဋ်ခေါင် ငါ့ဘို့ကောင် ဆိုတော့ တပ်တွင်း တပ်ပြင် ဘယ်သူ သေသေ ငါ့မိသားစုမသေပြီးရောလုပ်နေတာ။

နောက်ဆုံး နေလို့မရတဲ့တနေ့ သူ့မိသားစုနဲ့ ပြေးမှာ၊ ကျန်သူ ဘာဖြစ်ဖြစ် ဘယ်သူက သတ်ရစ်သတ်ရစ် အသေဆိုးနဲ့ နေရစ်ပေတော့ဆိုတဲ့ ခွေးထက်ဆိုးတဲ့စိတ်နဲ့ ပြေးတော့မှာ။ 




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar