Breaking News

ဝဇီရာဒီဖိုး - နှင်းဆီမေမေ

ဝဇီရာဒီဖိုး - နှင်းဆီမေမေ

(မိုးမခ) ဇွန် ၁၉ ၊ ၂၀၂၄

အချုပ်အနှောင်ခံရသူက

ဓားကျိုးလို့ လှံခွေ 

ကောင်းကင်မှာနေ။

ချုပ်နှောင်သူတွေက

မစင်ပုပ်ထဲ 

ငုတ်တုတ်မေ့နေ။

ပွင့်ဖတ်မာကျော 

သံမဏိသားနဲ့

ပြည်သူချစ်တဲ့ နှင်းဆီမေမေ။          ။

၁၉.၆.၂၀၂၄

၁၂:၃၄၊ 

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar