သီအိုဇော် - ဘုန်းကံမြင့်နှင်းဆီ
သီအိုဇော် - ဘုန်းကံမြင့်နှင်းဆီ
(မိုးမခ) ဇွန် ၁၉ ၊ ၂၀၂၄
မတန်သူမို့
နှင်းဆီမထင်
ဆူးပဲ မြင်ရင်း
နှင်းဆီကို ကြောက်
လူစိတ် ပျောက်ကာ
ကောက်ကျစ်ဖို့သာ
ယုတ်မာစွာတွေး
ခဝေးတပိုင်းတို့
မွေးနေ့ရောက်တိုင်း
ပန်းကြောက်စိတ်နဲ့
ဝဋ်သစ်စိုးထိတ်
ညှိုးရိပ်ပိုသင့်
ချောက်ချားစိတ်ထင့်ခဲ့ရပြီ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar