Breaking News

ကျော်ဟုန်း - မဏ္ဍိုင်

Art by Than Htay Maung
မဏ္ဍိုင်
ကျော်ဟုန်း
(မိုးမခ) ဇွန် ၂၂၊ ၂၀၂၄

သိုးက ဝံပုလွေရေ ခြုံထားတာလား
ဝံပုလွေက သိုးရေ ခြုံထားတာလား
ညီအစ်ကို မသိတသိအချိန်မို့
ကြေငြာဘုတ်မှာ မကြေညာရဲသေးဘူး။

စောင့်ကြည့်ရင်းနဲ့ စောင်မကြည့်ရှုနေရ
စောင်မကြည့်ရှုရင်းနဲ့ စောင့်ကြည့်နေရ
မပြတ်သားတဲ့ အလှူမို့ ကုသိုလ်မရဘူးတဲ့လား
ကုသိုလ်မရမဲ့အလှူမို့ မပြတ်သားနိုင်ခဲ့တာလား
တွေဝေမှုကို ဆေးကြောသန့်စင်နေခိုက်
အိပ်မက်ထဲမှာပဲ
ပေါ်ဆန်းမွှေးထမင်းမို့
ကြွက်ချေးဖယ်ပြီး စားလိုက်ရပါတယ်။

ဆွေအစုံနဲ့ အောင်လံစိုက်ဖို့
အချိန်တိုနဲ့ ဘောင်ဘင်မခတ်ဖို့
ချိန်ထိုးလွှာ ဆခွဲရင်း
မူရင်းအနာကျက်ဆေးဟာ
ငါတို့မှာ ငါတို့ပဲရှိ အသိတခုပဲ
ဝင်းလက်နေခဲ့ရပြန်ပေါ့။

၂၄၆၂၁
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar