Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဇာတ်သိမ်းပိုင်း

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဇာတ်သိမ်းပိုင်း

(မိုးမခ) ဇူလိုင် ၉ ၊ ၂၀၂၄


ငလှိုင့်နောက်ဆုံးပိုင်းတော့ ရောက်လာပြီ။ 

ပထမ၊ အင်တာနက်ပိတ် ခေါင်းပစ်သတ်ပြီး လူငယ်ထုကို စိန်ခေါ်လိုက်တော့ VPNခံထားတဲ့လူငယ်‌တွေ တိုက်ပေါ်ကနေ လမ်းပေါ်ဆင်းလာ၊ နောက် လက်နက်ကိုင်အဖွဲ့တွေ ထောင်ကာ တောထဲမှ မြို့ပေါ်ပြန်တက်လာပြီး မောင်းပြန်နဲ့ ခေါင်းပြန်နှံတော့သည်။ 

အမယ် သူတို့ ခေါင်းပြန်ပစ်တော့ အကြမ်းဖက်တဲ့၊ အကြမ်းဖက်အဖွဲ့ ကြေညာဖို့တောင် လုံးပန်းနေတယ်တဲ့။ ဒါ ငပုက ဆီပုလင်း ခါးချိပ်တာဘဲလေ။ ဘယ်ကောင်တွေကို ဒေါ်လာ ဘယ်နှသန်းပေးရမယ်မသိ။ အရင်တခါ လော်ဘီငှားရထက်ဈေးထက် ကောင်းကောင်းကြီး ကြီးမည့်ဝေါဟာရပင်။ ငါးချဉ်တကောင်မှန်း လူတိုင်း သိနေတော့ကား ငပုကြိုက်လုံးလေး ချိပ်တပ် မြှားလိုက်တာနဲ့ လာဟပ်တာ။ ကိုယ့်ပြည်သူသတ် ကိုယ့်တိုင်းပြည် မီးတိုက်နေတဲ့ကောင်က ပြန်လည်ခုခံခွင့်သုံးသူကို အကြမ်းဖက်အဖွဲ့ ကြော်ညာမယ်ဆိုတော့ ထမင်းနဲ့ ဂျုံ စားတဲ့ ဘယ်လူက ပါပေးမတုံး။ ဒီအကြံနဲ့ စဖန်တဲ့ကောင်ကတော့ တသက်စာ ထောပြီ။ 

ဒုတိယ၊ ရွေးကောက်ပွဲနိုင်တဲ့ပါတီက အစိုးရဖွဲ့ဖို့လွှတ်တော်ခေါ်နေတုန်း အာဏာတက်သိမ်းသည်။ သူသိမ်းတာက ရွေးကောက်ပွဲလုပ် အာဏာအပ်ဖို့ပါဆိုတော့ ထမင်းနဲ့ဂျုံစားတဲ့ ဘယ်လူက ယုံမတုန်း။ ရွေးကောက်ပွဲလုပ် အာဏာပြန်အပ်မှာဖြင့် သိမ်းစရာကို မလိုတာလေ။ ပြည်ပျက်လူသေ၊ တပ်ပျက်စစ်သားကုန်တာဘဲ အဖတ်တင်မှာပေါ့။ မဲစာရင်းမှားတာကိုလဲ အကြောင်းပြသိမ်းစရာမလိုဘူးလေ။ မှားစာရင်းမှားတာ ကာချုပ်သောက်လုပ်မဟုတ်၊ ရွေးကော်ဥက်ကြီးအလုပ်သာလို့ သူကိုးကွယ်တဲ့ခြေဥမှာကို ရေးထားပြီးသား။ 

စစ်သားသာ ပြောတာ၊ သိမ်းချင်လို့ သိမ်းတယ်ကွာလို့ကလဲ မဟရဲ။ ပလီပလာ မူယာမာယာနဲ့ မဆိုင်တဲ့ ဒုသမ္မတက လွှဲလို့ အာဏာကို လက်ထပ်ထိမ်းမြားလိုက်ရပါတယ်ပေါ့လေ။ 

မုဒိမ်းကျင့်ပြီးမှ မိန်းကလေးသွားတောင်းတဲ့ ဒမြဗိုလ်ရဲ့စောက်ချိုး။ ဒါတောင် မိဖကို ချုပ်ထားပြီး ကောင်မလေးရဲ့ ဦးလေး သူ့တပည့်ဆီက တောင်းလာရတဲ့ ဇာတ်ကွက်နဲ့က ချွတ်စွပ်။

သူ့အဖေတုန်းကလဲ အဲလိုအကွက်ဘဲလေ။ သူ့အဖိုး လောင်းကစားသမားက သူလက်နက်ပြ‌ အတင်းအဓမ္မ ပေါင်းသင်းလာတဲ့ နောက်မိန်းမကို ဖဲပေါင်ရိုက်ထားတာ။ အဲဒါကို သူ့အဖေက သေနတ်နဲ့ လမ်းကဖြတ်လုပြီး ခဏ ထိန်းထားမယ်ပေါ့။ ခင်ဗျားတို့ ပြဿနာတွေက ရှုပ်ထွေးတယ်ပေါ့။ ပြီးရင် အစစ်အမှန်နိုင်တဲ့သူလက် အမျိုးသမီးက ကြည်ဖြူတဲ့သူလက် ပြန်အပ်ပါ့မယ်ပေါ့။ သူ့အဖေမှာလဲ ပြန်လည်ရွေးခွင့်ရှိပါတယ်ပေါ့။ ရွေးချိန်‌ နှစ်နှစ်‌‌ပေးပါပေါ့လေ။ အဲဒါ သူက နှစ်နှစ်ဖြတ်ပေါင်း၊ သူ့အဖေကလဲ မရွေးနိုင်၊ သူ့အဖေကိုလဲ ပြန်မပေး၊ အမျိုးသမီးကလဲ လက်မခံ၊ နိုင်ထားသူကိုလဲ ပြန်မအပ်ဘဲ နှစ်သုံးဆယ်လောက် ရိုက်နှက် ထိုးကြိတ် ပေါင်းသင်းလာတာ။ လင်ဆိုးမယား တဖားဖားထက်တောင် ဆိုးသေးတာ။ 

တတိယက သူ့အဖိုး သူ့အဖေနဲ့ သူရော မတရားရယူပေါင်းသင်းထားရင်းပါလာတဲ့ မယားပါသားသမီးတွေရှိတယ်။ သူတို့ယူလာတာက အကုန်သူ့များမယား မူလပိုင်ရှင်ရှိပြီးသားချည်းနော်။ ပိုင်ရှင်လက်က သေနတ်ပြယူလာတာတွေ၊ စည်းစိမ်ပြယူလာတဲ့အငယ်တွေလဲ အများကြီးရှိသေးတယ်။ အဲဒါတွေ အကုန်လုံးကိုလည်း ပထွေးယုတ်ပီပီ ပညာသင်မပေး၊ မပေးဆို သူကိုယ်တိုင်လည်း မတတ်။ စီးပွားရှာခွင့်လည်း မပြု။ သူလည်း သူများပစ္စည်းသိမ်း ဒါးပြတိုက်တာရယ်၊ မယားတွေစည်းစိမ်း လက်ဝါးကြီးအုပ် ထိုင်ဖြုန်းတာရယ်ပဲ လုပ်တာကိုး။ ကျန်းမာရေးအသိလည်း မရှိ၊ သူမရှိပုံက နားလည်နိုင်တဲ့ ရေခံမြေခံကို မပါတာမျိုး။ အဲတော့ အားလုံး ဆင်းရဲ၊ ဘိုးဘွားအမွေ စည်းစိမ်ကုန်၊ အသက်ရှည်ရှည်မနေရ။ မထင်ရင် မထင်သလို ထရိုက်သတ်တာကရှိသေး။ ခု အဲဒီလူတွေကလဲ အနိုင်ရသူ အညစ်ခံရသူ အနှိပ်စက်ခံရသူ အသတ်ခံရသူတွေနဲ့ ပေါင်းပြီး တော်လှန်ပုန်ကန် ဆော်ပလော်တီးနေကြပြီ။ 

ဆိုတော့ ငလှိုင့်နောက်ဆုံးပိုင်းတော့ ရောက်လာပြီ။

တကယ်က သူ့မှာ ဘာမှ ရှိတာမဟုတ်ဖူးလေ။ တိုက်ဖော်တိုက်ဖက် ဒါးပြတွေနဲ့ သာပေါင်းညာစားတွေနဲ့ မလိမ့် တပတ်စည်းရုံးသိမ်းသွင်းထားသူနဲ့ မဟားဒယား ဆွဲစိထားသူလောက်သာ ရှိတာ။

ဒါးပြဆိုတာကလဲ တကယ် အစွမ်းသတ္တိရှိလို့မှမဟုတ်ဘဲ၊ လက်နက်အားကိုး လူမိုက်မျိုးသက်သက်မဟုတ်လား။ အစွမ်းအစရှိရင် နဂိုကထဲက ဒါးပြဂိုဏ်းထဲ ဝင်မလာဘူးလေ။ သေနတ်ပြ ဒါးပြတိုက် အချောင်နှိုက်ရမှာမို့ လာတာဆိုတော့ သေနတ်ချင်းယှဥ်‌တာနဲ့ အစွမ်းအစသတ္တိရှိသူက သာစမြဲဘဲ။ အဲဒါကြောင့် ဒါးပြစခန်းတွေ ကုန်သလောက်နီးနီး အသိမ်းခံနေရတာပေါ့။ ခုဆို ဌာနချုပ်အပေါက်တောင် ရောက်နေပြီ။ အဲတော့ ပြေးတာနဲ့ သေတာ များပြီလေ။ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ပဲ။ 

သာပေါင်းညာစားကတော့ မပြောနဲ့၊ မသာပေါ်တာနဲ့ မပေါင်း၊ ညာစားစရာမရှိတော့ရင် လစ်စမြဲ။

မလိမ့်တပတ် စည်းရုံးထားသူတွေကလဲ အိုင်တီခေတ်မို့ ဉာဏ်အလင်း ပွင့်ကုန်ကြ၊ ကိုယ့်ဆွေကိုယ့်မျိုး ကိုယ့်ဘိုးကိုယ့်ဘွား ကိုယ့်မိဖများ၊ ကိုယ့်သားမယား ကိုယ့်သူငယ်ချင်းများ၊ ကိုယ့်အိမ် ကိုယ့်ရွာပါခံရတော့ သိလာ၊ သဘောပေါက်လာ၊ ထပ်ညာလို့ မရတော့။ 

မဟားဒယား ဆွဲစိခံထားသူတွေကလဲ လစ်တာနဲ့ ပစ်ပြေး၊ အကြွေးတောင်းမယ့်ကောင်ချည်းပဲလေ။

ခုက ငလှိုင့် နောက်ဆုံးပိုင်းတင် မဟုတ်၊ ငလှိုင့် အဖေ၊ ငလှိုင့် အဖိုး၊ ငလှိုင့် ဆက်ခံမယ့် ဂျပိုး သူခိုးဒါးပြဇာတ်လမ်းကြီးတခုလုံးရဲ့ နောက်ဆုံးပိုင်းရောက်လာတာလေ။ 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar