နှင်းခါးမိုး - မိုးစိုငှက်
နှင်းခါးမိုး
(မိုးမခ) ဇူလိုင် ၆၊ ၂၀၂၄
တညလုံးငိုထားတာတောင်
အလှဆုံးမနက်ခင်းတခုနဲ့ ထိုင်စောင့်နေရှာတယ်၊
သဲချောင်းကလေးနဲ့အပြိုင်ပြေးရင်း
တောစိမ်းတောင်စိမ်းတွေအလွန်မှာ
အမေလို့ အော်ခေါ်လိုက်တဲ့အခါ၊
ဒီတမိုးကုန်ရင် အိမ်ပြန်ကြမယ်
ချစ်သူတွေမှာ ပြန်ဆုံခွင့်ရှိတယ်။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar