Breaking News

မင်းညွန့်လှိုင် - အလင်းငတ်သစ်ပင်

Artist: Ni July

အလင်းငတ်သစ်ပင်
မင်းညွန့်လှိုင်
(မိုးမခ) ဩဂုတ် ၇၊ ၂၀၂၄

အလင်းရောင်ကိုငါငတ်တယ်
ငါ့ဦးခေါင်းလေးသေးသေးနဲ့
မဟာပထဝီ ဖောက်ထွက်ခဲ့ ။

လွတ်လပ်မှုကိုငါငတ်တယ်
ငါ့ရဲ့ပခုံးအားများနဲ့
ပိတ်လှောင်မှုတွေတွန်းထုတ်ခဲ့ ။

လင်းပွင့်မှုကိုငါငတ်တယ်
ငါ့ရဲ့လက်ရုံးအားများနဲ့
အကာအရံတွေချိုးဖျက်ခဲ့ ။

ရှင်သန်ခြင်းကိုငါငတ်တယ်
ငါ့နှလုံးသားအမြစ်များနဲ့
ကမ္ဘာမြေကိုကုပ်တွယ်ခဲ့ ။

အရိပ်တစ်ခုကိုငါပေးမယ်
အရိပ်စက်ဝိုင်းအကြီးကြီးနဲ့
ရှစ်ဆယ့်ရှစ်မှာ ပေါက်ဖွားခဲ့ ။ ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar