Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လေချုပ်သံပုံးကင်


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လေချုပ်သံပုံးကင်

(မိုးမခ) ဩဂုတ် ၇ ၊ ၂၀၂၄


ဒီရက်ပိုင်း စားကောင်း အိပ်ကောင်း။ ဟိုဘက်ကဟာတွေ အိပ်လို့ကို မပျော်ဘူး၊ နေရ ထိုင်ရ ခက်လိုက်တာတို့၊ ဘယ်လိုစားဝင်မှာလဲတို့တွေမြင်တိုင်း ဒီမှာ ခွီရင်း ဗိုက်ဆာ ငိုက်လာတော့တာ။ အအိပ်လဲ ကျောပူခါးညောင်းသည်အထိ။ အစားကတော့ မပြောနဲ့၊ လင်းတာနဲ့ ရမခကြော်။ အဆာပြေ တိုင်းမှူးအသားလိပ်။ ညပိုင်းဆို လေချုပ်သံပုံးကင်နဲ့ မကြာခင် ဟဲဗီးဝိတ်တန်းတက်တော့မှာ။ 

မအလ အဖြစ်ကတော့ တမြန်မနှစ်ကနဲ့ ပြောင်းပြန်။ ပေါက်ကိုယ်တော်က ဟောက်လိုသော်ဟောက်၊ ကြောင်မျိုးမင်းက တဟင်းဟင်းနဲ့ တဟဟ လုပ်လိုလုပ်၊ ‌မပုတုက ဂုတ်တက်ခွ။ ခေါသနီမကတောင် ပုတုမကို ဘယ်နေ့ထသတ်မယ် မသိ။ သူ့ဟာကြီး ဝင်ဝင်ကျွေးနေတာလေ။ ငါးကြီးကလဲ အဆို အကလေးနဲ့တင်ဆက်ပြီး ဆိုကရေးတီး မင်းသားကြီးကို ဂုဏ်ပြု၊  စစ်သားလူထွက် အမတ်မင်းကျော်ဇေယျကတောင် ချိုမိုင်မိုင်နဲ့ မင်းသား တက်လုပ်မနေနဲ့ လစ်တော့တဲ့။ အရှင်မိ တိုင်းမှူးဟောင်းနဲ့ တိုင်းဦးစီးတို့ကသာ ကျားဖြန့်နဲ့ပတ်သက်ထားလို့ကတော့ ပေါက်ဖော်လက် ဝကွက်လိုက်ရင် မအလ ဘဝပျက်ပနော်။ အကုန်ဖော် အကုန်ပေါ်အုံးမှာ။ ပေါက်ဖော်စစ်ကြောရေးကလဲ စစ်တပ်စစ်ကြောရေးထက် ‌မလျော့ဘူးရယ်။ တိုင်းမှူးအသစ်လည်း ကြာကြာလစ်နိုင်မယ်မထင်။ မူဆယ်မှာ အပူသယ်ဖြစ်နေ။ ပြန်ရင်လဲ ဖမ်း ထောင်ချခံရမှာ၊ အခန့်မသင့် သေဒဏ်ဆိုတော့ ပြန်မယ်မဟုတ်၊ မြနန္ဒာအေးအောင်ဆီ ဟလိုလုပ်တော့မှာ။ 

ခုတော့ မအလတကောင် အမြီးလေးထောင်ထောင်ပြီး ဆင်လိုချင်တယ် ပြောလိုက်၊ လင်လိုချင်တယ်ပြောလိုက်တောင် ဖြစ်နေဆိုဘဲ။ ဘောမတွေကလဲ ပြောလှပြီ၊ တိုတိုဘဲ ဆင်းတော့တဲ့။ သူတို့ကတော့ ပျော့လိုဆိုဘဲ။ ဒီကိစ္စ ကြူကြူလှတောင် ဘာမှမပြောတာကို သူတို့က မနေနိုင်မထိုင်နိုင် ဝင်ပြောကြတယ်။ အေးလေ ပြောမယ်ဆိုလည်း ပြောစရာဘဲ၊ ခု ဆိုင်မှာတောင် ကြက်ဥက မုန့်ဟင်းခါးမတိုက်ရဘဲ နာမည်သစ်ရလို့၊ ဘာတဲ့ ရမခတလုံး ကြော်မယ်တဲ့။ ရမခကြော်တပွဲတဲ့။ ရခမတလုံး ဘယ်လောက်လဲတဲ့။ အဲလို ပြောနေကြပြီဆိုတော့ သူတို့လည်း ရှက်ရှာမှာပေါ့။ မိတ်အင်စတန်းဒတ်အာမီပေါက်တွေ ဆိုတော့ပေါ့လေ။ 

သူတို့ထဲမှာ အဆိုးဆုံးကတော့ ခင်ရီ။ ဖွတ်ပါတီဥက္ကဋ္ဌကြီး။ လူကလည်း ဖွတ်ရောင်၊ မွဲပြာ။ ပုံကလဲ ကြံ့နဲ့ ဖွတ် စပ်ကျထားသလားတောင် ထင်ရ။ ဖွတ်ကျောပြာစုပုံများ ပြောပါတယ်၊ တရုတ်ကပြန်လာပြီး ရုရှားကို စစ်ကူတောင်းသတဲ့။ ဒါ စတန်းဒတ်မာမီကို ဖြတ်ဖောက်ချုပ်လုပ်တာလေ။ ပီဒက်တွေ ကိုင်တဲ့ ဘတ်ခွ တူမီး လက်လုပ်တွေကို ကမ္ဘာ့အဆင့် ၃၇ တပ်ချုပ်ကြီးကိုယ်တိုင် ရုရှားစစ်ဗိုလ်ချုပ်တွေ လာတုန်းက ကိုင်ပြ ပစ်ပြခဲ့သေးတာမှ မထောက် သောက်ရှက်ဗျန်းဗျန်းတက်ခွဲတာ။ သူက သန်းရွှေလူဆိုတော့ အကူတောင်းသလိုလိုနဲ့ ငပုကို ထုတာ ချေတာ။ လက်တွေ့ကျကျ သူ့ပါတီဝင်တွေ အကုန်လုံး စစ်မှုထမ်းမယ်လို့တော့ မပြောဘူး။ သူတို့စည်းစိမ် အပုံဆယ်ကုဋေပုံ၊ တပုံ ထောက်ပံ့မယ်ကျ မဆိုဘူး။ ဟိုခမျာ စစ်သားမရလို့ နေ့ည လူခိုးထွက်နေရတာ၊ ထောက်ပို့ဖို့ ကုမ္ပဏီတခု သုံးသိန်းဆိုပြီး အနုကြမ်းစီးနေရတာ သိရက်နဲ့ ကူတိုက်ဖို့ လှူလိုက်ဖို့တော့ မလုပ်ဘဲ ကမ္ဘာလှည့်စောက်ရှက်ခွဲနေတာလေ။ ခေါသနီမမျက်စောင်း အကြောင်းအကျိုး မစဉ်းစားဆိုတာ မသိသား ဆိုးရွားလှပါလား၊ အင်း ဒီပုံနဲ့ဆို ခင်ရီတော့ ဂင်ချီလုပ်ခံရတော့မယ်။ 

ဖြစ်နေပုံက တပြည်လုံးကလဲ သူသိမ်းမယ် ငါသိမ်းမယ်ချည်းဘဲ၊ ချင်းမှာဆို စခန်းခွဲတမ်းချရင်း ရန်တောင်ဖြစ်နေကြသေးတာ။ သိမ်းရင် ရမှန်းသိနေတော့လေ၊ ရတာကလဲ သူချည်းသာလောမှ မကဘဲ၊ လက်နက်အပုံအပင် ခဲယမ်းအစုံအလင်နဲ့ကိုး။ တစခန်းသိမ်းရင် နောက်ထပ် နှစ်စခန်းစာရ၊ နှစ်စခန်းသိမ်းရင် လေးစခန်းစာရနဲ့ သိမ်းတဲ့တပ်က ပါဝါတလုံးပြီးတလုံးစားသလို ဘူးထွားဝါးဟားဖြစ်လာတာမဟုတ်လား။ ဘယ်သူမသိမ်းချင်ရှိမလဲ။ စစ်ထဲမပါမိတဲ့ရှမ်းနှစ်ဖွဲ့တောင် နောင်တရနေရော့မယ်။ စစ်ရေးလဲ ပိန်၊ အမျိုးသားရေးလဲ ဂိန်၊ နိုင်ငံရေးလဲ တိမ်၊ ရေချိန်ဆိုတာပလေ။ ဒါပေလို့ အချိန်မှီပါသေး။ သူတို့လက်ထဲ စစ်ဌာနချုပ်သုံးခုတောင် ရှိတာဘဲ။ နောက်ကျရင်တော့ အပေါက်ဝကနေ ထောက်ကွထောက်ကွနဲ့ လှည့်ပြန်ရမှာ။ အရပ်ထဲကပြောသလိုပြောရရင် နောက်ကျရင် ပုဂံဆေးပဲ၊ စားစရာတော့ မကျန်တော့ဘူးဆိုသာလိုပေါ့။ 

ခုက ဗိုလ်ချုပ်တယောက် အရှင်ဖမ်းရတာလဲ ကြွက်တကောင် အရှင်ဖမ်းရတာကမှ ခက်သေး။ တပ်က ပြူမလေး ခွေးမခန့်တောင်ဖြစ်လာပြီ။ စစ်တိုင်းမှူးသာ ကျတာ။ ပြူတပ်ချုပ်ကြီးဝါသဝနဲ့ ဒုချုပ်ပေါက်ကိုယ်တော်တို့က အေးဆေးဘဲလေ။ တနေ့ သူတို့နှစ်ပါးတောင် တပ်ချုပ်ဖြစ်လာနိုင်သေး၊ လောက ပြောမရ။ 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar