Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သန်ကောင်မုန့်ဟင်းခါး

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သန်ကောင်မုန့်ဟင်းခါး

(မိုးမခ) အောက်တိုဘာ ၃ ၊ ၂၀၂၄


ဒီဒွန္ဒယာမှာ ပယ်သူမှမလုပ်တဲ့ အလုပ်။ 

မင်းအောင်လှိုင်ဆိုတဲ့ကောင် ပေါက်ပေါက် ရှာရှာ၊ ချစ်တီးခေါင်း သန်းရှာ၊ အဲလေ ချစ်တီးဖင် သန်ကောင်ရှာ။ သန်ကောင်စာရင်းကောက်မလို့တဲ့။ သန်ကောင်စာရင်းက အီးအီးပါတုန်းလဲ ကောက်လို့မဖြစ်။ အီးအီးပါပြီးမှလဲ ကောက်လို့မရ။ CCTVတပ် ကောက်ကြမယ်ဆိုတဲ့ မုဒိမ်းဗိုလ်ချုပ်တွေကတမှောင့်။ ခုတော့ လဝကနဲ့ အုပ်ကြီး ဒုတ်ပြီးဒါးပြီးဆေးဆောင်ရမယ့်အခြေ၊ ကျောင်းဆရာမပါ ကြားချောင်တေအုံးမယ်။ 

ခွေးမျိုးက တရေးနိုးသော် မသာမပေါ်ဘဲ အကြံပေါ်။ ပေါ်တဲ့အကြံ လင်လုရန် အဲ အဲ ဂွင်ထုရန်။ ဘုရင်ငပုအကြံဆိုပြီး သူ့ကောင် MPC တွေက အချွန်နဲ့မ မြှောက်ပေး ဂွေးတက်အောင်က၊ သေရကြေရတော့ အုက်ကြီးနဲ့အောက်ခြေစစ်သား။ သူ့ကောင်ပျူတွေ စစ်သားတွေကလဲ သန်ကောင်စာရင်းကောက်ရာ လုံခြုံရေးလိုက်ရင်း ဝင်ဗျူးကြသေးတာ။ သူတို့ကလဲ လဝကနဲ့ ကျောင်းဆရာမထက်သာတဲ့ သူ့ထက်ကဲရွှေပြည်စိုးတွေ။ သန်ကောင်စာရင်းကောက်ပါဆို တခါပါရင် အီးအီးက ဘယ်နှစ်တုံးလဲတို့၊ ပျစ်ပျစ်လား နှစ်နှစ်လားတို့၊ တရက်ဆို ဘယ်နှဆယ်သားလဲတို့ အဲလိုတွေ ဝင်ဝင်အာချောင်ကြသေးတာ။ ဘာတွေစားသလဲ၊ ဘယ်နှပန်းကန်စားသလဲ၊ အရည်ဘယ်လောက်သောက်သလဲ၊ လက်ဖက်ရည်ဆိုင်ဘယ်နှစ်ခါထိုင်သလဲ၊ ဘယ်ဘီယာက အီးပိုထွက်သလဲ၊ ငါးကင်အီးလား၊ အသားကင်အီးလား၊ ဘယ်ဆိုင်ကဝယ်စားတာလဲနဲ့ မေးတာတွေက စုံစိနေတာဘဲ။ တချို့ဆရာမတွေဆို လက် ပေါက်ကတ်တယ်၊  သန်ကောင်ရေတွက်ချက်ဖို့ ကိုယ့်အီးထုတ်နဲ့ကို အီးအီးနမူနာယူမထားတဲ့အိမ်ဆို အိမ်သာထဲဆင်းကော်လာပြီး ဘယ်ဟာက ဘယ်သူ့အီးဆိုပြီး ခွဲခိုင်းသေးတာ။ 

ခုတော့ သူတို့မို့လာပြီဆို အီးထုတ်ကိုယ်စီနဲ့စောင့်နေကြရပြီ။ တရပ်ကွက်လုံးလဲ အီးစော်တွေ နံထောင်းလို့။ အီးနံ့ကလဲ အစုံပေါင်းထားတော့ တော်တော်များများမူးဝေအော့အန်ကြပေမယ့် သူတို့ကတော့ မင်းအောင်လှိုင်နဲ့ ကြူကြူလှအနံ့ရှူနေကြမို့ ရပ်ကွက်ထဲကအီးနံ့ကိုတော့ ရဗလွန်ရေမွှေးနံ့တောင် ထင်နေတာတဲ့။ အပြုံးမပျက် ရုံးတက်လို့။ သူတို့ကတော့ အယုတ်တမာလင်မယားဆီက အပုတ်မသာနံ့နဲ့အသားကျနေတော့ အဝါးဝနေပြီပေါ့။ ရပ် ကွက်မှာတော့ ကော့နေတာဘဲ။ 

ဒီသန်ကောင်စာရင်းကောက်တာ မြန်မြန်ပြီးမှ အေးမှာပါ။ မဟုတ်ရင် အီးနံ့ရယ် သူတို့ဆီက ပါလာတဲ့ ဟိုသရေကြိုးလင်မယားအနံ့ရယ်နဲ့ ဓာတ်ပြုပြီး အဆိပ်သင့်ကြရတော့မှာ။ တချို့ရပ်ကွက်ဆို အဲဒီအနံ့တွေရှူမိပြီး ရပ်ကွက်လမ်းထောင့်တို့ အုတ်ခုံပေါ်တို့ ဇရပ်ပေါ်တို့တက်ပြီး အရည်မရ အဖတ်မရစကားတွေကို နှစ်နာရီလောက်ကြာအောင် အဆင်လိုလို အချဉ်လိုလို ရီမလိုလို ငိုမလိုလိုမျက်နှာကြီးနဲ့ ပြောနေကြတယ်။ ဘယ်ပုံရှိရမလဲ မအလနဲ့ကြူကြူလှစပ်ကျထားတဲ့အခွက်မျိုးကြီးပေါ့။ အန်ချင်နေပါတယ်ဆို အဲဒါကြီးမြင်တော့ ပိုအန်ချင်လာကြရော။ တချို့ကြလဲ ငါတို့စစ်ဗိုလ်တွေ မသိတာ မရှိ၊ မတတ်တာ နတ္ထိ၊ မလုပ်ရဲတာ နိုး၊ ဘုရားတင် သဗ္ဗညုတမဟုတ်၊ စစ်ဗိုလ်တိုင်း သဗ္ဗညုတထက် သဗ္ဗညုတကွဆိုပြီး ဘုရားရူး ရူးပြီး အော်လားအော်နဲ့၊ ရပ်ကွက်ထဲမလဲ အီးနံ့နံရတဲ့ကြား ငပွေးတွေက တဟီဟီ၊ ခွေးတွေက တစီစီနဲ့ အလွန့် အလွန်စိတ်ညစ်စရာအခြေအနေလေ။ သလိုအဆိပ်သင့်ပြီး အူဟောင်နေသူ‌အများစုက  အစိမ်းပုတ်ရယ်၊ လိမ္မော်ရောင်ရယ်၊ သူတို့နဲ့နွယ်တဲ့သူတွေချည်းဘဲဖြစ်နေတာတော့ ထူးထူးဆန်းဆန်းတွေ့ရတယ်။ သူတို့ကျ ဓာတ်ပြုလွယ်ပုံဘဲ။ အနီတွေ အနီရင့်တွေကတော့ ခံနိုင်ကြတယ်။

မင်းအောင်လှိုင် သန်ကောင်စာရင်းကောက်တဲ့ စီမံချက် ထွက်လာတာကတော့ ကိုတုတ်ကြီးနဲ့ မကျားလင်မယားက စတာ။ သူတို့က အစားရော အဝါးပါ ပက်စက်တာ သိတယ်ဟုတ်။ ဘာမြင်မြင် စားရမှ၊ ဘယ်ချိန်နေနေ ဝါးရမှ။ အသက်ရှည်မယ်၊ ကျားမာန်ဟုန်မယ်ဆို ဘာစားရရ ဘာသောက်ရရ စားမယ် သောက်မယ် ဆိုတဲ့လူတွေလေ။ ဘယ်သိုင်းကျမ်းကရတဲ့ နည်းလမ်းလဲတော့ မသိဘူး။ 

သန်ကောင်ကို မုန့်ဟင်းခါးလို ချက်စားရင် နှစ်တထောင် အချစ်တောင် တက်နိုင်တယ်ဆိုဘဲ။ အဲသာကြောင့် မုန့်ဟင်းခါးများရှင်မင်းအောင်လှိုင်ကို ဝင်ပူးတာ။ အဲသမှာ မင်းအောင်လှိုင် သန်ကောင်ရူး ရူးတော့တာဘဲ။ ဘာ့လို့ဆို သူကလဲ ခြောက်လတခါ သက်တမ်းတိုးတိုးနေရတဲ့ သမတရူးရောဂါရှင်မဟုတ်လား။ သူ့သက်တမ်းတိုးဖို့နည်းလမ်းကုန်နေချိန် ဒီသန်ကောင်မုန့်ဟင်းခါးနည်းကို ကိုတုတ်ကြီးတို့က ကမ်းလှမ်းလာလေတော့ ရေငတ်တုန်း ပင်လယ်ထဲကျကိန်း ဆိုက်လာတာကတော့ လဝက၊ ဆရာမနဲ့ အုက်ကြီးတွေပေါ့လေ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar