Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သုံးမိနစ်အယ်ဘ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သုံးမိနစ်အယ်ဘ

(မိုးမခ) ဒီဇင်ဘာ ၁၆ ၊ ၂၀၂၄


ဗြင်းရမယ်တောင်မရှိ၊ နှင်းကျတာနဲ့ ဒင်းက ပြေးရော။ ပြေးသမှ ခွေးပြေး ဝက်ပြေး။ ခေါင်းဆောင်မှုဆိုတာ ငါ့လို့ ပြေးရတယ်ကွလို့ ပြတာပလေ။ သူရိန်ထွန်းကမှ ခံတိုက်သေးတယ်။ ဟေး ဆိုတာနဲ့ ခွေးနာကတော့ ပြေးတာ ပြေးတာ။ အခုလဲ ဘယ်နေရာမှ ကြာကြာမအိပ်ရဲတော့ ပတ်ဒိုးနေတာရယ်။ အရင်က အောင်းဖို့မှန်းထားတဲ့ ပုသိမ်စစ်ဌာနချုပ်နားလဲ မသွားရဲတော့။ အနောက်တံခါးက ပျောက်သွားပြီလေ။ အချဉ်စိုးဝင်းကဘဲ အရင်ထိုးသွင်းမလား ကြည့်ရမယ်။ မဟုတ်ရင်တော့ ကိုယ်လွတ်ရုန်း လစ်မှာ အသိသာကြီး။ ဘယ်ပြဿနာမှ တာဝန်ခံဖြေရှင်းမယ့်ကောင် မဟုတ်။ ခုတော့ နေမင်းရဲ့ သုံးမိနစ်ကို ကျော်ပြီး သုံးမိနစ်အယ်ဘလို့တောင် နာမည်ကြီးနေပေါ့။ နေမင်းနဲ့အပြိုင် သေမင်းလှိုင်။ 

အင်း ရခိုင်မှာ သေမင်းလှိုင်တပ်တွေ သေချင်းပြိုင်တာလဲ လွန်တယ်နော်။ ကချင်မှာလဲ မရှင်ကြ။ ဘယ်နေရာကြွကြွ မရဏ။ စုတေ့မနေ သေနေကြတာကတော့ နေရာတိုင်းဆိုသလို ဟိုတယောက် ဒီတတပ် ငှက်ပျောအူတောင် ပြတ်သွားလို့ ရက်လည်များတောင် တားထားရ။ သင်္ချိုင်းမှာ ယတြာဆင်သတဲ့။ သင်္ချိုင်း ဆိုတာ ဆရာမပိုင် ယတြာမနိုင်ရင် ပြောင်းပြန်အကျိုး အရိုးတောင်လိုပုံတော့တာကလား။ ခုတော့ သင်္ချိုင်းနက္ခတ်နဲ့ တက်ပြတ် တပ်ပျက် မုဆိုးမစစ်ကြောင်း ထွက်တော့မယ့်ကိန်း။ မအလကို ပြန်တိုက်မယ့် မုဆိုးမစစ်ကြောင်းလေ။ သူတို့ကို အပစ်အခတ်သင် လက်နက်တပ်ဆင်ပေးထားတယ် မဟုတ်လား။ သူတို့ယောက်ျားကို သတ်တာ ဘယ်သူလဲဆိုတာ သူတို့ အသိဆုံး။ တပ်တွင်းပုန်ကန်မှုကို သူတို့စကြတော့မှာသိလို့ တပ်ပြင် အထွက်မခံ၊ တပ်နဲ့တပ်ချင်း ပြန်သတ်ခိုင်းနေရပြီ။ တပ်ကို တပ်နဲ့ ပြန်ဝိုင်းနေရပြီ။

ကြူမလဲ အူပြလို့မရတော့။ မုဆိုးမတွေနား မသွားရဲတော့။ နင်တို့ယောက်ျားတွေ ငါ့စောက်နွားအတွက် အသက်အသေခံပေးတာ ကျေးဇူးမတင်ပါဘူး။ ငါ့သားလေး အသက်အာမခံကြေးတွေ မပေးနိုင်တော့တာ နင်တို့ ယောက်တုံးတွေ သောက်သုံးမကျလို့လို့ ဘာသာပြန်ကြမှာ ခေါသနီမ သိတယ်လေ။ အပူရုပ်လေးနဲ့ အမူလုပ်ဖို့တောင် ဟန်မဆောင်နိုင်တော့တာ။ အင်းလေ သူလဲ အထုတ်ပြင်နေရရှာရောပေါ့။ သူတို့က လင်ဆိုးမယား တဖားဖားလဲ မဟုတ်။ မယားဆိုးလင် တငင်ငင်လို့လဲ ပြောရခက်။ သားဆိုးအမေ တတေတေလဲ မမည်။ အမေဆိုးသား တအားအားလဲ မအော်။ ပုတ်အက်နဲ့ ယုတ်ချက်ကတော့ သံသာလေကမ်းတိုင် တူပြိုင်ကူးကြသူတွေ။ ခေတ်ပြောင်း ခေါင်းပစ်ရဲ့ဩဝါဒခံ တံခါးကို ပိတ်ထားရင် ကန်ဖွင့်မယ် ပြောတဲ့ ဗိုင်းတာမ။ အဲဒီနေ့ကတည်းက တိုင်းပြည်လောင်မီးကျတာ။

ဒီမိသားစုမရှိမှ ပြည်လုံးချမ်းသာ ရှိတော့မှာ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar