Breaking News

မနအ - ငွေ့ငွေ့လေးမျှ လွမ်း၍ မရသော

Art by KT#
ငွေ့ငွေ့လေးမျှ လွမ်း၍ မရသော
မနအ
(မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၂၅
 
ဒုတိယ လ၊ ပထမ ရက်၊ နံနက်
တယ်လီဖုန်းက ဧရိယာပြင်ပ၊ ဆက် မရ
အင်တာနက် ပြတ်တောက် 
တောက်ခေါက်သံ
မင်မခြောက်သေးတဲ့ လက်သန်းကို ပြန်ကြည့်မိပါ့ ။

ပထမရက်၊ အမျက်ထ စိတ်နောက်   
တောက်ခေါက်သံ
အဲဒီ နောက်   
ပေါက်ပေါက်ဖောက် ဝေဖန်သံ
အဲဒီ နောက်   
သူတစ်ယောက် ကိုယ်တစ်ယောက် ညာသံ
အဲဒီနောက်  
သူစု ကိုယ်စု ကြွေးကြော်သံ 
အဲဒီ နောက်    
ညည သံပုံး ထ ထ တီးကြတဲ့ အသံ ။ 

နောက် တော့ 
အဲဒီအသံတွေကြား ပစ်ခွင်းလိုက်တဲ့
မိုက်ကန်း သံ
အဲဒီနောက်
လူသေ ဘယ်နှယောက်လိုအပ်ပါသလဲလို့
ကမ္ဘာကြီးကို တိုင်တည်သံ
အဲဒီ နောက်
မုန်း၊ ကြောက်၊ ရွံရှာဟန် နဲ့
လေပျံ မလာနဲ့၊ မလာနဲ့ ဆိုတဲ့ မောင်းထုတ်သံ  
နောက်တော့
အဲဒီအသံတွေကို အဓမ္မ နင်းလိုက်တဲ့
စရိုက်ကြမ်းအသံ ။

ဒီ လို နဲ့    
လက်သန်းကို ပြန်ငေးကြည့်တော့
သွေးတွေက ရဲခနဲ ။   

ဘယ်မေ့မှာလဲ
ငွေ့ငွေ့လေးမျှ လွမ်း၍မရ
ပထမရက်၊ စတုတ္ထနှစ်၊ ညသန်းခေါင်
အမှောင်မပြိုလဲခဲ့တဲ့ သက္ကရာဇ်တွေ ။         ။      

၂၇ ဇန်နဝါရီ ၂၀၂၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar