ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အမြှီးမြှောက်လိုက် အီးပေါက်လိုက်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အမြှီးမြှောက်လိုက် အီးပေါက်လိုက်
(မိုးမခ) ဖေဖော်ဝါရီ ၂၅ ၊ ၂၀၂၅
သရေကြိုးကောင်တောင် ပြည်သူသာအမိ ပြည်သူသာအဖနဲ့ အပိုးကျိုးလာပြီ။ လိမ်မာလာပြီ။ သိတတ်လာပြီ။ နွဲ့လာပြီ။ ပဲ့လာပြီ။ နဲ့လာပြီ။
တရားသောစစ်ကို ဆက်ဆင်နွှဲမယ်လို့ မသာလောင်း အဲအဲ ဗိုလ်လောင်းလေးတွေကိုတော့ ခွီးနေတုန်း။ လှီးနေတုန်း။ ဖြီးနေတုန်း။ ရွှီးနေတုန်း။ ရာရာစစ တရားသောစစ်တဲ့။ ဒါဟာ ခွေးပါးစပ်က နတ်စကားထွက်တာမဟုတ်။ ချီးစားရင်း အူတာခေါ်တယ်။ အင်း ရွှီးဆို ဗိုလ်မှူးကြီးနော်ဘူက မကြာခင် ကချင်မီးတောက်နဲ့ ခရီးတထောက်မှာ ဗန်းမော်ကို ကြော်ဖုတ် မြီးတော့မယ်ပြောတာကိုး။ အကိုထွန်းတို့ကလဲ စစ်တွေကို ပစ်ချေရုံမက ကျောက်ဖြူပါ အမြှောက်လှူတော့ ပူတယ်လေ ဆယ်နေကဲ ရင်ထဲ မတွေးရဲ၊ ဖင်ထဲချွေးရွှဲပြီပေါ့။ အဲသလို ဖင်ထဲချွေးဝင်နေရတဲ့ကြားထဲ ချင်းဘရားသားတွေက ဖလမ်းကို ဖလန်းဖလန်းထ၊ အရမ်းအရမ်းသမနေသလို ကရင်မှာလဲ အောင်ဇေယျကြီးက ပေါင်တွေကွပြီးရင်းကွ။ အမှည့်ခြွေရော အစိမ်းဖြုတ်ရော ဆသုတ်ပြီးတသုတ်မဟုတ်လား။ နွေဦးရဲ့လမ်းဆုံမှာ အဇမ်းတုန်နေတဲ့စစ်အုပ်စုဟာ ဘယ်တပ်ကို ဘယ်ပို့ရမှန်းမသိတော့အောင် ဒစ်လည်လို့။ ကိုယ့်စည်းစိမ်နဲ့ အိုးအိမ် ဘယ်သူချိန်မှန်းမသိ၊ ကိုယ့်မယားနဲ့ ကိုယ့်ကား ဘယ်သူစီးမှန်းမသိ၊ ကိုယ့်သားနဲ့ ကိုယ့်သမီး အင်း ကိုယ့်မြေးနဲ့ ကိုယ့်သွေး ဘယ်ခွေးစာဖြစ်မယ်မသိ၊ မသိ မသိ မသိခြင်းတွေနဲ့ တိုင်ပတ် ကိုယ့်ဇာတ်ကိုယ်မနိုင် ခေါင်းကဦးထုတ် ပြုတ်လုနီးနီးယိုင်လာပကိုး။
လူရှေ့သူ့ရှေ့သာ ပြည်သူသာအမိ ပြည်သူသာအဖလုပ်တာ၊ တပ်ပေါက်က တပ်မတော်သာအမိ တပ်မတော်သာအဖဆိုင်းဘုတ်တော့ မဖြုတ်ရဲ၊ နောက်ဖေးချောင်ထဲမှာတော့ တရုတ်ဘောနဖူးနဲ့ပွတ် ဖွတ်နဲ့ခွေးနှစ်ဇာတ်ပေါင်းခင်း၊ တရုတ်ဟာ တင်းအောင်ကိုင်နေရတဲ့ မင်းအောင်လှိုင်ဘဝ။ အဲလို ဆူးကြားက ဘူးခါးလို အရူး ဖျင်မယားရဲတဲ့ကိန်းဆိုက်နေပါတယ်ဆို ဟော ခု နုကြည်ဝန်ကြီးချုပ်က ရန်ကုန်နဲ့ ပဲခူးကို အမြန်အဟုန်နဲ့ထိုးတော့မယ်ဆိုပြီး တပ်ရွှေ့မိန့်ခွန်းတောင် ချွေလိုက်ပြီ။ ပီဒက်တွေဟာ ချီလေတဲ့ချီလေ ဤမြေမှ သည်စောက်ကန်း အပျောက်ကြမ်းတော့မယ်လေနဲ့စစ်ချီ၊ ရောင်နီတေးသွားတွေနဲ့မြူး နွေဦးအလံတော်တွေလွှင့်လို့ ကိုချေတို့နဲ့အတူ ကိုယ့်လှေကိုယ်ထိုး ပဲခူးအရောက်သွားကြ၊ အဲဒီကတဆင့် ရန်ကုန်မှာ ပြန်ဆုံပြီး ငါ့မြင်းငါဆိုင်းကြတဲ့ စစ်ကိုင်းမန္တလေးကနေ လမ်းများအားလုံး နေပူတော်ဆီဆက်ချီတက်ပြီ။
တရုတ်နဲ့ ရှရှားကို နဖူးပေါ်ဘောတင် တလှည့်ဆီပင့်ပြီး ဟိုစီမံကိန်းစာချုပ်ချုပ်သလိုလို ဒီစီမံကိန်းစာချုပ်ချုပ်သလိုလို အာသီးရောင်ပြ၊ အမှန်က မင်္ဂလာဆောင်မှာ နွားပျောက်ကြီးတရှဉ်းလက်ဖွဲ့သလိုမျိုး။ ကိုယ်လဲမပိုင် ကိုယ်မဆိုင်တဲ့နယ်မြေမှာ အတည်ပေါက်စီမံကိန်းတွေချချပြရတာလဲ အမော။ ဟိုကောင်တွေကလဲ ပေါက်တယ်၊ ဒီဂေါက်သီးဆီလာလာပြီးစာချုပ်ချုပ်ပြ ဒေါ်လှလေးမမပြန်၊ ဒီကောင်ကလဲ သူ့တပ်ကအထင်ကြီးနည်းလားဆိုပြီး အမ်းပြီးကုန်းတာ၊ အမ်းကုန်း။ မသိရင် ပူတင်နဲ့ မအလက ဟန်းနီးမွန်းဘဲထွက်နေသလိုလို။ ခုတော့ ဘယ်ဒေသမှာမှ အခွန်ကောက်မရတဲ့ကြားထဲ ကျားဖြန့်ဝင်ငွေကလဲပျောက်၊ စောချစ်သူကိုလဲ ငေါက်လားငန်းလားတောင် ဟန်ပြမလုပ်ရဲ၊ ဟိုက ပြန်ဖြဲလိုက်ရင် ဟက်တက်ကွဲမှာ၊ မကြာခင် ဂက်စ်နဲ့ရေနံပိုက်လိုင်းအခွန်ပါ AA ကို မျှပေးရတော့မှာ။ ဒီအခြေအနေမှာကို သရေကြိုးက နိုင်ငံတော်ပိုင်သယံဇာတများကို ထုတ်ယူရင် အရေးယူမယ်လို့ကလဲ အမြှီးမြှောက်လိုက် အီးပေါက်လိုက်လုပ်သေးတာ၊ ဟိုက ဘယ်နေ့ သူ့လယ်ပါ လာထွန်မယ် မသိ။
ခု စစ်မှုထမ်းခေါ်လို့ ရှောင်ကြရှားကြ များလာတော့ သန်းခေါင်စာရင်းအတိုင်း ခေါ်မယ်ဆိုဘဲ။ ပါးစပ်ဟထားမယ်၊ လာထည့်ပေးဆိုတဲ့အထာ။ အင်း သေးဘဲ လာပေါက်ပေးကြမှာ။ နံနံခြား ရောက်နေရင်လဲ ပြန်လာပေးရမယ်၊ မပြန်ရင် ဘာညာမယ်ပေါ့။ မသိရင် သူပဲ တသက်လုံး အုပ်ချုပ်နေရမလိုလို။ ငပုရဲ့ စိတ်ကူးယဉ်ချက်က။ ကျန်မိသားစုဝင်တွေကို ခြိမ်းခြောက်ငွေညှစ်ကွက်ထပ်လုပ်လာတာ။ အင်း မြို့ကြီးပြကြီးတွေမှာ စစ်အုပ်စုအိမ်တွေ ဝင်စီး အပြီးရှင်းလုပ်ကြတော့မယ့်ရက်တောင် နီးလာပါပေါ့လား။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar