တော်လှန်ရေးတပ်ပေါင်းစု အမြန်ဖွဲ့စည်းခြင်းဖြင့် သွေးစည်းညီညွတ်မှု ပြသကြပါ - အချိန်မနှောင်းမီ ဌာနချုပ်ကို အမြောက်နဲ့ ပစ်ကြပါ
တော်လှန်ရေးတပ်ပေါင်းစု အမြန်ဖွဲ့စည်းခြင်းဖြင့် သွေးစည်းညီညွတ်မှု ပြသကြပါ-
အချိန်မနှောင်းမီ ဌာနချုပ်ကို အမြောက်နဲ့ ပစ်ကြပါ
ကောင်းဇေလူ (မိုးမခ) မတ် ၁၃၊ ၂၀၂၅
မြန်မာ့အရေးဟာ စစ်တပ်က အာဏာ မစွန့်လွှတ်သရွေ့ စားပွဲဝိုင်းမှာ ဖြေရှင်းလို့ မရနိုင်တော့ဘူးလို့ ဆိုရမယ့်အခြေအနေ ရောက်နေတယ်။ ပြဿနာက မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ် မှာ လက်နက်ကိုင် စစ်တပ်က ဇွတ်အတင်း ဝင်ပြီးနေရာယူထားခြင်းကြောင့်ဖြစ်တယ်။ စစ်တပ်ဟာ လခစား နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းဖြစ်တယ်။ ပြည်သူ့ဆန်စားနေတဲ့ ကာကွယ်ရေးဝန်ထမ်းဖြစ်တယ်။ ဒါကြောင့် ပြည်သူကို သစ္စာခံရမှာ ဖြစ်တယ်။ လက်တွေ့အခြေအနေမှာ ပြည်သူ့ဆန်စားပြီး ပြည်သူကို ကာကွယ်ရမယ့်တာဝန်ပျက်ကွက်ရုံမက ပြည်သူကို ဖိနှိပ် အနိုင်ကျင့် သတ်ဖြတ်တာတွေအထိ လုပ်နေတယ်။ သဘောကတော့ စစ်တပ်က အကြမ်းဖက် အုပ်ချုပ်တာကို ငြိမ်ပြီးခံနေရမယ်၊ ခုခံဆန့်ကျင်မှု မလုပ်ရဘူးပေါ့။
စစ်တပ်ရဲ့ ဖိနှိပ်စိုးမိုးမှုကို ပြည်သူက ငြိမ်ခံ မနေတော့ ပြည်သူကို ရန်ငြိုးဖွဲ့ပြီး တိုက်ခိုက်သတ်ဖြတ်လာတယ်။ တော်ရုံဆိုပြည်သူက သည်းခံပါတယ်။ အခုက ရွာတွေ လက်နက်ကြီးနဲ့ ပစ်ရုံမက လေကြောင်းတိုက်ခိုက်မှုတွေလုပ်၊ ဗုံးကျဲပြီး သတ်ဖြတ်လာတယ်။ နိုင်ငံတကာမှာ တားမြစ်ထားတဲ့ အတိပ်ငွေ့ဗုံးနဲ့ မီးလောင်ဗုံးတွေနဲ့ပါ တိုက်ခိုက်သတ်ဖြတ်လာတယ်။ စစ်တပ်က ပြည်သူကို ရန်သူလို သဘောထား တိုက်ခိုက်တာဖြစ်တယ်။ ဒါကြောင့် ပြည်သူက စစ်တပ်ကို မထောက်ခံနိုင်တော့ခြင်းဖြစ်တယ်။
ဖြစ်ရပ်အမှန်က စစ်တပ်ရှိနေလို့ တိုင်းပြည် မငြိမ်မသက် ဖြစ်နေရတာ ဖြစ်တယ်။ ပြည်တွင်းစစ် ရပ်စဲလို့မရခြင်းရဲ့ အကြောင်းရင်းက နိုင်ငံရေးမှာ စစ်တပ်ဝင်ပါနေလို့ဖြစ်တယ်။ ပြဿနာက အလွန်ရိုးရှင်းပါတယ်။ စစ်တက်က ကာကွယ်ရေးတာဝန်ယူပြီး နိုင်ငံရေး စည်းဝိုင်ထဲက ထွက်နေလိုက်ရင် မြန်မာဟာ အာရှကျားတကောင် ဖြစ်နေလောက်ပြီ။ ဒါပေမယ့် အာဏာလောဘဇောကို ဇွတ်အတင်း ဖက်တွယ်ရင်း၊ စစ်တပ်မပါရင် တိုင်းပြည်ပျက်တော့မယ့်သဘော ဝါဒဖြန့်ပြီး သေနတ်အားကိုးနဲ့ နိုင်ငံ့အရေးကို အဓမ္မ ဝင်ရောက်စွက်ဖက်နေခဲ့တယ်။ နိုင်ငံရဲ့ အချုပ်အခြာအာဏာဟာ ပြည်သူ့ထံက လာတယ်ဆိုတာကို ပစ်ပယ်ပြီး သေနတ်ရှိသူသာ အာဏာပိုင်တယ်လို့ ဇွတ်လုပ်နေတာဖြစ်တယ်။ ထွက်ပေါ် လာတဲ့ ရလဒ်ကတော့ ဂျန်ဇီးလူငယ်မျိုးဆက်တို့ရဲ့ "နွေဦးတော်လှန်ရေး" ဖြစ်ပေါ် လာခြင်းပါပဲ။ စစ်အုပ်စုအနေနဲ့ လူငယ်မျိုးဆက်သစ်တွေရဲ့ သဘောထားအမြင်ကို ဦးစွာပထမ နားလည်အောင်ကြိုးစားရမယ့် အချိန်ဖြစ်တယ်။
ဒီကနေ့ နိုင်ငံ့တာဝန်တွေကို ဂျန်ဇီးမျိုးဆက်သစ်တွေက ပုခုန်းပြောင်းတာဝန်ယူရတော့မယ့် အခြေအနေကို စစ်အုပ်စုအနေနဲ့ မျက်ကွယ်ပြုလို့ မရတော့ဘူး။ အတုအယောင် ရွေးကောက်ပွဲနဲ့ အာဏာဆက်ပြီးယူထားလိုခြင်းဟာ မြန်မာ့ နိုင်ငံရေး အနာဂတ်ကို ဖျက်လိုဖျက်ဆီးလုပ်ခြင်းသာ ဖြစ်လိမ့်မယ်။ ရွေးကောက်ပွဲ အတု ကျင်းပဖို့ ကြိုးစားခြင်းဟာ တိုင်းပြည်ကို ပြည်တွင်းစစ် နွံထဲက ရုန်းမထွက်နိုင်အောင် လုပ်ရာကျပေလိမ့်မယ်။ လက်ငင်း စစ်တပ်လုပ်ပုံက တရုတ်တင်မက ရုရှားကိုပါ ပြဿနာထဲ ဆွဲသွင်းလာတဲ့အတွက် အရင်က ဆီးရီးယားအကျပ်အတည်းမျိုးဆီ ဦးတည်နေပြီ ဖြစ်တယ်။
မတ် ၉ ရက်က ရုရှားနဲ့ ဘယ်လာရုစ် ခရီးစဉ်ကအပြန် လေယာဉ်ပေါ်မှာ ခရီးစဉ်ကို လိုက်ပါသွားတဲ့ မီဒီယာတွေကို စစ်ခေါင်းဆောင်က သတင်းစကားတချို့ ပြောခဲ့တယ်လို့ဆိုတယ်။ အဲဒီ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်တွေကို မတ်လ (၁၁) ရက်နေ့ထုတ် ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားတယ်။ စစ်ခေါင်းဆောင်က “EAO တွေကိုလည်း ကျနော် ပြောချင်တာကတော့ ကိုယ်ဖြစ်ချင်တာတွေ မပြောပါနဲ့။ ဖြစ်သင့်တာတွေ၊ ဖြစ်နိုင်တာတွေပဲပြောဖို့ ကောင်းတယ်။ လူဆိုတာကတော့ ဖြစ်ချင်တာကတော့ လူတိုင်း ဖြစ်ချင်တာပဲ။ ကျနော်လည်း ဖြစ်ချင်တာတွေ အများကြီးရှိတာပဲ။ ဒါပေမဲ့ ကျနော် ဖြစ်ချင်တာ ဖြစ်ချင်မှလည်းဖြစ်လိမ့်မယ်။ ဖြစ်သင့်တာ ဖြစ်နိုင်တာကိုပဲ ကျနော်တို့သွားတာ ကောင်းတယ်”လို့ ပြောခဲ့တယ်။
စစ်ခေါင်းဆောင်ရဲ့ စကားကိုပဲ ပြန်ကောက်ရရင် စစ်တပ်အနေနဲ့ စစ်တန်းလျားကို ပြန်ခြင်းသည်သာ အဖြစ်သင့်ဆုံး ဖြစ်ပါတယ်။ မိုက်တွင်းနက်ပြီး မြန်မာပြည်အရေး ပြဿနာအတွင်း တရုတ်နဲ့ ရုရှားကို ဆွဲမသွင်းသင့်ကြောင်း နားလည်သင့်တယ်။ စစ်ခေါင်းဆောင်အနေနဲ့ ကိုယ်ကျိုးကို ရှေ့တန်းတင်ပြီး တိုင်းပြည်ကို အစိပ်စိပ်အမွှာမွှာ ဖြစ်အောင်မလုပ်သင့်ပါ။ တိုင်းပြည်ကို စိပ်ခွဲ ရောင်းစားတဲ့ လုပ်ရပ်ကြောင့် နောင်ဆွေစဉ်မျိဒးဆက် လူအများ ဝိုင်းဝန်း ကဲ့ရဲ့စရာဖြစ်လာပါလိမ့်မယ်။ စစ်ခေါင်းဆောင် အလုပ်သင့်ဆုံးက ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်ပေးအပ်ခြင်း ဖြစ်သင့်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံနဲ့ ဘီလာရုစ်နိုင်ငံတွေကို မတ်လ ၃ ရက်နေ့က ၉ ရက်နေ့အထိ တစ်ပတ်ကြာ သွားရောက်ခဲ့ပြီးနောက် ပြည်သူတွေအနေနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို လိုချင်ရင် ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း စစ်ခေါင်းဆောင်က ပြောလိုက်တာ ကြားရတယ်။ အဲဒီခရီးစဉ်အတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဘီလာရုစ်သမ္မတ လူကာရှန်ကိုတို့နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပမဲ့အခြေအနေဆိုတဲ့ ဓါတ်ပြားဟောင်းကြီးကို ဖွင့်ပြခဲ့တယ်လို့ ဆိုတယ်။ မြန်မာနိုင်ငံမှာကျင်းပမဲ့ ရွေးကောက်ပွဲကို ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတွေကလည်း ကိုယ်စားလှယ်တွေလွှတ်ပြီး စောင့်ကြည့်လေ့လာမယ်လို့ ပြောဆိုလိုက်ကြောင်း စစ်ခေါင်းဆောင်က ဆိုတယ်။
ဒါပေမယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH) ကတော့ စစ်ကောင်စီဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ နိုင်ငံရေးပါတီတွေကို ဖယ်ထားပြီး ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာ ဖြစ်လို့ တရားဝင်မှု ရှိတဲ့ရွေးကောက်ပွဲ ဖြစ်လာစရာ မရှိပါဘူး။ လတ်တလော အခြေအနေမှာ အကြမ်းဖက် စစ်တပ်ဂာ အရပ်သားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ မကြုံစဖူးမြင့်တက်လာကြောင်းလည်း FIDH ထောက်ပြထားတယ်။ ဒါကြောင့် စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲကို လက်မခံဖို့ မတ်လ ၃ ရက်နေ့က ကျင်းပတဲ့ 'ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ' မှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို FIDH တိုက်တွန်းခဲ့ကြောင်း RFA သတင်းအရ သိရတယ်။
အာဏာသိမ်းစစ်ကောင်စီက အတင်းအကျပ် ဖိအားပေးကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီးတော့ မကူညီကြဖို့ နိုင်ငံတကာ အစိုးရတွေကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) ကလည်း တိုက်တွန်းတောင်းဆိုခဲ့တာ တွေ့ရတယ်။ HRW ရဲ့ မတ် ၁၁ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ယုတ္တိမဲ့၊ မဖြစ်နိုင်တဲ့ အဆိုပါ ရွေးကောက်ပွဲ အစီအစဉ်ဂာ စစ်အုပ်စုရဲ့ ထွက်ပေါက်ရှာတဲ့ အကြံအစီဖြစ်တာကြောင့် နိုင်ငံတကာ အစိုးရတွေအနေနဲ့ နည်းပညာပံ့ပိုးမှုဆိုင်ရာ တောင်းဆိုမှုတွေကို ငြင်းပယ်သင့်တယ်လို့ ဆိုထးတယ်။ မြန်မာနိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် လုံခြုံရေးအခြေအနေအရ ၁၄၅ မြို့နယ်မှာသာ သန်းခေါင်းစာရင်း အပြည့်အဝကောက်ယူနိုင်ခဲ့ပြီး ၁၂၇ မြို့နယ်မှာတော့ တစိတ်တဒေသ ကောက်နိုင်ခဲ့ပြီး၊ ကျန် ၅၈ မြို့နယ်မှာတော့ လုံးဝ ကောက်ယူနိုင်ခဲ့ခြင်း မရှိဘူးလို့ ဆိုတယ်။ ပြည်တွင်းစစ် ပြင်းထန်နေချိန်မှာ မြန်မာစစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပမယ့် အစီအစဉ်ကို ဦးစားပေးမလုပ်သင့်ကြောင်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်ပြီး ပစ်ခတ် တိုက်ခိုက် အကြမ်းဖက်မှုတွေ ချက်ချင်းအဆုံးသတ်ဖို့ လက်ရှိ အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံက တိုက်တွန်းထားကြောင်း ဒီဗွီဘီသတင်းအရ သိရတယ်။
ဒါကြောင့်မို့ စစ်အုပ်စုက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ဒီရွေးကောက်ပွဲကို အတုအယောင် လိမ်လည်မှုလို့ ခေါ်ဆိုဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို HRW အဖွဲ့က တိုက်တွန်းထားပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ အပါအဝင် အာရှဒေသတွင်းက သက်ဆိုင်ရာ အစိုးရတွေကလည်း စစ်ရေးအရ ချုပ်ကိုင်မှုကို တရားဝင်စေဖို့ သာ လုပ်ဆောင်မယ့် အတုအယောင် ရွေးကောက်ပွဲတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်သင့်ကြောင်း တိုက်တွန်းထားတယ်။ လက်ရှိအခြေအနေမှာ တော်လှန်ရေးအင်အားစုတွေက မြို့နယ်ပေါင်း ၉၀ ကို သိမ်းပိုက်ထားပြီး တနိုင်ငံလုံးရဲ့ ဧရိယာ ၅၀ ရာခိုင်နှုန်းကျော်ကို စိုးမိုးထိန်းချုပ်ထားပြီး တနိုင်ငံလုံးမှာ စစ်အုပ်စု အနေနဲ့ ၂၁ ရာခိုင်နှုန်းမျှသာ ထိန်းချုပ်နိုင်ပါတော့တယ်။
ဒီအခြေအနေမှာ ပြည်သူလူထုကို လက်နက်နဲ့ ခြိမ်းခြောက် အဓမ္မမဲထည့်ခိုင်းမယ့်၊ မသမာတဲ့ နည်းလမ်းပေါင်းစုံနဲ့ မဲစာရင်းနဲ့ မဲရလဒ်တွေ လိမ်လည်လုပ်ဆောင်နိုင်မယ့် အခြေအနေ၊ ဂုဏ်သိက္ခာရှိတဲ့ လွတ်လပ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေမှာ လုပ်မယ့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ အဓမ္မ လုပ်ကြံကျင်းပမယ့် ဟန်ပြရွေးကောက်ပွဲသာ ဖြစ်လာမယ်လို့ တော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားပါတယ်။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကတော့ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အတုအယောင်ရွေးကောက်ပွဲ ကျင်းပလိုက်ရုံနဲ့ မြန်မာ့နွေဦးတော်လှန်ရေး ရပ်တန့်သွားမှာမဟုတ်သလို မြန်မာ့ပြဿနာရဲ့ ထွက်ပေါက်လည်း မဟုတ်ဘူးလို့ ပူးတွဲ ကြေညာချက် ထုတ်ပြန်ထားတယ်။
၂၀၂၅ ဒီဇင်ဘာ၊ ဒါမှမဟုတ် လာမယ့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလထဲမှာ ကျင်းပဖို့ ပြင်ဆင်နေနောင်းနဲ့ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေက ကူညီမယ့်အကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်က ဆိုတယ်။ ရုရှား နဲ့ ဘီလာရုစ်နိုင်ငံတွေကို မတ် ၃ ရက်မှ ၉ ရက်အထိ တပတ်ကြာ သွားရောက်ခဲ့ချိန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပမယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ပြောခဲ့တာ ဖြစ်တယ်လို့ ဒီဗွီဘီသတင်းမှာ ဖေါ် ပြတယ်။
စစ်ကောင်စီခေါင်းဆောင်က ရွေးကောက်ပွဲ ကျင်းပဖို့ အကြိမ်ကြိမ် ပြောဆိုနေပေမယ့် ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်တွေမှာ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်များနဲ့ ပါတီဝင်များကို ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်တာ တွေ့ရတယ်။ ဂျန်ဇီးလူငယ်တွေ အဓိကပါ၀င်တဲ့ PDFs အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တွေ EAOs ဦးဆောင်တဲ့ တိုက်ပွဲတွေကို ရပ်တန့်သွားအောင် လုပ်နိုင်တဲ့ အခြေအနေမျိုး စစ်ကောင်စီဘက်မှာ မရှိတာလည်း ထင်ရှားတယ်။ ထိန်းချုပ်နယ်မြေနဲ့ မြို့တွေကို တော်လှန်ရေးအင်အားစုတွေက ဆက်တိုက်ဆိုသလို သိမ်းယူနေတာ တွေ့ရတဲ့အတွက် စစ်ကောင်စီ စီစဉ်နေတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ခြေနည်းတယ်။ ဖြစ်ခဲ့ရင်တောင် ရွေးကောက်ပွဲမှာ စစ်တပ်အလိုတော်ရိ နိုင်ငံရေးပါတီတွေ ဝင်ပြိုင်ကြမှာဖြစ်လို့ အတုအယောင် ရွေးကောက်ပွဲက ပေါ်ပေါက်လာမယ့် အစိုးရဟာ နိုင်ငံနဲ့ ပြည်သူကို ကိုယ်စားပြုနိုင်ဖွယ် မရှိဘူးလို့ နိုင်ငံရေးလေ့လာသူအများစုက သုံးသပ်ကြတယ်။
လက်ရှိမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ပါတီ ၅၃ ခုကို မှတ်ပုံတင်ခွင့်ပြုထားတယ်။ တနိုင်ငံလုံးအဆင့် ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ ၉ ခုသာ ရှိပြီး ကျန်ပါတီအားလုံးက တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်သာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီတွေ ဖြစ်တယ်။ စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီ တခုတည်းသာ အင်အား အကောင်းဆုံး ဖြစ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုနဲ့ မဲအများဆုံး အနိုင်ရရှိခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေ တိုင်းရင်းသားပါတီတွေနဲ့ စစ်အာဏာသိမ်းမှုကို လက်သင့်မခံတဲ့ နိုင်ငံရေးပါတီတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းထားတဲ့ အတွက် ဒီအတုအယောင်ရွေးကောက်ပွဲဟာ နိုင်ငံရေးမျက်လှည့်ပွဲတခုမျှသာ ဖြစ်ကြောင်း ထင်ရှားလွန်းတယ်။
ရွေးကောက်ပွဲကို ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေက ကူညီမှုရရှိတဲ့အတွက် မိမိအစိုးရအတွက် အားဖြစ်စေတယ်လို့ စစ်ခေါင်းဆောင်က စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေကို ပြောခဲ့တာ တွေ့ရတယ်။
“ရွေးကောက်ပွဲအတွက် ရုရှားသမ္မတကြီးကလည်း မြန်မာနိုင်ငံအတွက် ကူညီမယ်လို့ ပြောတယ်။ ဘယ်လာရုစ်နိုင်ငံသမ္မတ လူကာရှန်ကိုကလည်း ကူညီပေးမယ်လို့ ပြောတယ်။ ဒါက ကျနော်တို့အတွက် ခွန်အားဖြစ်သလို တိုင်းပြည်အတွက်လည်း အားဖြစ်တယ်”လို့ ပြောတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲကို ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေက ထောက်ခံပြီး လိုအပ်တဲ့အကူအညီတွေ ပေးသွားမယ်လို့ စစ်ကောင်စီရဲ့ပြောခွင့်ရ ဇော်မင်းထွန်းက ပြောတယ်။ စစ်ခေါင်းဆောင်ရဲ့ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံခရီးစဉ်အပြီး မြန်မာနိုင်ငံကို ပြန်ရောက်ချိန် နေပြည်တော်လေဆိပ်မှာ ဖေဖော်ဝါရီ ၉ ရက် ညနေက မီဒီယာတွေရဲ့ မေးမြန်းချက်ကို ဖြေဆိုခဲ့တာ ဖြစ်ကြောင်း ဒီဗွီဘီသတင်းက ဆိုတယ်။
တရုတ်နဲ့ အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ စစ်ရာဇ၀တ်မှု အမြောက်အမြား ကျူးလွန်နေတာကို မသိကျိုးကျွံလုပ်နေခဲ့ တယ်။ မြန်မာပြည်သူတွေရဲ့ အိုးအိမ်အဆောင်အအုံအမြောက်အမြား မီးရှို့ဖျက်ဆီးခံရတယ်။ လယ်ယာစိုက်ခင်းတွေ အများအပြားဖျက်ဆီးခံရတယ်။ ကျေးရွာပေါင်း ထောင်သောင်းချီ ဗုံးကျဲဖျက်ဆီးခံနေရတယ်။ ပြည်သူတွေ ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ခံနေရတာကို တရုတ်နဲ့အာဆီယံ နိုင်ငံတွေက စာနာမှု ပြသတာ မတွေ့ရဘူး။
အခုဆိုရင် ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေလည်း အလားတူ မြန်မာပြည်သူတွေအပေါ် ဗိုလ်ကျစိုးမိုးနေတဲ့ စစ်ကောင်စီဘက်က ထောက်ခံလာကြပြန်ပြီ။
ဒီအတောအတွင်း ဖေဖော်ဝါရီလနှောင်းပိုင်းမှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း ရခိုင်အမျိုးသားအဖွဲ့ချုပ် / အာရက္ခတပ်တော် (ULA / AA) နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရတယ်။ တချိန်တည်းမှာ တရုတ် လုံခြုံရေးကုမ္ပဏီဝန်ထမ်း ၅၀ ဦးခန့် ကျောက်ဖြူသို့ ရောက်လာခဲ့ကြောင်း ဒေသတွင်း သတင်းတွေအရ သိရတယ်လို့ ဧရာဝတီသတင်းကဆိုတယ်။ တရုတ်ဘက်က အခုလို လုံခြုံရေးဝန်ထမ်းတွေ စေလွှတ်မှုကို စစ်ကောင်စီက လိုလိုလားလား လက်ခံခဲ့တယ်လို့ ဆိုတယ်။ တရုတ် လုံခြုံရေးတွေကို ကြားခံခုတုံးလုပ်ပြီး AA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကို လှည့်စားဖို့အတွက် အသုံးချလိုတဲ့ သဘောဖြစ်ပုံရတယ်လို့ ဆိုတယ်။ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေအဖို့ စစ်ကောင်စီတပ်ဖွဲ့ နဲ့ ပစ်ခတ်တိုက်ခိုက်ရတာ သမားရိုးကျဆိုပေမယ့် တိုက်ပွဲတွေအတွင်း တရုတ် လုံခြုံရေးဝန်ထမ်းတွေကို ထိခိုက်မှုဖြစ်ခဲ့ရင် တရုတ်အစိုးရ နဲ့ ပွတ်တိုက်မှု ပြဿနာ ဖြစ်ပေါ်နိုင်တယ်။
စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်လုပ်လိုက်တာဖြစ်တယ်။ တရုတ် အရပ်ဘက်လုံခြုံရေးအဖွဲ့တွေ မြန်မာ့ပိုင်နက်ထဲ ဝင်ရောက်လာတဲ့ ကိစ္စဟာ ရခိုင်ဒေသတခုတည်းအတွင်း ရင်ဆိုင်ရမယ့် ကိစ္စ မဟုတ်ဘဲ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တလျှောက် မြန်မာ့ ရေမြေအတွင်းရှိ တရုတ် စီမံကိန်းတွေပါ အကျုံးဝင်လာမှာဖြစ်တယ်။ ဒါကြောင့် မင်းအောင်လှိုင်ရဲ့ ဒီလုပ်ရပ်ဟာ ဘယ်သူသေသေ ငတေမာရင်ပြီးရောလို့ လုပ်လိုက်တာ ထင်ရှားတယ်။
ဒီအချက်ကိုကြည့်ရင် စစ်ကောင်စီ သက်ဆိုးရှည်နေသမျှ ပြဿနာတွေ အခြေအနေဆိုးတွေ ပိုပြီးတိုးလာမှာသေချာတယ်။ အခု တရုတ်နဲ့အားမရလို့ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေကိုပါ ဆွဲသွင်းလာနေပြန်တယ်။ မြန်မာပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုကို တရုတ်က စတင်ချိုးဖေါက်နေပြီဖြစ်တယ်။ သွေကွဲရင် ခွေးဆွဲ ခံရနိုင်တယ်။
ဒါကြောင့် အခြေအနေတွေပိုပြီးဆိုးမလာခင် တော်လှန်စစ်ကို အရှိန်မြှင့်ကြဖို့ လိုတယ်။ တော်လှန်အင်အားစုတွေအနေနဲ့ ရှေးကထက် ပိုပြီး ညီညွတ်ကြဖို့ လိုနေပြီဖြစ်တယ်။
အခု အကြမ်းဖက် စစ်ကောင်စီရဲ့ ထွက်ပေါက်အဖြစ် ပြုလုပ်မယ့် ရွေးကောက်ပွဲအတုကို တရုတ်-အာဆီယံတို့သာမက ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေကပါ ထောက်ခံ အားပေးနေတဲ့ ပကတိအခြေအနေကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ မြင်အောင်ကြည့်ကြရမှာ ဖြစ်တယ်။ ထိုင်းနိုင်ငံ အစိုးရ အပါအ၀င် အာဆီယံအဖွဲ့၀င်နိုင်ငံတွေဟာ မြန်မာ့အရေးအတွက် မြန်မာပြည်သူတွေဘက်က ထောက်ခံမှု ကူညီမှု ပြုလာအောင် နိုင်ငံခြားရေးနဲ့ သက်ဆိုင်သူတွေ ကြိုးပမ်းကြဖို့ လိုတယ်။ အထူးသဖြင့် အခုအချိန်အထိ သူတို့ဆီက လူသားချင်းစာနာမှု အကူအညီ မြန်မာပြည်သူတွေအနေနဲ့ မရခဲ့ဖူးဘူး။
တရုတ်နဲ့ အာဆီယံအဖွဲ့တို့ရဲ့ မြန်မာ့အရေးအပေါ် ရပ်တည်ပုံတွေဟာ ကိုယ်ကျိုးစီးပွားကိုသာ ပဓါနထားတာ တွေ့ရတယ်။ အခုတခါ မင်းအောင်လှိုင်က သူအာဏာမြဲရေးအတွက် ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေကိုပါ ပြဿနာအတွင်း ဆွဲသွင်းလာပြန်ပြီ။ တိုင်းပြည်ရဲ့ သယံဇာတတွေနဲ့ အချုပ်အခြာအာဏာကိုပါ အောက်စျေးနဲ့ချရောင်းနေတာ မြင်လာရပြီ ဖြစ်တယ်။ ဒီအခြေအနေအရ တော် လှန် ရေးကို အချိန်ဆွဲ လို့ မရတော့ ပါ။ အချိန်ဆွဲတာနဲ့အမျှ စစ်တပ်ဘက်က ပြင်ဆင်ချိန်ပိုရသွားမှာ ဖြစ်တယ်။ ဒီနှစ်အတွင်းမှာ တော်လှန်ရေးအောင်ပွဲ အရယူဖို့ တပ်ပေါင်းစု ဖွဲ့ရေး စီမံချက်ဆွဲသင့်ပြီ ဖြစ်တယ်။ စစ်အနိုင်တိုက်ရေးသည် ပထမ ဦးစားပေး ဖြစ်နေပြီ ဖြစ်တယ်။ တရုတ်နဲ့ အာဆီယံရဲ့ နိုင်ငံရေးဖိအားပေးမှုတွေဟာ စစ်ကောင်စီတပ် အသက်ရှူခွင့်ရဖို့ အချိန်ဆွဲပေးတာသာ ဖြစ်တယ်။ တရုတ်ရဲ့ ဖိအားပေးမှုကြောင့် PDFs အဖွဲ့တွေနဲ့ EAOs အဖွဲ့တွေ မူလ ရည်မှန်းချက်ကနေ သွေဖည်ခြင်း မရှိကြောင်း စစ်မြေပြင် အောင်ပွဲတွေက သက်သေပြနေတယ်။
ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အခွင့်သာခိုက်မှာ အပြီးအပြတ် ချေမှုန်းဖို့ နွေဦးတော်လှန်ရေးအဖွဲ့အားလုံးနဲ့ PDFs အဖွဲ့တွေနဲ့ EAOs အဖွဲ့တွေ ဆုံးဖြတ် တိုက်ပွဲဝင်နေခြင်းအပေါ် ပြည်သူလူထုကလည်း အင်တိုက်အားတိုက် ထောက်ခံနေတာ တွေ့ရတယ်။ ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အပြီးအပြတ် ချေမှုန်းနိုင်မှသာ တိုင်းပြည် ငြိမ်းချမ်းမှာ ဖြစ်တယ်။ တိုင်းရင်းသားပြည်သူအားလုံးရဲ့ လူမှုဘ၀တွေလည်း ဧကန်မုချ လွတ်မြောက်မှာ ဖြစ်တယ်။
ဒါကြောင့် တော်လှန်ရေး အရှိန်ကျဆင်းအောင် မလုပ်မိကြဖို့၊ သွေးစည်းညီညွတ်မှု ပျက်ပြားအောင် မလုပ်မိကျဖို့ တော်လှန်ရေး ခေါင်းဆောင်မှု အဆင့်ဆင့်မှာ တာဝန်ရှိပါတယ်။ "စစ်အာဏာရှင်ဆန့်ကျင်ရေး နိုင်ငံရေးအင်အားစုများ" အနေနဲ့ သွေးစည်းညီညွတ်ကြရေးဟာ လက်ရှိအချိန်မှာ အလွန်အရေးကြီးတဲ့ အချက်ဖြစ်ကြောင်း သတိပြုသင့်တယ်။ ဒါကြောင့် တပ်ပေါင်းစု အမြန်ဖွဲ့ရေးအတွက် သွေးစည်းညီညွတ်မှု ပြသကြပါ။ အချိန်မနှောင်မီ ဌာနချုပ်ကို အမြောက်နဲ့ ပစ်ကြပါလို့ တိုက်တွန်း နှိုးဆော်အပ်ပါတယ်။။။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar