ခိုင်မျိုး - ရွာထဲမှာ
ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) မတ် ၁၂၊ ၂၀၂၅
ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) မတ် ၁၃၊ ၂၀၂၅
လှလိုက်တဲ့ရှုခင်းကို
ထင်ရှုးတောင်ပေါ်ကလှမ်းကြည့်ရင်
ရာသီဥတုကောင်းတဲ့အခါမြင်ရမယ်
တောင်ပေါ်လေဟာ
သူ့တီးလုံးကိုသစ်ပင်တွေကြားမှာဖွင့်ပြတဲ့အခါ
ထင်ရှုးပင်တွေက
သူ့ရနံ့ကိုလေသံထဲဝင်ကခိုင်းလေရဲ့
နေလုံးကြီးကတော့
မီးထိုးမှန်ထိုးနေရာကပေါ့
ဟိုကပျပျမြင်နေရတဲ့
တလက်လက်အမိုးလေးတွေရှိရာဟာ
မြဝတီမြို့လေ
ကော့ကရိတ်ကနေ
မိုင်ငါးဆယ်လောက်သာလှမ်းပေမယ့်
တောင်တက်လမ်းတွေဟာကြမ်းတယ်
လူအမျိုးမျိုးနဲ့အစစ်အဆေးအမေးအမြန်းအမျိုးမျိုးတောထတယ်
တခါတရံအလိုတူတူမတူတူ
ပေါ်တာေခါ်ယူတဲ့အဓမ္မကောင်တွေရှိတယ်
လမ်းကင်းရှိမှခရီးသည်တွေသွားရတယ်
လမ်းတဲ့
အဆင်းတွေလာရင်အတက်ကားသွားလို့မရဘူး
ငါဟာ
ထင်းရှုးတောင်ပေါ်ကသွပ်မိုးလက်လက်ကလေး
တွေမြင်နေရတဲ့မြဝတီမြို့ကိုငေးရင်း
တောရဲ့လွတ်လပ်ငြိမ်းချမ်းခြင်းကို
ခံစားမိနေလေရဲ့
အဲ့သည်တုန်းကငါ့ရဲ့လျင်မြန်သော
အရေပြားတွေဟာ
အခုငါ့ဘေးမှာပုံကျနေပြီ
ငါ့ညာလက်တစ်ဘက်လည်းကျိုးခဲ့ပြီးပြီ
ငါစီးခဲ့တဲ့ဒီတီရှစ်ဆယ့်နှစ်တစ်စီး
အခုထိမယ်တော်မှာရှိဦးမလား
မဖြစ်နိုင်တော့ဘူး
ပြန်မရတော့တဲ့အတိတ်ကနေအခုအထိ
လက်နက်ကိုင်တွေသာ
လက်နက်ကိုလက်ဆင့်ကမ်းခဲ့ကြတာပေါ့
လက်နက်အဆန်းတွေ
အံ့မခန်းတိုးတက်ခဲ့့တာပေါ့
မတောင်းသောဆုတို့သာ
သည်မြေမှာပြည့်ခဲ့ပါကောမိတ်ဆွေ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar