အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၃၉ )
ခြုံပြောရမယ်ဆိုရင် အောင်ပွဲခံ တိုင်းရင်းသားဒေသတွေမှာ နယ်စပ်ကုန်သွယ်ရေးတွေ ဖွင့်နိုင်တော့မယ့်အခြေအနေထိ တိုးတက်လာတော့မယ် ၊ ဖက်ဒရယ်ဒီမိုကရေစီကို အောက်ခြေမှ အထက်သို့ တဆင့်ပြီးတဆင့် တည်ဆောက်ဖို့ အခွင့်အလမ်းတွေ ပွင့် လာနေပြီဆိုတာ အထင်အရှားမြင်နေရတယ်။
ကင်ဆာ အကြိတ်တွေ့လို့ ဆေးစစ်ရ။ ဆေးရုံပြရ။ ဆေးရုံတွေလဲအပိတ်ခံနေရတယ်လို့ သိရ။ ဘာကြောင့်မှန်းမသိဘူး။ ဒါပေမယ့် တရားမဝင် တရုတ်ဆေးခန်းတွေကတော့ မှိုလိုပေါက်လာတယ်လို့ ဆရာဝန်တွေက တိုးတိုးတိတ်တိတ်ပြောနေကြ။
မြန်မာပြည်အနှံ့က စစ်မြေပြင်တွေမှာ စစ်ကောင်စီတပ်တွေ အရှုံးကြီးရှုံးနေတဲ့သတင်းတွေ အဆက်မပြတ်တက်နေတယ်။ အဆိုးဆုံးကတော့ နွားထိုးကြီးစစ်မြေပြင်မှာ ရှုံးတဲ့ အရှုံးကတော့ မရှုမလှပါပဲ။ စစ်ကောင်စီလော်ဘီတွေကတောင် စစ်ကောင်စီကို အော်ဟစ်ဆဲဆိုသံတွေ ညံနေတယ်။
ရုရှား ပူတင်ကို ဘုရားအလောင်း ကြွက်မင်းအဖြစ် ဘိသိက်မြောက် သံတမန်ခရီးအပြန်မှာ မင်းအောင်လှိုင်ကို သောင်းသောင်းဖြဖြ ကြိုဆိုနေတာကတော့ သူ့လော်ဘီတွေရဲ့ ဆဲဆိုသံနဲ့ စစ်သားမုဆိုးမတွေရဲ့ ငိုသံပါပဲ။
ထားဝယ်ရေနက်ဆိပ်ကမ်းကို ဈေးဘောင်ကျိုးနဲ့ ရောင်းထွက်လို့ ပျော်တပြုံးပြုံးဖြစ်နေတဲ့ မအလ မျက်နှာကြီးလဲ ဖန်သားပြင်ပေါ်မှာ ပေါ်မလာတော့။
အရေးထဲ အာဆီယံကလဲ မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲကို လက်မခံဘူးလို့ သတင်းတွေ ထွက်နေပြန်ပါတယ်။
လူတွေကလဲ ဒူနာတေးကို အိုင်စီစီက ဖမ်းခေါ်သွားပြီဆိုတဲ့သတင်းရဲ့ နောက်ဆက်တွဲ အဖြစ် မင်းအောင်လှိုင် ဘယ်လဲ၊ ဘယ်တော့လဲဆိုတဲ့ သတင်းတွေ ပဲ စိတ်ဝင်တစားပြောနေကြတယ်။
ခြုံပြောရမယ်ဆိုရင် အောင်ပွဲခံ တိုင်းရင်းသားဒေသတွေမှာ နယ်စပ်ကုန်သွယ်ရေးတွေ ဖွင့်နိုင်တော့မယ့်အခြေအနေထိ တိုးတက်လာတော့မယ်၊ ဖက်ဒရယ်ဒီမိုကရေစီကို အောက်ခြေမှ အထက်သို့ တဆင့်ပြီးတဆင့် တည်ဆောက်ဖို့ အခွင့်အလမ်းတွေ ပွင့် လာနေပြီဆိုတာ အထင်အရှားမြင်နေရတယ်။
အန်ကယ် တူမီး
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar