Breaking News

ဖလော်ဒါဟန် - ၄ နှစ်သားနဲ့ ငလျင်

ဖလော်ဒါဟန် - ၄ နှစ်သားနဲ့ ငလျင်

မိုးမခ ၊ ဧပြီ ၈ ၊ ၂၀၂၅


အခု ဖြစ်နေတဲ့ ငလျင်ဒဏ်နဲ့ စီ ဝန်ထမ်းများရဲ့ ခံယူချက်ကို ရောထွေးပြီး ဝေဖန်ပြစ်တင်နေတာမျိုးတွေ ကြားမြင် သိနေရပါတယ်။

စီ ဆိုတာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ကိုယ့်ဘဝကို ပြန်ထူထောင်နိုင်တဲ့ ခွန်အားရှိသူတွေပါ။

ယခင်အချိန်ကထက် ပြေလည်ချင်လည်း ပြေလည်မယ်၊ မပြေလည်းချင်လည်း မပြေလည်ကြပါဘူး။

ဒါက တလရ မှာ မယိုင်မလဲ ပြည်သူနဲ့ တထပ်တည်း နေထိုင်နေကြရတဲ့ အခြေအနေမို့ပါ။

ငလျင်က သဘာဝဘေးဒဏ်ပါ။ ဒါကို ပြည်သူအတော်များများ ခံနေကြရပါတယ်။

ဒီအတွက် စီ များဘဝနဲ့ ယခုလက်ရှိ သဘာဝဘေးဒဏ်ကျလို့ ဒုက္ခရောက်နေတဲ့ ဝန်ထမ်းများဘဝကို ဘလိန်းနေသူ စီ များ မရှိပါဘူး။

လူ ဆိုတာ မိမိရွေးချယ်မှူနဲ့ မိမိဘဝကို မြှင့်တင်ကြတာပါ။

အနေအထိုင် ဆင်းရဲချင် ဆင်းရဲကြမယ်၊ စိတ်ဓာတ်အောက်တန်းမကျဖို့နဲ့ မိမိဘဝကို အကောင်းဆုံးပြင်ဆင်ထားဖို့တော့ လိုပါတယ်။

မိမိဘဝကို အကောင်းဆုံး ပြင်ဆင်ထားမှသာ လောကကိုလည်း အကျိုးပြုနိုင်မှာ ဖြစ်သလို မိမိပတ်ဝန်းကျင် လူသားအားလုံးကို အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။

ဆုံးရှုံးမှုတိုင်းမှာ တန်ဖိုးရှိကြတာ အတူတူပါပဲ။ အဲဒီတန်ဖိုးကို အသုံးချနိုင်ဖို့ပဲ လိုပါတယ်။ လူတိုင်းက ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို့ ကြိုးစားကြရတယ်။

အမှီအခိုကင်းကင်း နေထိုင်နေကြတဲ့ စီ တွေကို အခုအချိန်မှာ ရောထွေးပြီး မပုတ်ခတ်ကြပါနဲ့။

စကစ လက်အောက်ခံ ဘယ်ဝန်ထမ်းကိုမှ စီ တွေက ကပျက်ကချော်နဲ့ ဘလိန်းနေမှာ မဟုတ်သလို လိုင်းပေါ် လိုက်ခွပ်နေသူများမှလည်း သူတို့အမြင် သူတို့အတွေးနဲ့ ပြောနေကြတဲ့ ပြည်သူထဲကပြည်သူတွေ ဖြစ်ပါလိမ့်မယ်။

ကျွန်မတို့ရဲ့ ခံယူချက်က ငလျင်ဒဏ်ခံ ပြည်သူနဲ့ စကစ လက်အောက်ခံ ဝန်ထမ်းတွေကို တိုက်ခိုက်နေတာ မဟုတ်ပါဘူး။

ယနေ့အချိန်ထိ ခေတ်မကောင်း စနစ်ဆိုးကြီးကို ပြည်သူတိုင်း မုန့်ဝေမခံရဖို့ လက်ဝေခံဘဝမှာတင် တင်းတိမ်မရောင့်ရဲကြဖို့ ပြည်သူတွေအသိ သတိရှိကြဖို့‌‌ ချင့်ချိန်နိုင်စွမ်းတော့ ရှိကြရပါမယ်။

လူတိုင်းမှာတော့ မတရားမှုအပေါ်မှာ နာကျင်ခဲ့ရတဲ့ စိတ်ဓာတ်ဆိုငရာ ကျိုးပဲ့သွားတာမျိုးတွေ ရှိကြတာချည်းပါပဲ။

ဒီအတွက် မိမိကိုယ်ကို မထိခိုက်သရွေ့တော့ သဘာဝတရားကြီးနဲ့ ပတ်ဝန်းကျင်က နေထိုင်ဖို့သင့်တင့်နေကြအုံးမှာပါပဲ။

တနေ့နေ့ဆိုတာ အချိန်တခုက ပေးတဲ့ ရလဒ်‌ကောင်းဆိုပေမဲ့ မိမိက ယူနေတဲ့ ပါပ ဆိုသည့်အကုသိုလ်စိတ်တွေ မဖြစ်ဖို့‌တော့ လူတိုင်း ကြိုးစား‌နေထိုင်ကြရမှာပါ။

သတင်းတိုင်းကလည်း ဝမ်းသာစရာ မဟုတ်သလို လူ့ဘဝ စည်းစိမ်ဥစ္စာ ဆိုသည်ကလည်း မမြဲနိုင်တဲ့ အတ္တတွေ ဆိုတာ ဝန်ခံတတ်ဖို့ လိုပါတယ်။

ပြည်သူကတော့ စကစရဲ့ ခေတ်ဆိုး စနစ်ဆိုးအောက်မှာ ဒုက္ခအဆိုးများစွာကို ရင်ဝယ်ပိုက်ခဲ့ရတာ ၄ နှစ်ကျော်လာပါပြီ။

ဖလော်ဒါဟန်

၄.၄.၂၀၂၅



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar