ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လမ်းပျောက်တဲ့ ရှမ်းမြောက်မှာ တရုတ်အုပ်ချုပ်ရေး စတင်လာပလား
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လမ်းပျောက်တဲ့ ရှမ်းမြောက်မှာ တရုတ်အုပ်ချုပ်ရေး စတင်လာပလား
မိုးမခ ၊ ဧပြီ ၁၀ ၊ ၂၀၂၅
နေပူတော်က နန်းတွေတော့ ငလျင်လှုပ်ခံရရုံမက ငါးချဉ်ပါ လုပ်ခံရကိန်းဆိုက်လာပြီ။ တိုက်ပိ သေသူ ကိုယ့်ဝန်ထမ်းတွေကို လူလို့ သဘောမထား စစ်ဗိုလ်ပြုတ် စစ်ဗိုလ်ချုပ်တွေက အပုပ်နံ့နဲ့ နယူးနော်မယ် ဖြစ်အောင် နေတဲ့၊ မနေတတ်ရင် အသေသတ်ခံရမယ့်သဘော ပြောထားခံရပြီ။
စူပါလွန်ငလျင်ရယ် လူတကာရွံဘုရင်ရယ်ကြားမှာ သူတကာ သနားကြဖို့ကလည်း အနေအထားက ရွှေဖား မဟုတ်။ အင်း စစ်အုပ်စုကလည်း သူတို့ဘက်ကနေ အဓမ္မပန်းပန် လူရွံခံနေရစ်တဲ့ စောက်ခွက်တွေကိုမှ မထောက်၊ ခြိမ်းလား ခြောက်လား၊ ဟိန်းလား ဟောက်လားအပြင် ခွဲခြားနှိမ့်ချဆက်ဆံမှုကလည်း များလှတယ်။
သရေကြိုးကောင်က အရပ်ဘက်ဝန်ထမ်းသာ ဘယ်မှ မသွားရ၊ မထွက်ရလို့ ဖြဲတာ ဖြဲတာ၊ သူ့ကျ အင်တာပိုသံ ကြားကာရှိသေး ဖင်ပါတာပါ အပိုဖြစ်ပြီး မထိုင်တော့ဘဲ ဘင်းစတက်ကနေ အတင်းထွက်ပြေးလာတယ်လေ။ ငလျင်တုန်းက စားပွဲအောက် ဝင်ပြေးတာထက် သွက်သကိုး။ တရုတ်ကြီးရဲ့ မူစကူဒူးတာ ခံနိုင်လွန်းလို့ ပြန်ရတယ်ဆိုတဲ့ လားရှိုးကလည်း မြို့ထဲမှာ အလိုက်တသိ တိတ်ဆိတ်ငြိမ်ကုပ် ဒူးတုပ်နေရုံဘဲတဲ့။ မြို့ပြင်ပတ်လည်မှာ မြနန္ဒာအေးအောင်က ခွေးမဟောင်နိုင်အောင် လုပ်ထားမှာတဲ့။ လှည့်ပတ်လိုက်ကိုက်ဖို့တော့ ဝေးတယ် ခွေးရယ်တဲ့။
အလယ်မှာ တရုတ်ကောင်စစ်ဝန်ရုံးချပြီး စကစနဲ့ မြနန္ဒာ ပူးတွဲအုပ်ချုပ်ရမတဲ့။ ၁၀၂၇ တုန်းက မြနန္ဒာပြောခဲ့တဲ့ စစ်အာဏာရှင်အမြစ်ဖြုတ်ရေးသန္နိဋ္ဌာန်တော့ ပြန်နှိပ်မခံရလောက်သေးဘူးပေါ့လေ။ ခုလို တရုတ်လက်အောက် ရောက်သွားရင်တော့လဲ ပုံစံတမျိုးနဲ့ အမြစ်ပျောက်သွားမှာပေါ့။ ခုဟာက တရုတ်ဆီ လက်ဆင့်ကမ်းရအောင် ခဏခေါ်ခိုင်းခံထားရတာမျိုးကိုး။ ကုန်သွယ်ရေးလမ်းကြောင်းတွေလည်း ဖွင့်ရင်းပေါ့။ ပွတာကတော့ တရုတ်၊ အလယ်သားကို ပလုတ်ပလောင်းကိုက်ပြီး ဘာမှစိုက်မထုတ်ရဘဲ လားရှိုးကို အချောင်ရလိုက်တာ။ တကယ်တော့ မအလ လားရှိုးပြန်ရတယ်ဆိုတာ ရှမ်းမြောက်မှာ တရုတ်အုပ်ချုပ်ရေးစတာပဲပေါ့။
အဲသလို အသက်တွေအများကြီး ပေးဆပ်ခိုင်းပြီး တရုတ်လက် တိုင်းပြည်မြေ ထိုးအပ်လိုက်တဲ့ မအလဟာ ရုပ်တည်နဲ့ ယူနွတ်ကို လက်ဆွဲပြီး အကိုရေ ရိုတွေကို ပြန်ပို့လိုက်ဗျာတဲ့။ ဟန်ကိုယ့်ဖို့ပေါ့။ မသိရင် သူကပဲ နိုင်ငံကို အပြိုင်စံမရှိ အုပ်ချုပ်နေရသလိုလို၊ အကိုထွန်းရဲ့ အတွင်းဝန်လိုလို။ ယူအန်အတွင်းရေးမှူးက AAနဲ့စကားပြောဖို့ဆိုတော့ ကားလိပ်ဆွဲက ဖင်ဆောင့်ကန်လိုက်လို့ ငါသာလျှင် ဘုရင်ဖြစ်တော့သကိုး ဆိုပြီးထွက်လာတာ ကိုင်လာတဲ့ သန်လျက်က အကျိုးကြီးနဲ့ ဆိုသလို။ တလက်မမှ မအုပ်ချုပ်နိုင်တော့တဲ့နေရာမှာ ငါ တသိန်းရှစ်သောင်း ပြန်လက်ခံမယ် သွားလုပ်တာ။ အဲဒါကို အဟုတ်မှတ်ရင်တော့ အင်း ဘင်းစတက်ကျမှ ယူနွတ်လဲ အနူဘွတ်တာ ခံရတော့မယ်လေ။
ထိုင်းပြည်သူတွေလဲ သူတို့မြေ ဘီလူးခြေချတာခံရလို့ ပွက်ပွက်လန်နေတယ်။ လောက်တက်နေတဲ့ စောက်ခွက်မြင်တော့ သူတို့ပြည် ကြမ္မာဆိုးဝင်လာတော့မယ်လို့ ခံစားလိုက်ကြရတာကိုး။ ခွေးခြေချရင် သွေးမြေကျမယ် ဆိုတာ သိတယ်လေ။ သူတို့ရဲ့ လှပတဲ့မြေ ကျက်သရေပုတ် တက်နေဆုတ်မှာမဟုတ်လား။
ဒါထဲက ဘူတန်ဝကခက မအလနဲ့တွေ့တော့ ဖလဲရှားတယ်ဘာညာနဲ့ ပို့စ်တင်တာ ဝိုင်းကျွေးလို့ ဖြုတ်လိုက်ရပြီ။ ဖျင်ယားတာ ဆေးမရှိကိန်းဆိုက်တော့မလို့။ ချေးထုပ်ကိုင်ရင် ချေးပေမယ်၊ ချေးနံ့ နံမယ်လောက်မှ မသိသားဆိုးရွားချက်။ ခုတော့ အေးချမ်းတဲ့ ဘူတန်လဲ ဘေးသန်းတဲ့ လူဗလံကြောင့် အပူကန်ရပြီကော။
နိုင်ငံတကာရဲ့ ငလျင်ကူညီရေးအထောက်အပံ့တွေက စစ်ခွေးလက် မရောက်အောင်ပေးမယ့် နိုင်ငံတွေရှိလာတော့ အငတ်ဗိုလ် သရေကြိုးကိုးကွင်းက ငလျင်ကူညီရေးလုပ်မယ့် အဖွဲ့တိုင်း သူတို့ခွင့်ပြုချက်ယူရမယ် လုပ်လာတယ်။ သူတို့ခွင့်မပြုဘဲ မလုပ်ရဆိုပြီး ပြောလာတယ်။ ငလျင်ဒေသဟာ လောက်လောဆယ် သူ့လက်ထဲပဲ ရှိနေတာဆိုတော့ သူက မသာအိမ်က ဖဲဝိုင်းကို ကန်ထရိုက်ဆွဲတော့တာပေါ့လေ။ အကုန် သူတို့ရမယ့် ခွင် ဆင်တော့တာပေါ့။ သူတို့ဆီ ဖင်ရှုံ့ခံ မှတ်ပုံတင်ထားတဲ့အဖွဲ့တွေကိုလဲ တိုက်ရိုက်မဝင်တဲ့ ငွေသုတ်ဖို့ ထုတ်သုံးရအုံးမှာ မဟုတ်လား။ အကယ်ပြ အကူပြပြီး တရာမှာ ကိုးဆယ်စား ကြံတော့တာ။ နိုင်ငံတကာရဲ့ မတတ်သာလို့ ပြုလိုက်ရတဲ့ အသိအမှတ်ကလဲ ရအုံးမှာမဟုတ်လား။ ဒေါ်စုလက်ထက်က နိုင်ငံ့အတွက်အရေးကြုံရင်သုံးဖို့ အမေရိကန်ကိုအပ်ထားတဲ့ သန်းတထောင်ကိုတောင် မျက်စပစ်နေပြီ။ ပြည်တွင်းမှာပဲ ထားတဲ့ငွေတော့ မင်းအောင်လှိုင်ဖြုန်းလို့ကုန်ပြီ။ အဲဒါနဲ့ ရောပြီး ကြောင်တောင်တောင်ရွေးကောက်ပွဲလေးကိုလဲ ရောယောင် ရှိုးပြဖို့ ကြံမယ်ပေါ့လေ။
အင်း ကပစတွေ မီးဖြတ်မခံရင်အထိတော့ တွက်ရေးက စက်သူဌေးပေါ့။ ပီဒက်တွေ မန်းလာသိမ်းရင်တော့ ဂိမ်းအိုဗာဘဲ။
ခု မေဘေးက ဒုတိယခိုင်နှင်းဝေလုပ်ဖို့ ကြံပြန်ပြီ။ နိုင်ငံတကာအလှူငွေနဲ့ သေသူဘယ်လောက် ဒဏ်ရာရသူဘယ်မျှဆိုပြီး ဖျံကျတော့မယ်။ ဒုတိယခိုင်နှင်းဝေသာ ဖြစ်ချင်တာ ပေးတာက ဖက်တီးမတောင် မမီဘူး။ ဟော ခု အရည်အသွေးမမီတဲ့ ဆောက်လုပ်ရေးတွေ အရေးယူမယ် ပြောပြီး သူ့သား အောင်ပြည့်စုံကို ကန်ထရိုက်ပေးဖို့ ကြံပြန်ပြီ။ နေပြည်တော်မှာ ရွှေကြီး ရွှေသီးထားတဲ့အဆောက်အဦတွေက ကုန်သလောက် မဟုတ်လား။ အဲဒါတွေ အကုန် သူ့သားလေးအတွက်လို့ အိပ်မက်တွေ စိန်စီနေပြီလေ။
စကားမစပ် ငလျင်မှာ ခြောက်လုံးတန်းက စောက်လုံးကန်းကြီးတွေရော ပိမကုန်ကြဘူးလား။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar