Breaking News

သမ္မတဟောင်း မွန်ဂျေအင်း အဂတိလိုက်စားမှုတွေနဲ့ ကြာသပတေးနေ့က တရားစွဲဆိုခံရ


သမ္မတဟောင်း မွန်ဂျေအင်း အဂတိလိုက်စားမှုတွေနဲ့ ကြာသပတေးနေ့က တရားစွဲဆိုခံရ

(မိုးမခ နိုင်ငံတကာမျက်နှစာ၊ ဧပြီ ၂၅၊ ၂၀၂၅)

တောင်ကိုရီးယားသမ္မတတာ၀န်ကို ၂၀၁၇ ခုနှစ်ကနေ ၂၀၂၂ အတွင်းရယူခဲ့တဲ့ သမ္မတဟောင်း မွန်ဂျေအင်း Moon Jae-in ဟာ အဂတိလိုက်စားမှုတွေနဲ့ ကြာသပတေးနေ့က တရားစွဲဆိုခံရပါတယ်။ ၂၀၁၈ ကနေ ၂၀၂၀ ခုနှစ်တွေအတွင်း သားမက်ဖြစ်သူ မလျော်မကန်ရာထူးရယူမှု၊ သားမက်ဖြစ်သူကတဆင့် လာဘ်ငွေနဲ့ အခြားခံစားခွင့် ကိုရီးယားဝမ် ၂၁၇ သန်းလောက် လာဘ်စားမှုတွေနဲ့ အစိုးရရှေ့နေတွေက စွဲချက်တင်တာပါ။ 

သမ္မတဟောင်း မွန်ဟာ သူ့ သမ္မတသက်တမ်းအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ သမိုင်းဝင်ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်အောင် ကြိုးပမ်းအကောင်အတည် ဖော်ဆောင်နိုင်ခဲ့သူအဖြစ် ထင်ရှားပါတယ်။ 

သမ္မတဟောင်းမွန်လည်း အခုလို ရာဇဝတ်မှုတွေနဲ့စွဲချက်တင်ခံရပြီဖြစ်တာကြောင့် အဂတိမှုတွေနဲ့ဖမ်းဆီးအရေးယူခံရသူ သမ္မတတွေ၊ လုပ်ကြံခံရသူ၊ မိမိကိုယ်ကိုအဆုံးစီရင်သူ ယခင့်ယခင်တောင်ကိုရီးယားသမ္မတဟောင်းတွေစာရင်းမှာ တဦးအပါအဝင် ဖြစ်လာပါတယ်။ 

သမ္မတမွန်ဆီကနေ ရာထူးဆက်ခံပြီး တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြေညာမှုနဲ့ ဒီလထဲမှာပဲ ရာထူးကဖယ်ရှားခံရတဲ့ သမ္မတဟောင်း Yoon Suk Yeol ဟာလည်း ရာဇ၀တ်မှုတွေနဲ့ တရားရင်ဆိုင်နေရပါတယ်။ 

သမ္မတဟောင်းမွန်ရဲ့သမီးဟာလည်း ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အဂတိစုံစမ်းမှုတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက နေအိမ်ကို စီးနှင်းရှာဖွေမှုတွေလုပ်ခဲ့ပါသေးတယ်။ သမ္မတဟောင်းရဲ့ဒီမိုကရက်တစ်ပါတီကတော့ ဒီစွပ်စွဲချက်တွေဟာ နိုင်ငံရေးပယောဂ မကင်းဘူးဆိုပြီး ပယ်ချထားပါတယ်။ 

လက်ရှိတောင်ကိုရီးယားနိုင်ငံရဲ့အစိုးရကို ယာယီသမ္မတနဲ့ဝန်ကြီးချုပ် Han Duck-soo ဦးဆောင်တာဝန်ယူထားပြီး လာမယ့် ဇွန်လ ၃ ရက်နေ့မှာ ကိုရီးယားသမ္မတသစ်ရွေးကောက်ပွဲကျင်းပဖို့ ရှိပါတယ်။

(ရုပ်သံစီစဉ် - ကိုနိုင် (မိုးမခ)၊ အသံ - နွေဦးရွှေဝါ (Radio NUG)
-
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar