ကိုရွေး - ဧပြီ ၁၀
ဧပြီ ၁၀
ကိုရွေး
(မိုးမခ) ဧပြီ ၁၂၊ ၂၀၂၅
ပိတောက်ပန်းတွေပွင့်နေပြီ
ရင်ထဲမှာတော့မီးပန်းတွေပွင့်လို့
တစ်နှစ်
နှစ်နှစ်
သုံးနှစ်
မင်းမပါနိုင်သောသကြန်
ဒီလိုနေ့ပေါ့
မင်းနားတဲ့အကိုင်းကျိုးကျသွားတာ
မပြီးဆုံးသေးသောကဗျာ
........ .................
အမေ မျက်ရည်မကျနဲ့
သားစိတ်ဓါတ်မကျဘူးဆိုတဲ့ကဗျာ။
10 Apr 25
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar