Breaking News

မျိုးသန့်ထွန်း(စစ်ကိုင်း) - စစ်ကိုင်းနဲ့ ငလျင်


မျိုးသန့်ထွန်း(စစ်ကိုင်း) - စစ်ကိုင်းနဲ့ ငလျင်

မိုးမခ ၊ ဧပြီ ၁၂ ၊ ၂၀၂၅


စစ်ကိုင်းငလျင်အတွက်

မျက်ရည်ကျခဲ့ရ။

ကမ္ဘာပျက်ခဲ့ရ။

ကမ္ဘာကျော်ခဲ့တဲ့ စစ်ကိုင်းငလျင်”

“၂၈ မတ်လ၂၀၂၅၊

နေ့ခင်း ၁၂ နာရီ ၅၁ မိနစ်”

သမိုင်းဝင်တဲ့နေ့

ကြေကွဲခြင်း

ငိုကြွေးခြင်း

ဝမ်းနည်းခြင်း

ပူးဆွေးခြင်း

သဘာဝတရားကို

လက်ခံရတယ်။

အနာဂတ်အတွက်

အားတင်းထားပါ။

ဗမာပြည်ကြီးရေ

စိန်လားဟေ့ လောကဓံ

ငလျင်ဒဏ် ငလျင်ဒဏ်

ဘယ်လောက် လှုပ်နိုင်မလဲ။

ဘယ်လောက်ဖျက်ဆီးနိုင်မလဲ။

ဘယ်လောက်

ခါလဲနိုင်မလဲ။

အနိစ္စတဲ့ ဝိပရိဏာမတဲ့

ဧရာဝတီကို သစ္စာပြုမယ်။

စစ်ကိုင်းတဲ့

ဘယ်တော့မှ အရှုံးမပေးဘူးဟေ့။

စစ်ကိုင်းတဲ့

ဘယ်တော့မှ ဒူးမထောက်ဘူးဟေ့။

စစ်ကိုင်းတဲ့

ဘယ်တော့မှ မကျဆုံးဘူးဟေ့။

စစ်ကိုင်းတဲ့

ငါတို့ ရုန်းထမယ်။

မူမပျက်တဲ့

ယုံကြည်ချက်ရှိတဲ့

ဒို့စစ်ကိုင်း ပြုံးပန်းဝေ

အောင်သပြေလှမ်းလို့ကြို

ဇေယျာမြေ

အောင်မြေ အောင်စေ

အောင်ထွန်းပါစေ။


မျိုးသန့်ထွန်း(စစ်ကိုင်း)

၈-၄-၂၀၂၅။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar