အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၄၆ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၄၆ )
မိုးမခ၊ မေ ၂၉ ၊ ၂၀၂၅
28/5/25
Diary in the darkness
မိုးဆက်တိုက်ရွာတယ်။ မီးတနေကုန်လာတယ်။
ဗန်းမော်မှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲ။ တိုက်ပွဲက ၆ လ ကြာခဲ့ပြီ။ မြို့က မကျသေး။
ကရင်ပြည်နယ်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ထိုင်း-မြန်မာနယ်စပ် က စကစ ကင်းစခန်းတွေအတော်များများကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထား။ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ တောလမ်းတွေကို အားပြုပြီး ဖွံ့ဖြိုးလာဖွယ် ရှိတယ်လို့ ကုန်သည်တစ်ယောက်က မှတ်ချက်ပေးတယ်။ အဲဒီကုန်သွယ်ရေးလမ်းကြောင်းက ရတဲ့အခွန်ငွေဟာ တော်လှန်ရေးရန်ပုံငွေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းကြတယ်။
မိတ်ဟောင်းဆွေဟောင်း သူငယ်ချင်းဟောင်းတွေ မကြာခဏ ဆုံဖြစ်ပါတယ်။ လမ်းလျှောက်ရင်း၊ လက်ဖက်ရည်ဆိုင် ထိုင်ရင်း၊ အသုဘ ပို့ရင်းပေါ့။ လမ်းစရိတ်၊ လက်ဖက်ရည်ဖိုး အဆင်ပြေရင် ပြေသလို ချိန်းတွေ့၊ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်းပေါ့။ တော်လှန်ရေးအကြောင်းကတော့ တိုးတိုးတိတ်တိတ် ၊ မျက်ရိပ် မျက်ကဲနဲ့ ပြောကြတာပေါ့။
သူငယ်ချင်းတစ်ယောက်က အမေရိကန်၊ တရုတ်၊ အိန္ဒိယ အပါအဝင် နိုင်ငံအများစုဟာ အမျိုးသားရေးဝါဒကို ရှေ့တန်းတင်လာကြတယ်လို့ ပြောပါတယ်။ အမျိုးသားရေးဝါဒ ဆိုတာ ဘာလဲ။ ဘယ်လို ပေါ်ပေါက်လာသလဲ။ သူ့ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေဟာ ဘာတွေလဲ။ Ai ကို မေးကြည့်ရပါဦးမယ်။
ဝေါဟာရ ဆိုတာကလည်း ကာလ ဒေသနဲ့ အချိန်အခါကို လိုက်ပြီး အဓိပ္ပာယ် ပြောင်းလဲတတ်တဲ့ သဘာဝ ရှိတာကြောင့် သူလည်း အတိအကျကြီး ဘယ်ပြောနိုင်ပါ့မလဲ။ ဒါပေမဲ့ လက်ရှိ အခြေအနေအရ မသိတာမေးဖို့ ဆိုရင် Ai က အကောင်းဆုံး ဖြစ်မယ် ထင်ပါတယ်။
အန်ကယ် တူမီး
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar