မောင်ဘဦး - သန်းခေါင်ယံ ထုနှက်ချက်
မောင်ဘဦး - သန်းခေါင်ယံ ထုနှက်ချက်
မိုးမခ ၊ ဇွန် ၂၅ ၊ ၂၀၂၅
(၁)
အီရန် နျူကလီးယား သုတေသနစခန်း ၃ ခုကို တိုက်ခိုက်ခဲ့တဲ့၊
'အော်ပရေးရှင်း-မစ်ဒ်နိုက်-ဟမ်းမား'အကြောင်း၊
မဟုတ်။
တစ်စင်းတစ်စင်း ၂-ဘီလီယံကျော်တန်တဲ့၊
'ဘီ-တူး စပိရစ်' (ဝါ) 'ဘီ-တူး-စတိသ်'၊
ကိုယ်ပျောက်ရေဒါပျောက် ဗုံးကြဲလေယာဉ်ကြီးတွအကြောင်း၊
မဟုတ်။
စက်သုံးဆီ အခွန်ကောက်နှုန်း
မကျေနပ်လို့ ဆန္ဒပြကြတဲ့၊
ရွှေညာမြေ-ဝက်လက်က
ကားလမ်းပိုင်းအကြောင်းလည်း၊
မဟုတ်။
ခွေးစစ်ကြောင်းကို
နယ်မြေခံအဖွဲ့တွေ သတင်းရလို့
ကင်းပုန်းဝပ် စောင့်ဆိုင်းနေချိန်၊
နယ်မြေအတွင်း ဖြတ်သန်းလိုသည့်အဖွဲ့မှ
နယ်မြေခံအဖွဲ့အစည်းအား သတင်းမပို့ အသိမပေးဘဲ ဖြတ်သန်းနေစဉ်၊
အတိုက်ခိုက်ခံရသည့်
ကုန်ထုတ်လမ်းအကြောင်းလည်း၊
မဟုတ်။
ခွေးစာသင်ကျောင်းက
ကျောင်းသူလေးတွေ ရန်ဖြစ်ကြ ပါးရိုက်ကြ၊
ခွေးဂိတ်က ငပျူတွေ တဖြန်းဖြန်း ပါးတွေကို ရိုက်ချင်တိုင်း၊
ရိုက်နေကြတဲ့ အကြောင်းလည်း၊
မဟုတ်။
(၂)
ယူကရိန်းက ရုရှားလေဆိပ်တွေကို ဒရုန်းနဲ့ ဘယ်လိုပဲ ဖျက်ဆီးဆီး၊
မေဒကန်ကြီးက အီရန်ကို ဘယ်လိုပင် ဗုံးတွေကြဲကြဲ၊
တတိယကမ္ဘာစစ်ပဲ ဖြစ်ဖြစ်၊
ယုတ်စွအဆုံး သူ့တပ်ထဲမှာ မုဒိမ်းမှုတွေ ဘယ်လိုပင် မိုးမွှန်မွှန်၊
စစ်ကောင်စီကတော့ သူ့အာဏာပြုတ်မကျရေးကိုသာ တစိုက်မတ်မတ် လုပ်နေတယ်။
မေဒကန်က ဗုံးပဲ ကြဲကြဲ၊ သူ့စစ်တပ်ထဲ မုဒိမ်းပွဲပဲ ကျင်းပကျင်းပ၊
စစ်ကောင်စီကို ကြည့်ရတာ တယ်ပြီးတော့ အရေးလုပ်ပုံ မရ။
(၃)
၆၂ ခု စစ်အာဏာသိမ်း မှ၊ ၂၀၂၁ခု စစ်အာဏာသိမ်းအထိ၊
တသိမ်းထဲ သိမ်းခဲ့သည့် နှစ်ပရိစ္ဆေဒများ အတွင်း၊
ထိုထိုအရေးအခင်း ထိုထိုကိစ္စတွေက သူတို့ ပြုတ်ကျဖို့၊
အလွန်တရာ ဝေးစွာ-ဝေးစွသော၊ အကြောင်းခြင်းရာများသာ။
ဘယ်သောအခါမှ မကြောက်ကြ။
ပြုတ်ကျမှာကိုသာ ကြောက်ကြသည်။
ပြုတ်မကျဖို့က သာအရေးကြီးသည် လေ။
(၄)
အနှီစစ်ကောင်စီ ပြုတ်ကျဖို့က၊
အနှီစစ်ကောင်စီ ကြောက်သည်က၊
(၁) လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အချင်းချင်းညီညွတ်ကြမှာကို၊
(၂) ပြည်သူလူထုတရပ်လုံး အထူးတလည် ညီညွတ်သွားကြမှာကို။
ဒီ ၂ချက်ကိုသာ စစ်ကောင်စီ အကြောက်ဆုံး။
(၅)
"ဒို့ပြည်သူတွေ ညီရဲ့လားဟေ့၊
(ညီတယ်ဟေ့)၂"
"ဒို့ပြည်သူတွေ ညီရဲ့လားဟေ့၊
(ညီတယ်ဟေ့)၂"
(၆)
ပြည်သူတွေဖက်က ညီညွတ်စွာနဲ့၊
ဒင်းတို့၏ ဒေါက်တိုင်၊ နန်းစီဒင်၊ ခရိုနီခရိုနက်တွေကို၊
ဆိုရှယ်-ပန်းနစ်ရှ်မင့် ခေါ် လူမှုရေးအပြစ်ဒဏ်၊
အားလုံးဝိုင်းဝန်း၍ ပေးကြမှာကို အကြောက်တကာ့ အကြောက်ဆုံး။
(၇)
သန်းကောင်ယံ သံပုံးတီး-ဆန္ဒပြ၊
တန် ၃၀၀၀၀ ဗုံးရဲ့ သန်းခေါင်ယံ ထုနှက်ချက်မျှ မက၊
ညီညွတ်စွာ ပြခဲ့ကြသလို၊
စစ်ကောင်စီ ဒေါက်တိုင်တွေကို၊
အမိမြေပေါ်ကနေ အကြွင်းအကျန်မရှိ သုတ်သင် ရှင်းလင်းဖို့၊
ဆိုရှယ်ပန်းနစ်-တူကြီးနဲ့၊
ထုကြပါစို့။
(၈)
"ဒို့ပြည်သူတွေ ညီရဲ့လားဟေ့၊ (ညီတယ်ဟေ့)၂"
"ဒို့ပြည်သူတွေ ညီရဲ့လားဟေ့၊ (ညီတယ်ဟေ့)၂"
ညီညွတ်နိုင်ကြပါစေ။
မောင်ဘဦး
(၈၇၊ယုန်ကွယ်)
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar