Breaking News

မျိုးသန့်ထွန်း(စစ်ကိုင်း) - ဆရာမောင်သာချို (သို့) တိုင်းပြည်ကို ကောင်းစေချင်သူ

မျိုးသန့်ထွန်း(စစ်ကိုင်း) - ဆရာမောင်သာချို (သို့) တိုင်းပြည်ကို ကောင်းစေချင်သူ

မိုးမခ ၊ ဇူလိုင် ၁၆ ၊ ၂၀၂၅


ဆရာချိုဟာ 

ချိုသာသူ

နှလုံးလှသူ။

မြင့်မြတ်သူ။

အမှန်တရားဘက်မှရပ်တည်သူ။

တိုင်းပြည်ကို

ကောင်းစားစေချင်သူ။

တိုင်းပြည်ကို မြှင့်တင်ပေးသူ။

ကဗျာနဲ့သူကောင်းပြုသူ။

စာပေနဲ့

တိုင်းပြည်ကို မြှင့်တင်ပေးသူ။

လူလောကကြီး သာယာလှပစေချင်သူ။

လူမျိုးအတွက် ပေးဆပ်သွားသူ။

လူ့အကျိုးပြုသူတွေဘက်က အမြဲရပ်တည်သူ။

နောင်ဘဝမှာ အမြဲအပြုံးနေနိုင်သူ။


ဆရာမောင်သာချို

ဘဝဆက်တိုင်းမှာ

ကဗျာ၊စာပေနဲ့

မြန်မာပြည်ကြီးကို 

ဆင်းရဲတွင်းမှ ကယ်တင်ရှင်ဖြစ်ပါစေ။


မျိုးသန့်ထွန်း(စစ်ကိုင်း)

၁၂-၇-၂၀၂၅


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar