Breaking News

လင်းလက်နွေဦး - ကြီးကန်း

Art - KT#
 
ကြီးကန်း
လင်းလက်နွေဦး
(မိုးမခ) ဩဂုတ် ၂၅၊ ၂၀၂၅

စေတန်ရဲ့ တမန်
လာရာလမ်း အမှောင်လွှမ်းပေါ့
မကောင်းဆိုးရွား အူမြူးသံ
မကောင်းမှုရဲ့ ဥဒါန်းကြူးသံ
လင်းတကောင်တွေ တဘုန်းဘုန်း တောင်ပံခတ်နေရဲ့။

ငါတို့
အဖြူရောင်မြေပါကွယ်
သွေးနဲ့ ချွေးနဲ့ ကြဲပတ်ခဲ့တဲ့ အသီးအနှံတွေ
ခိုးယူရိတ်သိမ်းနေရတယ်
ကြွက်တွေ
ကျိုင်းတွေ
ပေါက်ဖတ်စိမ်းတွေ
ပိုးကောင်မစင်တွေနဲ့အတူ
ရိပ်သိမ်းနေရ။

ကြီးတဲ့ထိ ကန်းတဲ့ ကြီးကန်းတွေ
ငရဲလမ်း
ဖြောင့်တန်းနေလေရဲ့။

23.8.2025 11:51 pm 
 -
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar