Breaking News

ဖလော်ဒါဟန် - အပြိုအပျက်ကြားမှ ကြံ့ဖွတ်တို့ ပြန်လည်ဦးမော့လာ

ဖလော်ဒါဟန် - အပြိုအပျက်ကြားမှ ကြံ့ဖွတ်တို့ ပြန်လည်ဦးမော့လာ

မိုးမခ ၊ အောက်တိုဘာ ၇ ၊ ၂၀၂၅


ရွေးကောက်ပွဲလို့ ပြောတော့ ကျွန်မ အခုရက်ပိုင်း ရပ်ရွာရဲ့ သတင်းစကားအနံ့လေးကို အာရုံထားလေ့လာနေခဲ့ပါတယ်။

တနေ့က‌တော့ ကျွန်မ နေတဲ့ ရွာစဉ်လေးကနေ လမ်းမကြီးဘက်အထွက် ကြံ့ဖွတ်ရုံးလား အုပ်ချုပ်ရေးမှူးရုံးလား မသဲကွဲပေမဲ့ ကြံ့ဖွတ် အလံတင်လို့ ဦးမော့နေကြပါပြီ။

အထက်တန်းကျောင်း မရှိပေမဲ့ မူလတန်းကျောင်းအဆင့်သာရှိတဲ့ ရွာတရွာမှာတော့ ပွင့်လင်းမြင်သာစွာနဲ့ မဲပေးနိုင်တဲ့ လူစာရင်းတွေကို ဘုတ်ပြားပေါ်မှာ ကပ်ထားပါပြီ။

ကျွန်မကလည်း အဲဒီဒေသကိုရောက်တာ အချိန်တိုကာလပဲ ရှိတော့ ရပ်ရွာရဲ့အခြေအနေကို မသိရိုး အမှန်ပါ။

ဒါနဲ့ အိမ်ပြန်ရောက်တော့ ရွာခံတွေကို စပ်စုကြည့်တယ်။

သူတို့က တက်ကြွတဲ့သူတွေနော်လို့ အရင်မဲပေးတုန်ကရောဆိုတော့ ကြံ့ဖွတ်အုပ်စုတွေ များမယ်ဆိုတဲ့ သဘောလား၊ ဒါမှမဟုတ် အခွင့်အရေးရတုန်းလေး လူတွင်ကျယ်တွေ ဆိုသည်မျိုးပေါ့။

အဲဒီရွာရဲ့ မူလတန်းကျောင်းလေးကို ကျောင်းတက်ချိန်ဆို ကြံ့ဖွတ်အုပ်စု စောင့်ရှောက်ပေးနေတယ်ဆိုတာမျိုးလည်း သိရပါတယ်။

တစိတ်တဒေသ ရပ်ရွာလူထုရဲ့ အသိပညာ အားနည်းချက်နဲ့ လုပ်စားကိုင်စားဘဝမှာပဲ အမြင်မကျယ် ဗဟုသုတမရှိကြတော့ အခုလိုမျိုး နေထိုင်နေကြတဲ့ ပြည်သူတွေလည်းရှိနေတဲ့ အနေအထားပါ။

ကျွန်မ နေတဲ့ နေရာလေးကတော့ ဘာသံမှ မကြားမိသလို အခုလိုမျိုး အုပ်ချုပ်ရေးမှူရုံး ဆိုသည်မှာ မဲပေးလူဦးရေစာရင်းတွေ ကပ်ထားပြီလား မသိရသေးပါ။

ဒေသခံ လူငယ်တွေ ထွက်ပြေးတိမ်းရှောင်မှု ရှိခဲ့သလို NLD ရွေးကောက်ခံ လူငယ်လေးကလည်း တလရ ကနဦးအစ မြို့ပေါ်မှာ မစ်ရှင်းတခုအတွက်နဲ့ အသက်ပေးခဲ့ရသူပါ အလောင်းတောင် ပြန်မရတဲ့ အနေအထားပါပဲ။

အမြဲတမ်း ပြည်သူအကြိုက် ပြည်သူကို ဦးတည်ခဲ့တဲ့ လူငယ်တွ ပြည်သူနဲ့ တသားတည်း ရပ်တည်ပြီး‌ ရပ်ရွာဒေသဖွံ့ဖြိုးရေးကို ဦးဆောင်သူတွေကို ထောင်သွင်းအကျဉ်းချခြင်းအပြင် အကြောင်းမလှရင် အသက်ပါပေးခဲ့ရတာ‌တွေလည်း ရှိ‌နေခဲ့ပါတယ်။

အခု‌တော့ ရပ်ရွာမှာ ပြည်သူတွေအတွက် အကြောက်တရား ဆိုတာကို ကာကွယ်ပေးမည့်သူ မရှိတဲ့ အနေအထားပါ။

ကျိုးပဲ့ပျက်စီး‌နေတဲ့ အုပ်ချုပ်ရေးမှူးရုံးကို အခုလို အသစ်တဖန် ပြည်လည်ပြုပြင်တည်ဆောက်ပြီး ပြည်သူတွေရဲ့ဘဝကို ဖျက်ဆီးပစ်မယ့် အဏာရှင်စနစ်က အခု‌တော့ နေရာကွက်ကွက်လေးအတွက်ပဲ ဖြစ်ပါလိမ့်မယ်။

တချိန်က ဒီနေရာဝန်းကျင်တွေမှာ လူငယ်တွေ အများကြီး ဖမ်းဆီခဲ့ကြသလို အသက်တွေလည်းပေးခဲ့ကြရတယ်။

ခုနှစ်တခုက မြို့ပျက်ကြီးလို အဆောက်အအုံများစွာကိုလည်း ဖျက်ဆီးပစ်ခဲ့သလို လူ့ဘဝတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်။

ဒီလို ရက်ရက်စက်စက်နဲ့ လူထုကို အကြောက်တရားနဲ့ အသက်ရှင်ဖို့ ဘေးပတ်ဝန်းကျင် ရပ်ရွာတွေကို ခြောက်လှန့်မှုမျိုးစုံနဲ့ တိတ်ဆို တိတ် ဘဝက ဘယ်လိုအခြေအနေနဲ့ ခေါင်းထောင်ဝံ့ကြမလဲ။

အာဏာရှင်ဟာ အခုလို ရုံးပျက်စီးမှုတွေက ကြံ့ဖွတ်ပါတီအတွက် ကာကွယ်ပေးမှုတွေ ပေးနေသလို ပြည်သူ့ရဲ့ဘဏ္ဍာ‌ငွေနဲ့ ရွေးကောက်ပွဲ ဆိုသည်အတွက် ပြင်ဆင်နေကြသည်မှာ ပြည်သူအတွက် စိန်ခေါ်မှုတွေ ရှိ‌နေတာ‌တော့ အမှန်ပါ။

တချိန်က မင်းမူခွင့်မရသူ လူတချို့အတွက် အခွင့်အရေးဆိုတဲ့ လက်ကိုင်တုတ်ဖြင့် ပြည်သူတွေ ဘဝကို ဝှေ့ယမ်းပစ်တော့မယ် ဆိုတာကို ထောက်ပြရင်း။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar