Breaking News

ရန်လင်းအောင် - ဒီနေ့အကောင်းဆုံး

Art- Aung Htet
ဒီနေ့အကောင်းဆုံး
ရန်လင်းအောင်
(မိုးမခ)  ေအာက်တိုဘာ  ၅၊ ၂၀၂၅

အကောင်းဆုံး စာအုပ်များဖြင့်
အကောင်းဆုံး အစားအစာများဖြင့်
အကောင်းဆုံး လမ်းများဖြင့်
အကောင်းဆုံး ဘုရားတရားများဖြင့်
အကောင်းဆုံး ဖျော်ဆရာများဖြင့်
အကောင်းဆုံး ဗျူဟာစနစ်များဖြင့်
အကောင်းဆုံး နည်းပညာများဖြင့်
အကောင်းဆုံး ကပ်ရောဂါများဖြင့်
အကောင်းဆုံး ဆေးဝါးများဖြင့်
အကောင်းဆုံး ဆေးသားများဖြင့်
အကောင်းဆုံး အမှားများ အမှန်များဖြင့်
အကောင်းဆုံး မှားလည်းမမှား
မှန်လည်းမမှန်များဖြင့်
အကောင်းဆုံး ဆင်ခြေဆင်လက်များဖြင့်
အကောင်းဆုံး လက်နက်ကြီးငယ်များဖြင့်
အကောင်းဆုံး စစ်ပွဲများဖြင့်
ဟောဒီမှာ အကောင်းဆုံးငါ့ကဗျာ
သင်ပြန်ရချင်တိုင်း ပြန်မရနိုင်ပါသဖြင့်
ဒီနေ့ကို ဒီနေ့လို
အကောင်းအတိုင်းပြန်ရလိုရငြား
အကောင်းဆုံးထား၍ဖတ်ရှုပါရန်
ဒီနေ့အကောင်းဆုံးထားဖတ်ရှုပါရန် -
ဒီနေ့အကောင်းဆုံး ငါ့ကဗျာကို
ဝေမျှလိုက်ပါတယ် ။
-
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar