ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဖွတ်သုံးကောင် စောက်ခွက်ပြောင်ခန်း
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဖွတ်သုံးကောင် စောက်ခွက်ပြောင်ခန်း
မိုးမခ ၊ အောက်တိုဘာ ၁၀ ၊ ၂၀၂၅
"သူ့ဘဝအကြောင်း ရုပ်ရှင်ရိုက်၍ရဟု ဦးခင်ရီ ပြော" ဒီကပ်ရှင်ကြီး မြင်ရင် ရယ်ချင်စိတ် ဘရိတ်အုပ်မရမှန်းတော့ သိပါတယ်။ ဒီကောင်တွေ ဘယ်လောက် ပလပ်ကျွတ်တယ် ဆိုတာရယ်၊ ကုရာနတ္ထိ ဆေးမရှိဆိုတာရယ်ကို ပြောချင်လို့ပါ။ တဖွဲ့လုံး ခွီရတဲ့ ကောင်တွေလေ။ အမယ် ကိုယ်တွေကသာ ခွီနေတာ၊ ဉာဏ်ရည်တူချင်းကျ စောက်ပုက ဂျေဝင်နေတယ်ဆိုကဘဲ။ ရုပ်ရှင်ရိုက်ချင်းရိုက် ပုဘဝ ပုဓနဘဲ ရိုက်ရမယ်ပေါ့လေ။
“တပ်မတော်ကိုလည်း စော်ကားမော်ကား ပြောတာပဲ။ စစ်သားတယောက်ရဲ့ ဘ၀ကိုလည်း သူတို့ မသိဘူး။ ခိုးတယ်သာ သိတာ၊ ဘယ်လောက်ခိုးတယ်ဆိုတာ ဘယ်သူမှလဲ မသိဘူး။ မကောင်းတဲ့သူလည်း ရှိမယ်၊ ဆိုးတဲ့သူလည်း ရှိမယ်။ ဘယ်လောက် မကောင်းလဲ၊ ဘယ်လောက် ယုတ်ကန်းလဲ၊ ဘယ်ထိ ဆိုးလဲ၊ ဘယ်သူမှ စိတ်ကူးနဲ့တောင် သေသေချာချာ မမြင်နိုင်တဲ့ အဆင့်တွေလေ။ ကျနော်တို့လို လူယုတ်လည်း ရှိခဲ့တာပဲ။ ဒါပေမဲ့ ကိုယ့်လောက်ယုတ်သူ ကိုယ့်ထက်မယုတ်နိုင်ဘူးဆိုတာပေါ့။ ကျနော်မှာ သေနတ်အမျိုးမျိုးနဲ့ လုယက်လာတဲ့ ညစ်ပတ်ထားတဲ့ ရတနာအမျိုးအစား ၁၇ မျိုးရှိတယ်။ ကျနော့်ဗိုက်ထဲကဟာမှန်သမျှ နိုင်ငံတော်ဘဏ္ဍာချည်းဘဲလေ။ အလကားနေရင်းနဲ့ တပ်မတော် ဆန့်ကျင်ရေး အမုန်းတရားတွေနဲ့ ကျနော်တို့နိုင်ငံ ချာလပတ်ရမ်းနေတယ်။ အေးအေးဆေးဆေး ကျနော်တို့ လိုချင်သလောက်ပေးပေါ့။ ဘယ်လောက်ခိုးခိုး ခိုးပစေပေါ့။ သားသမီး မြေး မြစ် ဆွေမျိုးအားလုံး ဘီဂိတ်နဲ့ အီလွန်မတ်ထက် ချမ်းသာတော့ရော ဘာဖြစ်လဲ။ ကိုယ့်နိုင်ငံသားတွေ ချမ်းသာတာဘဲ။ အဲလောက် သဘောထားသေးသိမ်ရလား။ ဒီမနာလိုမှုကြီးကနေ လွတ်မြောက်ပြီးတော့ ကျနော်တို့ အနာဂတ်သစ်တခု ဘ၀သစ်တခု ဖန်တီးဖို့ အချိန်က ရောက်နေပြီ။ ကျနော်တို့ ဘဝသစ် ရချင်ပြီ။ ကျနော်တို့ကို ဘယ်ပြစ်မှုနဲ့ဖြစ်ဖြစ် ကြိုးစင်တင်လို့ရပြီ။ မြန်မြန် ဒေါက်ဖြုတ်ပါ၊ ဘဝသစ်တခု စချင်တယ်။ ပြိတ္တာဖြစ်ဖြစ် မှင်စာဖြစ်ဖြစ်၊ အိမ်သာထဲကလောက်ဖြစ်ဖြစ် ဖြစ်ချင်တာ ဖြစ်ပစေ။ ဘဝသစ်တခု ဖန်တီးချိန်ရောက်ပြီ။ အဲဒီအတွက် အလှည့်အပြောင်းက ခွေးဖျောက်ပွဲပဲ" လို့ ဓာတ်မင်းသားခင်ရီက အားရပါးရပြောတယ်။
“တပ်မတော်သားတွေရဲ့ မီးရှို့မှုနဲ့ တည်ဆောက်ခဲ့တဲ့ ပူလောင်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ကြပါစေ ခင်ဗျာ..” လို့လည်း သူ့ဖွဘုတ်မှာ ရေးထားသေးတယ်။
“ကျနော့်ဗိုက်ကြီးက ပူချင်တိုင်းပူနေတာ မဟုတ်ဘူး။ ကျနော့်ဗိုက်ထဲမှာ ကျည်ဆန် ၂ တောင့် ရှိတယ်။ အခု ခွဲလို့မရဘူး။ ကျနော် သေသွားရင် ခိုးထားတဲ့ရတနာတွေ ထားတဲ့နေရာကို မြေပုံရေးပြီး ကျည်ဆံထဲ ထည့်ထားတာ၊ ကျနော် သေမှ ဗိုက်ခွဲကြည့်ဖို့ ပါတီနဲ့ သားသမီးတွေကို ပြောထားတယ်။ ဖွတ်လို့ ရေးထားတဲ့ အတောင့်က ပါတီအတွက်။ ဖွတ်စာပေါ့။ တတောင့်က သားသမီးမြေးမြစ်တွေအတွက်။ ဒါမျိုး ရုပ်ရှင်မရိုက်လို့ ဘာမျိုးရိုက်မလဲ” လို့ ခင်ရီက ဆက်အူပါတယ်။
ခင်ရီက အဲလိုတွေ ကြွယ်နေချိန် ဘူးလက်က အရူးကွက်ခင်းနေတဲ့ မအလအကြောင်းကို တဖက်လှည့်နဲ့ ဖွင့်ချတယ်။
"မဲစာရင်းတွေ ကပ်ထားတာ သွားကြည့်တယ်။ တော်တော်များများ လွဲနေတယ်။ ဘယ်လိုလွဲတာလဲဆိုတော့ ၂၀၂၀ တုန်းက မဲစာရင်းအဟောင်းကြီးလို့ ယူဆရတယ်။ အခု အသစ်ပြန်ကောက်တဲ့ ဒီရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ ပြန်ကောက်တဲ့စာရင်းတွေမဟုတ်ဘူး။ ကွာတာက တော်တော်ကွာတယ်။ ၅၀၀ မှာ ၃၀၀ လောက်ကွာတယ်။ ဒါက သိပ်မကောင်းဘူး။ UEC အနေနဲ့ ပြန်လုပ်ရမယ့် ပုံစံ ၃ နဲ့ ပြန်လျှောက်ပြီးတော့ တော်တော်ကိုလုပ်ရမယ်။ ဒါ (အောက်တိုဘာ) ၁၂ ရက်နေ့ဆိုတော့ ဒီနေ့က ၅ ရက်ဆိုတော့ ၁ ပတ်ပဲ ကျန်တော့တယ်။ ဒီ ၁ ပတ်အတွင်းမှာ တော်တော်လုပ်ယူရမယ်။ ဥပမာ မင်္ဂလာဒီပလို ရပ်ကွက်မျိုးမှာဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတောင် မပါဘူးဗျာ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့မိသားစုက မဲစာရင်းမပါဘူး။ ကျန်တဲ့လူတွေ ပြောမနေနဲ့ အဲဒီလိုတွေ ဖြစ်နေတယ်။ သေသွားတဲ့သူတွေ ပြန်ပါနေတာရှိတယ်။ သေသွားတဲ့သူတွေ၊ နောက်တစ်ခါ အပြီးပြောင်းသွားတဲ့သူတွေ ပြန်ပါနေတယ်။ ဒါက တော်တော်များနေတယ်" လို့ ဘူးလက်က အရူးကွက်ကို ဖော်ထုတ်တယ်။ ဘယ်လို အရူးကွက်လဲဆိုတော့ မအလက မဲစာရင်းမှားတယ်ဆိုပြီး အာဏာသိမ်းခဲ့တဲ့ကောင်လေ။ အဲဒါ ရွေးကောက်ပွဲလုပ်မပေးဘဲ ခြောက်လ တခါ သက်တမ်းတိုးပြီး ဝန်ကြီးချုပ်လုပ်လိုက်၊ ယာယီသမတ လုပ်လိုက်နဲ့ ထင်ရာစိုင်းနေတာ ခုဆို ၅ နှစ်ထဲတောင် ရောက်လာပလေ။ ရွေးကောက်ပွဲလုပ်ပြီးရင် အရပ်သားကို အာဏာလွှဲရမယ်၊ သူ သမတ လုပ်ချင်ရင်လဲ စစ်ဦးစီးချုပ်ရာထူး စွန့်လွှတ်ရမယ်။ စွန့်တာနဲ့သေမှာဆိုတာ သိတော့ မစွန့်ရမယ့်နည်းက အာဏာပြန်သိမ်းတာဘဲ လုပ်ရမယ်လေ။ သိမ်းဖို့အကြောင်းကလဲ မဲစာရင်းမှားရမှာ မဟုတ်လား။ အဲတော့ UECက မအလအလိုကျ မဲစာရင်းအမှားတွေ ထုတ်ပြန်လာတယ်။ အဲတော့ မအလက အာဏာပြန်သိမ်း၊ အဲဒီခွင်ဆင်ထားတာကို ဘူးလက်က ခင်ရီ ပေါက်ကရပြောနေတာတွေနဲ့ ရောပြီး ဖော်ထုတ်လာတာ။ မဟုတ်ရင် နှုတ်သီးရောင်မှာကိုး။ အခုမှ ဘောင်းဘီချွတ်ပြီး ဝင်လာတဲ့ကောင်တွေကိုလဲ မင်းတို့ပါတီထဲ ဖင်လာယားမနေနဲ့၊ ဟိုကောင်က မင်းတို့ကို တမင်ရှင်းထုတ်ပစ်တာ၊ အာဏာလဲပေးမှာမဟုတ်ဖူးလို့ အင်ဒါရိုက် ချေတာပလေ။ သူ နေရာဖယ်ပေးရတာ တက်လမ်းပျောက်တာ ဘယ်ကျေနပ်မလဲ။ တချက်ခုတ် သုံးချက်ပြတ် လုပ်တာ။ ဘူးလက်က မဆိုးရှာပါဘူးဆိုပြီး နာမည်လဲ ရလိုရငြားပေါ့။
အာဏာရော နေရာရော မရနိုင်အတူတူ ခင်ရီနဲ့သူ အတိုင်အဖောက်ညီညီကစ်ကြတာ။ ဒါထဲက မင်းကင်းမောင်မြင့်ကလဲ မင်းကင်းမှာ ကြောက်ရလို့ နေပူတော်ကဘဲ ရွေးကောက်ပွဲဝင်တော့မယ်ဆိုပြီး မအလကို ပုဆိုးလှန်ပြတယ်လေ။
ဒီရက်ပိုင်း မအလတော့ ဒီသုံးကောင်နဲ့ကို တော်တော်အီနေပြီ။ ဟိုကောင်တွေကလဲ စစ်ဗိုလ် ဆိုတာ အာဏာလွှဲရိုးထုံးစံမရှိတာ သိပြီးသားလေ။ ၉၀ ရွေးကောက်ပွဲတုန်းကလဲ ရွေးကောက်ပွဲပြီးရင် နိုင်တဲ့ပါတီ အာဏာအပ်၊ စစ်တန်းလျား ပြန်မယ် ပြောပြီး မလွှဲဘဲ ဆက်အုပ်ချုပ်တာ ၂၀၁၀ ထိဘဲလေ။ ၂၀၁၀ မှာ လက်ညှောင်းလို့ဆိုပြီး ဗိုလ်ပြုတ်တွေလက်ထဲ ခဏထည့်ပေးတာ၊ ဒါတောင် မကြိုက်တဲ့စစ်ဗိုလ်တွေက အများကြီး။ ဗိုလ်ပြုတ်တွေကလဲ NLD မပါတဲ့ ရွေးကောက်ပွဲဆို သူတို့နိုင်မှာသိတော့ ဝင်ချင်တာ။ သူတို့လဲ ဒါမှ အုပ်ချုပ်ရေးအာသာပြေမှာကိုး။ စစ်ဗိုလ်တွေကလဲ ဒီကောင်တွေ အုပ်ဖို့သက်သက်လုပ်မပေးနိုင်တော့။ ကိုယ်အုပ် ကိုယ်ခိုးချင်လို့မှ အာဏာထပ်သိမ်းထားတာလေ။ တဖြည်းဖြည်း သူပုန်တွေကို ပြန်တိုက်ပြီး တဖွဲ့ချင်း အမြစ်ဖြုတ် ရာသက်ပန်စစ်အုပ်ချုပ်ရေးသွားဖို့ ပလန်ဆွဲပြီးသား။ ဒါ့ကြောင့် အရွယ်မရွေး စစ်မှုထမ်းခေါ်နေတာ။ တဖြည်းဖြည်းနဲ့ တတိုင်းပြည်လုံး စစ်သားဖြစ် စစ်အုပ်ချုပ်တဲ့နိုင်ငံဖြစ်အောင် ကြံတော့တာကလား။
အဲဒါကို ဒီဖွတ်သုံးကောင်က ဟောင်ဖွာဟောင်ဖွာ ထလုပ်တော့ "ဖွတ်တွေ ခွေးအကြောင်း သိစေ့မယ်" ဆိုပြီး မအလက ကြုံးဝါး၊ အဲ အူပြီပေါ့လေ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar