Breaking News

ခန့်ဝါငြိမ်း - ငါးနှစ်ရာသီ

ခန့်ဝါငြိမ်း - ငါးနှစ်ရာသီ

မိုးမခ ၊ နိုဝင်ဘာ ၁၇ ၊ ၂၀၂၅


ငါတို့အားလုံး

အရူးကို လင်လုပ်နေရတဲ့ ကာလပဲ။


တချို့က

ရွှေကိုင်တယ်

မြေကိုင်တယ်။


ငါတို့ကတော့

မျှော်လင့်ချက် အပြတ်ကိုင်တယ်

အိပ်မက်အသိုး ကိုင်တယ်။


ငါတို့ရတာက

လစာမဟုတ်ဘူး

ရက်စာ

ဘယ်လိုချွေတာသုံးသုံး

ရက်ပိုင်းနဲ့ကုန်မြဲ။


၁၅ ရက်ကျော်ရင်

ဈေးထဲမှာ

ဈေးဝယ်တွေ ကျဲသွားပြီ

ဈေးသည်တွရဲ့ ညည်းသံတွေသာ

စည်လို့။      ။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar